တာခ်ီလိတ္ၿမိဳ႕ရွိ မယ္ဟုတ္ေခ်ာင္းတြင္ ေပ်ာက္ေနသည့္ ၉ ႏွစ္အရြယ္ မိန္းကေလးႏွင့္ ရဲတပ္ၾကပ္တစ္ဦးအား ရွာေဖြေန

တာခ်ီလိတ္ၿမိဳ႕ရွိ မယ္ဟုတ္ေခ်ာင္းတြင္ ေပ်ာက္ေနသည့္ ၉ ႏွစ္အရြယ္ မိန္းကေလးႏွင့္ ရဲတပ္ၾကပ္တစ္ဦးအား ရွာေဖြေန
ဒီဇင်ဘာ 27, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ ဖန္မင္ေက်းရြာအုပ္စုရွိ မယ္ဟုတ္ေခ်ာင္းတြင္ ဒီဇင္ဘာလ(၂၆)ရက္ေန႔က ကေလးတစ္ဦးႏွင့္ ရဲတပ္ၾကပ္တစ္ဦး ေရထဲက်သြားသည္ဟု ယူဆရသျဖင့္ ရဲတပ္ဖြဲ႕၊ ကယ္ဆယ္ေရးအဖြဲ႔ႏွင့္ လူမႈေရးအသင္းအဖြဲ႔တို႔က ရွာေဖြေနရာ ဒီဇင္ဘာလ(၂၇)ရက္ေန႔ ညေန(၃)နာရီေက်ာ္အထိ အတည္မျပဳႏုိင္ေသးေၾကာင္း သိရသည္။

“မယ္ဟုတ္ေခ်ာင္းေဘးမွာ ဆုိင္ကယ္တစ္စီးရပ္ထားတာ အေတာ္ၾကာၿပီး လူလည္းမေတြ႔လို႔ ေဒသခံတစ္ဦးက အေၾကာင္းၾကားလာပါတယ္။ ဆုိင္ကယ္၊ ဖိနပ္နဲ႔ က်န္ခဲ့တဲ့ ပိုက္ဆံအိတ္ေတြက သူ႔တပ္ဖြဲ႔က ရဲတပ္ၾကပ္ဆိုတာကို မယ္ယန္း နကသ(နယ္စပ္ကုန္သြယ္ေရးစခန္း)တာဝန္ခံ ဒုရဲမွဴးက အတည္ျပဳေပးပါတယ္။ သူတို႔ ေရနစ္သြားတာလို႔ေတာ့ အခုထိေတာ့ အတည္ျပဳလို႔ မရေသးဘူးေပါ့။ ရွာေဖြေနတုန္းပါပဲ”ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး ၾကည္စိုးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

မယ္ဟုတ္ေခ်ာင္းတြင္ ေရနစ္သည္ဟု ယူဆရသည့္ အသက္ (၉)ႏွစ္အရြယ္ မိန္းကေလးႏွင့္ ရဲတပ္ၾကပ္ သန္းထြန္းဦးတို႔အား ရွာေဖြႏုိင္ရန္ တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးသန္းႏု ႏွင့္ ၿမိဳ႕မရဲစခန္းမွဴးတို႔ ဦးေဆာင္သည့္ တပ္ဖြဲ႔၀င္မ်ား၊ တာခ်ီလိတ္ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႔ ႏွင့္ အရန္တပ္ဖြဲ႔၀င္မ်ား၊ ကယ္ဆယ္ေရး အဖြဲ႕မ်ား၊ လူမႈကူညီေရးအဖြဲ႕ျဖစ္သည့္ တာခ်ီလိတ္နာေရးကူညီမႈအသင္းတို႔က ရွာေဖြေပးေနေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ ေရကူးကြ်မ္းက်င္အဖြဲ႔နဲ႔ သီးျခားထြက္သြားၿပီး ေရထဲကို ေသခ်ာေလ့လာၿပီး အခ်ိန္(၁)နာရီနီးပါး ရွာေဖြမႈလုပ္ခဲ့ပါတယ္။ လံုး၀ရွာလို႔မေတြ႔ေသးပါဘူး။ ေခ်ာင္းေရက ေရစီးျပင္းသလို ေအးလည္း အရမ္းေအးေနတယ္"ဟု တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုးက ေျပာသည္။

လက္ရိွတြင္ ေပ်ာက္ဆံုးေနသူမ်ားအား ရွာေဖြမႈမ်ား ဆက္လက္လုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်ချောင်းတွင် ဒီဇင်ဘာလ(၂၆)ရက်နေ့က ကလေးတစ်ဦးနှင့် ရဲတပ်ကြပ်တစ်ဦး ရေထဲကျသွားသည်ဟု ယူဆရသဖြင့် ရဲတပ်ဖွဲ့၊ ကယ်ဆယ်ရေးအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့တို့က ရှာဖွေနေရာ ဒီဇင်ဘာလ(၂၇)ရက်နေ့ ညနေ(၃)နာရီကျော်အထိ အတည်မပြုနိုင်သေးကြောင်း သိရသည်။

“မယ်ဟုတ်ချောင်းဘေးမှာ ဆိုင်ကယ်တစ်စီးရပ်ထားတာ အတော်ကြာပြီး လူလည်းမတွေ့လို့ ဒေသခံတစ်ဦးက အကြောင်းကြားလာပါတယ်။ ဆိုင်ကယ်၊ ဖိနပ်နဲ့ ကျန်ခဲ့တဲ့ ပိုက်ဆံအိတ်တွေက သူ့တပ်ဖွဲ့က ရဲတပ်ကြပ်ဆိုတာကို မယ်ယန်း နကသ(နယ်စပ်ကုန်သွယ်ရေးစခန်း)တာဝန်ခံ ဒုရဲမှူးက အတည်ပြုပေးပါတယ်။ သူတို့ ရေနစ်သွားတာလို့တော့ အခုထိတော့ အတည်ပြုလို့ မရသေးဘူးပေါ့။ ရှာဖွေနေတုန်းပါပဲ”ဟု တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကြည်စိုးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

မယ်ဟုတ်ချောင်းတွင် ရေနစ်သည်ဟု ယူဆရသည့် အသက် (၉)နှစ်အရွယ် မိန်းကလေးနှင့် ရဲတပ်ကြပ် သန်းထွန်းဦးတို့အား ရှာဖွေနိုင်ရန် တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု နှင့် မြို့မရဲစခန်းမှူးတို့ ဦးဆောင်သည့် တပ်ဖွဲ့ဝင်များ၊ တာချီလိတ်မြို့နယ်မီးသတ်တပ်ဖွဲ့ နှင့် အရန်တပ်ဖွဲ့ဝင်များ၊ ကယ်ဆယ်ရေး အဖွဲ့များ၊ လူမှုကူညီရေးအဖွဲ့ဖြစ်သည့် တာချီလိတ်နာရေးကူညီမှုအသင်းတို့က ရှာဖွေပေးနေကြောင်း သိရသည်။

"ကျွန်တော်တို့ ရေကူးကျွမ်းကျင်အဖွဲ့နဲ့ သီးခြားထွက်သွားပြီး ရေထဲကို သေချာလေ့လာပြီး အချိန်(၁)နာရီနီးပါး ရှာဖွေမှုလုပ်ခဲ့ပါတယ်။ လုံးဝရှာလို့မတွေ့သေးပါဘူး။ ချောင်းရေက ရေစီးပြင်းသလို အေးလည်း အရမ်းအေးနေတယ်"ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက ပြောသည်။

လက်ရှိတွင် ပျောက်ဆုံးနေသူများအား ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~