ဘိန္းစိမ္းသယ္လာသည့္လူငယ္တစ္ဦးအား က်ိဳင္းတံု ဝမ္တာပံု ပူးေပါင္းစစ္ေဆးေရးစခန္းေရွ႕တြင္ ဖမ္းမိ

ဘိန္းစိမ္းသယ္လာသည့္လူငယ္တစ္ဦးအား က်ိဳင္းတံု ဝမ္တာပံု ပူးေပါင္းစစ္ေဆးေရးစခန္းေရွ႕တြင္ ဖမ္းမိ
ဒီဇင်ဘာ 29, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕၊ ဝမ္တာပုံ ပူးေပါင္းစစ္ေဆးေရးစခန္းေရွ႕ ၊ မိုင္းခတ္ - က်ိဳင္းတုံ ကားလမ္းတြင္ ဒီဇင္ဘာလ (၂၈)ရက္ေန႔က ဘိန္းစိမ္းသယ္လာသည့္ အသက္ (၂၀)အရြယ္ လူငယ္တစ္ဦးအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၈)က်ိဳင္းတုံမွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ဒီဇင္ဘာလ (၂၈) ရက္ေန႔ ေန႔လယ္ (၁၂)နာရီေက်ာ္၀န္းက်င္က ဆိုင္ကယ္ေမာင္းနွင္လာသည့္ လူငယ္တစ္ဦးအား စစ္ေဆးရာ ၎၏ေက်ာပိုးအိတ္အတြင္းမွ ဘိန္းစိမ္း (၆)ကီလိုေက်ာ္ကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ဘိန္းစိမ္းမ်ားသယ္ေဆာင္လာသည့္ ေလာ္ဆန္းအား မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ဝမ်တာပုံ ပူးပေါင်းစစ်ဆေးရေးစခန်းရှေ့၊ မိုင်းခတ် - ကျိုင်းတုံ ကားလမ်းတွင် ဒီဇင်ဘာလ (၂၈)ရက်နေ့က ဘိန်းစိမ်းသယ်လာသည့် အသက် (၂၀)အရွယ် လူငယ်တစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ (၂၈) ရက်နေ့ နေ့လယ် (၁၂)နာရီကျော်ဝန်းကျင်က ဆိုင်ကယ်မောင်းနှင်လာသည့် လူငယ်တစ်ဦးအား စစ်ဆေးရာ၎င်း၏ကျောပိုးအိတ်အတွင်းမှ ဘိန်းစိမ်း (၆)ကီလိုကျော်ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ဘိန်းစိမ်းများသယ်ဆောင်လာသည့် လော်ဆန်းအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~