ေက်ာက္မဲတြင္ ေပ ၂၀၀ အနက္ေခ်ာက္အတြင္း ယာဥ္တိမ္းေမွာက္ၿပီး ပိတ္မိေနသူအား မီးသတ္တပ္ဖြဲ႕ ကယ္ဆယ္ေရးလုပ္ေဆာင္ေန

ေက်ာက္မဲတြင္ ေပ ၂၀၀ အနက္ေခ်ာက္အတြင္း ယာဥ္တိမ္းေမွာက္ၿပီး ပိတ္မိေနသူအား မီးသတ္တပ္ဖြဲ႕ ကယ္ဆယ္ေရးလုပ္ေဆာင္ေန
ဒီဇင်ဘာ 30, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္၊ ေျမနီေတာင္အနီး မႏၱေလး -  လားရိႈးလမ္းမႀကီး ဂုုတ္တြင္း မုိင္တုိင္ (၈၅/၃-၄) ၾကားတြင္ ဒီဇင္ဘာလ (၃၀)ရက္ေန႔က ေပ (၂၀၀)ခန္႔နက္သည့္ေခ်ာက္အတြင္း ယာဥ္တိမ္းေမွာက္ၿပီး ကားအတြင္းပိတ္မိေနသူအား ေက်ာက္မဲခရိုင္မီးသတ္တပ္ဖြဲ႕က ကယ္ဆယ္ေရး လုပ္ေဆာင္ေနေၾကာင္း သိရသည္။

မႏၱေလး -  လားရိႈးလမ္းမႀကီး ဂုုတ္တြင္း မုိင္တုိင္ (၈၅/၃-၄) ၾကားတြင္ ေက်ာက္မဲဘက္မွ ေနာင္ခ်ိဳဘက္သို႔ ေဇာ္ဝင္းရွိန္ ေမာင္းနွင္လာသည့္ (၂၂)ဘီးယာဥ္သည္ လမ္းေဘး ေပ (၂၀၀)ခန္႔အနက္အတြင္း ထုိးက် တိမ္းေမွာက္သြားၿပီး ယာဥ္ေမာင္းမွာ ပိတ္မိေနေၾကာင္း နံနက္ (၅)နာရီခန္႔က ေက်ာက္မဲခရိုင္မီးသတ္ တပ္ဖြဲ႕သို႔ ဖုန္းဆက္ အေၾကာင္းၾကားသျဖင့္ ခရိုင္မီးသတ္တပ္ဖြဲ႕စခန္းမွ ဦးစီးအရာရိွ ေဇာ္မင္းဦး ဦးေဆာင္ေသာ ကယ္ဆယ္ေရးအဖြဲ႔ဝင္ (၈)ဦးတို႔က ကယ္ဆယ္ေရး သြားေရာက္ လုပ္ေဆာင္ေပးျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါယာဥ္မွ ယာဥ္ေနာက္လုိက္မွာ ဒဏ္ရာရရိွျခင္းမရိွဘဲ ယာဥ္အတြင္း ပိတ္မိေနသည့္ ယာဥ္ေမာင္းအား နံနက္ (၇)နာရီခြဲခန္႔တြင္ ဆြဲထုတ္ႏုိင္ခဲ့ေသာ္လည္း ယာဥ္ေမာင္းမွာ ေသဆံုးေနၿပီ ျဖစ္ေၾကာင္း သိရသည္။

ေသဆံုးသူယာဥ္ေမာင္းအား မီးသတ္တပ္ဖြဲ႕က ေနာင္ပိန္ေက်းရြာ တုိက္နယ္ေဆးရံုသို႔ ပို႔ေဆာင္ေပးထားၿပီး အခင္းျဖစ္ေနရာအား စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု - ေက်ာက္မဲ မီးသတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်၊ မြေနီတောင်အနီး မန္တလေး - လားရှိုးလမ်းမကြီး ဂုတ်တွင်း မိုင်တိုင် (၈၅/၃-၄) ကြားတွင် ဒီဇင်ဘာလ (၃၀)ရက်နေ့က ပေ (၂၀၀)ခန့်နက်သည့်ချောက်အတွင်း ယာဉ်တိမ်းမှောက်ပြီး ကားအတွင်းပိတ်မိနေသူအား ကျောက်မဲခရိုင်မီးသတ်တပ်ဖွဲ့က ကယ်ဆယ်ရေး လုပ်ဆောင်နေကြောင်း သိရသည်။

မန္တလေး - လားရှိုးလမ်းမကြီး ဂုတ်တွင်း မိုင်တိုင် (၈၅/၃-၄) ကြားတွင် ကျောက်မဲဘက်မှ နောင်ချိုဘက်သို့ ဇော်ဝင်းရှိန် မောင်းနှင်လာသည့် (၂၂)ဘီးယာဉ်သည် လမ်းဘေး ပေ (၂၀၀)ခန့်အနက်အတွင်း ထိုးကျ တိမ်းမှောက်သွားပြီး ယာဉ်မောင်းမှာ ပိတ်မိနေကြောင်း နံနက် (၅)နာရီခန့်က ကျောက်မဲခရိုင်မီးသတ် တပ်ဖွဲ့သို့ ဖုန်းဆက် အကြောင်းကြားသဖြင့် ခရိုင်မီးသတ်တပ်ဖွဲ့စခန်းမှ ဦးစီးအရာရှိ ဇော်မင်းဦး ဦးဆောင်သော ကယ်ဆယ်ရေးအဖွဲ့ဝင် (၈)ဦးတို့က ကယ်ဆယ်ရေး သွားရောက် လုပ်ဆောင်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်မှ ယာဉ်နောက်လိုက်မှာ ဒဏ်ရာရရှိခြင်းမရှိဘဲ ယာဉ်အတွင်း ပိတ်မိနေသည့် ယာဉ်မောင်းအား နံနက် (၇)နာရီခွဲခန့်တွင် ဆွဲထုတ်နိုင်ခဲ့သော်လည်း ယာဉ်မောင်းမှာ သေဆုံးနပြေီ ဖြစ်ကြောင်း သိရသည်။

သေဆုံးသူယာဉ်မောင်းအား မီးသတ်တပ်ဖွဲ့က နောင်ပိန်ကျေးရွာ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး အခင်းဖြစ်နေရာအား စစ်ဆေးနေကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ကျောက်မဲ မီးသတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~