တာခ်ီလိတ္ေဆးရံုမွ တစ္ဆင့္ ထုိင္းႏိုင္ငံသို႔ အလွဴရွင္မ်ား ပံ့ပိုးမႈျဖင့္ ခြဲစိတ္ကုသမႈ ခံယူေနသည့္ ကေလးငယ္ ေသဆံုးသြားၿပီျဖစ္၍ လက္က်န္ ေဆးကုသစရိတ္ လွဴဒါန္းေငြမ်ားကို မိဘမ်ားထံ ေပးအပ္မည္

တာခ်ီလိတ္ေဆးရံုမွ တစ္ဆင့္ ထုိင္းႏိုင္ငံသို႔ အလွဴရွင္မ်ား ပံ့ပိုးမႈျဖင့္ ခြဲစိတ္ကုသမႈ ခံယူေနသည့္ ကေလးငယ္ ေသဆံုးသြားၿပီျဖစ္၍ လက္က်န္ ေဆးကုသစရိတ္ လွဴဒါန္းေငြမ်ားကို မိဘမ်ားထံ ေပးအပ္မည္
ဒီဇင်ဘာ 27, 2017
By Tachileik News Agency

တာခ်ီလိတ္ခရိုင္ေဆးရံုႀကီးမွတစ္ဆင့္ ထိုင္းႏိုင္ငံ ခ်င္းရိုင္းေဆးရံုတြင္ ခြဲစိတ္ကုသမႈခံယူေနသည့္ အစာအိမ္ထြက္ေပါက္က်ဥ္းကေလးငယ္မွာ ေသဆံုးသြားၿပီျဖစ္ေသာ္လည္း က်န္ရိွေနသည့္ ေဆးကုသရန္လွဴဒါန္းေငြမ်ားကို ဒီဇင္ဘာလ (၂၈)ရက္ေန႔၌ ကေလး၏ မိဘမ်ားထံ ေပးအပ္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

ခ်င္းရိုင္းေဆးရံုတြင္ (၄)ႀကိမ္ခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ေသာ္လည္း တစ္လခြဲအရြယ္ကေလးငယ္မွာ သက္သာလာျခင္း မရိွဘဲ  ဝမ္းဗိုက္တြင္ အေပါက္ေဖာက္ထားလွ်က္ျဖင့္ ခ်င္းရိုင္းေဆးရံုမွ ဆင္းလာခဲ့ၿပီးေနာက္ ဒီဇင္ဘာလ(၂၆)ရက္ေန႔မွစ၍ တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုႀကီး ေဆး၀ါး ေစာင့္ေရွာက္မႈေပးထားစဥ္ ဒီဇင္ဘာလ(၂၇)ရက္ေန႔ ည(၆)နာရီဝန္းက်င္က ေသဆံုးသြားျခင္း ျဖစ္ေၾကာင္း သိရသည္။

အစာအိမ္ထြက္ေပါက္က်ဥ္း ေရာဂါခံစားေနရသည့္ အဆိုပါ ကေလးငယ္အား တာခ်ီလိတ္ခရိုင္ ျပည္သူ႔ေဆးရံုတြင္ ခြဲစိတ္၍ မရဘဲ ကေလးခြဲစိတ္အထူးကုရိွသည့္ ေဆးရံုတြင္ ခြဲစိတ္ကုသမႈ ခံယူရန္လိုအပ္ခဲ့ရာ ထိုင္းႏိုင္ငံ ခ်င္းရိုင္ေဆးရံုတြင္ အလွဴရွင္မ်ားပံ့ပိုးမႈျဖင့္ သြားေရာက္ကုသမႈ ခံယူခဲ့ျခင္း ျဖစ္ၿပီး ခ်င္းရိုင္းေဆးရံုတြင္ (၄)ႀကိမ္ခြဲစိတ္ၿပီး အူျဖတ္ေတာက္ကုသေပးကာ ဝမ္းဗိုက္တြင္ အေပါက္ေဖာက္ထားေပးရာ ကေလးငယ္မွာ ႏို႔ေသာက္ၿပီးသည္ႏွင့္ ဝမ္းဗိုက္မွေဖါက္ထားသည့္အေပါက္မွ ခ်က္ခ်င္းျပန္ထြက္လာေနျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ကေလးငယ္အား ခြဲစိတ္ကုသမႈ ခံယူႏိုင္ရန္အတြက္ ဦးေနမ်ဳိးဦး(အိပ္မက္ရြာ)က ကေလးအထူးကုဆရာဝန္ ေဒါက္တာေက်ာ္စြာျမင့္မွ တစ္ဆင့္ ကနဦး လွဴဒါန္းေပးသည့္ ဘတ္(၃၀၀၀၀)ျဖင့္ ခ်င္းရိုင္းေဆးရံုသို႔ ပိ႔ုေဆာင္ေပးခဲ့ၿပီးေနာက္ တာခ်ီလိတ္ၿမိဳ႕ အပါအ၀င္ အနယ္နယ္အရပ္ရပ္မွ ေစတနာရွင္ မ်ားက ပါဝင္လွဴဒါန္းသည့္ (၇၇၅၀၀၀)က်ပ္ႏွင့္ ထိုင္းဘတ္ေငြ (၄၃၇၀၀) အျပင္ ထပ္မံ လိုအပ္သည့္ ေဆးကုသစရိတ္မ်ားအား တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(က)ရပ္ကြက္ေန ကိုစိုင္းရွဲန္ဟန္က ထိုင္းဘတ္ေငြ (၁)သိန္းတိတိကို လွဴဒါန္းေပးခဲ့ျခင္းျဖစ္သည္။

ထိုင္းႏိုင္ငံ ခ်င္းရိုင္းေဆးရံုတြင္ အဆိုပါ ကေလးငယ္အား ကုသမႈစားရိတ္စုစုေပါင္း ထိုင္းဘတ္ေငြ(၃၄၀၀၀၀)ေက်ာ္က်သင့္ၿပီး ေဆးကုသမႈခံယူစဥ္ကာလအတြင္း ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕တြင္ ျမန္မာႏိုင္ငံသားမ်ားျဖင့္ ဖြဲ႔စည္းထားသည့္ မယ္ဆိုင္လူမႈဂရုဏာအသင္းမွ ဥကၠဌ ကိုစိုင္းက ကူညီေဆာင္ရြက္ေပးခဲ့ရာတြင္ ေဆးရံုမွ တာ၀န္ရွိသူမ်ားထံ ၎အေနျဖင့္ ေဆးကုသစရိတ္ ေလ်ာ့ေပါ့ေပးရန္ အသနားခံ ေတာင္းဆိုခဲ့သည့္အတြက္ ဘတ္တစ္သိန္း၀န္းက်င္သာ ကုန္က်ခဲ့ေၾကာင္း ကေလးငယ္အတြက္ အလွဴေငြမ်ား ေကာက္ခံေပးေနသည့္ မေမဇာျခည္လင္းထံက သိရသည္။

ခ်င္းရိုင္းေဆးရံုကဆင္းလာသည့္ ကေလးငယ္၏ အေျခအေနမွာ ေကာင္းမြန္ျခင္း မရွိသျဖင့္ ေနရပ္ျဖစ္သည့္ မိုင္းျဖတ္ၿမိဳ႕မျပန္ဘဲ တာခ်ီလိတ္ခရိုင္ ျပည္သူ႔ေဆးရံုရွိ ကေလးေဆာင္တြင္ ေဆး၀ါးေစာင့္ေရွာက္မႈ ခံယူေနခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေစတနာရွင္မ်ားမွ လွဴဒါန္းထားသည့္ ကေလးငယ္၏ ေဆးကုသစားရိတ္ထဲက ပိုသည့္ ေငြမ်ားကို ဒီဇင္ဘာ(၂၈)ရက္ေန႔ နံနက္(၁၀)နာရီခြဲတြင္ ကေလးအထူးကုဆရာဝန္ ေဒါက္တာေက်ာ္စြာျမင့္ ေရွ႕ေမွာက္တြင္ အလွဴေငြေပးသူ မေမဇာျခည္လင္းက မိဘမ်ားထံ ေပးအပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်ခရိုင်ဆေးရုံကြီးမှတစ်ဆင့် ထိုင်းနိုင်ငံ ချင်းရိုင်းဆေးရုံတွင် ခွဲစိတ်ကုသမှုခံယူနေသည့် အစာအိမ်ထွက်ပေါက်ကျဉ်းကလေးငယ်မှာ သေဆုံးသွားပြီဖြစ်သော်လည်း ကျန်ရှိနေသည့် ဆေးကုသရန်လှူဒါန်းငွေများကို ဒီဇင်ဘာလ (၂၈)ရက်နေ့၌ ကလေး၏ မိဘများထံ ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ချင်းရိုင်းဆေးရုံတွင် (၄)ကြိမ်ခွဲစိတ်ကုသမှုပြုလုပ်ခဲ့သော်လည်း တစ်လခွဲအရွယ်ကလေးငယ်မှာ သက်သာလာခြင်း မရှိဘဲ ဝမ်းဗိုက်တွင် အပေါက်ဖောက်ထားလျှက်ဖြင့် ချင်းရိုင်းဆေးရုံမှ ဆင်းလာခဲ့ပြီးနောက် ဒီဇင်ဘာလ(၂၆)ရက်နေ့မှစ၍ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီး ဆေးဝါး စောင့်ရှောက်မှုပေးထားစဉ် ဒီဇင်ဘာလ(၂၇)ရက်နေ့ ည(၆)နာရီဝန်းကျင်က သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

အစာအိမ်ထွက်ပေါက်ကျဉ်း ရောဂါခံစားနေရသည့် အဆိုပါ ကလေးငယ်အား တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံတွင် ခွဲစိတ်၍ မရဘဲ ကလေးခွဲစိတ်အထူးကုရှိသည့် ဆေးရုံတွင် ခွဲစိတ်ကုသမှု ခံယူရန်လိုအပ်ခဲ့ရာ ထိုင်းနိုင်ငံ ချင်းရိုင်ဆေးရုံတွင် အလှူရှင်များပံ့ပိုးမှုဖြင့် သွားရောက်ကုသမှု ခံယူခဲ့ခြင်း ဖြစ်ပြီး ချင်းရိုင်းဆေးရုံတွင် (၄)ကြိမ်ခွဲစိတ်ပြီး အူဖြတ်တောက်ကုသပေးကာ ဝမ်းဗိုက်တွင် အပေါက်ဖောက်ထားပေးရာ ကလေးငယ်မှာ နို့သောက်ပြီးသည်နှင့် ဝမ်းဗိုက်မှဖောက်ထားသည့်အပေါက်မှ ချက်ချင်းပြန်ထွက်လာနခြေင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်အား ခွဲစိတ်ကုသမှု ခံယူနိုင်ရန်အတွက် ဦးနေမျိုးဦး(အိပ်မက်ရွာ)က ကလေးအထူးကုဆရာဝန် ဒေါက်တာကျော်စွာမြင့်မှ တစ်ဆင့် ကနဦး လှူဒါန်းပေးသည့် ဘတ်(၃၀၀၀၀)ဖြင့် ချင်းရိုင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် တာချီလိတ်မြို့ အပါအဝင် အနယ်နယ်အရပ်ရပ်မှ စေတနာရှင် များက ပါဝင်လှူဒါန်းသည့် (၇၇၅၀၀၀)ကျပ်နှင့် ထိုင်းဘတ်ငွေ (၄၃၇၀၀) အပြင် ထပ်မံ လိုအပ်သည့် ဆေးကုသစရိတ်များအား တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်နေ ကိုစိုင်းရှဲန်ဟန်က ထိုင်းဘတ်ငွေ (၁)သိန်းတိတိကို လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ ချင်းရိုင်းဆေးရုံတွင် အဆိုပါ ကလေးငယ်အား ကုသမှုစားရိတ်စုစုပေါင်း ထိုင်းဘတ်ငွေ(၃၄၀၀၀၀)ကျော်ကျသင့်ပြီး ဆေးကုသမှုခံယူစဉ်ကာလအတွင်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် မြန်မာနိုင်ငံသားများဖြင့် ဖွဲ့စည်းထားသည့် မယ်ဆိုင်လူမှုဂရုဏာအသင်းမှ ဥက္ကဌ ကိုစိုင်းက ကူညီဆောင်ရွက်ပေးခဲ့ရာတွင် ဆေးရုံမှ တာဝန်ရှိသူများထံ၎င်းအနဖြေင့် ဆေးကုသစရိတ် လျော့ပေါ့ပေးရန် အသနားခံ တောင်းဆိုခဲ့သည့်အတွက် ဘတ်တစ်သိန်းဝန်းကျင်သာ ကုန်ကျခဲ့ကြောင်း ကလေးငယ်အတွက် အလှူငွေများ ကောက်ခံပေးနေသည့် မမေဇာခြည်လင်းထံက သိရသည်။

ချင်းရိုင်းဆေးရုံကဆင်းလာသည့် ကလေးငယ်၏ အခြေအနေမှာ ကောင်းမွန်ခြင်း မရှိသဖြင့် နေရပ်ဖြစ်သည့် မိုင်းဖြတ်မြို့မပြန်ဘဲ တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံရှိ ကလေးဆောင်တွင် ဆေးဝါးစောင့်ရှောက်မှု ခံယူနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စေတနာရှင်များမှ လှူဒါန်းထားသည့် ကလေးငယ်၏ ဆေးကုသစားရိတ်ထဲက ပိုသည့် ငွေများကို ဒီဇင်ဘာ(၂၈)ရက်နေ့ နံနက်(၁၀)နာရီခွဲတွင် ကလေးအထူးကုဆရာဝန် ဒေါက်တာကျော်စွာမြင့် ရှေ့မှောက်တွင် အလှူငွေပေးသူ မမေဇာခြည်လင်းက မိဘများထံ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~