ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရှမ်းပြည်နယ်မှ ဂျင်းများကို အနိမ့်ဈေးဖြင့် တင်ပို့ပြီ

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရှမ်းပြည်နယ်မှ ဂျင်းများကို အနိမ့်ဈေးဖြင့် တင်ပို့ပြီ
ဒီဇငျဘာ 30, 2017
By Tachileik News Agency

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရှမ်းပြည်နယ်မှ ချင်း(ဂျင်း)ပိဿချိန်ငါးသောင်းကျော်ကို ၂၀၁၇ ခုနှစ်အတွင်း စတင် တင်ပို့ နေပြီဖြစ်ကြောင်း ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်းမြို့ ရှိ ရှမ်းတောင်ချင်း(ဂျင်း)နနွင်း တောင်သူအစုအဖွဲ့ထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွင် ချင်း၊နနွင်းများအား ပြည်ပဈေးကွက်အတွက်  အော်ဂဲနစ်နှင့် သမားရိုးကျ စိုက်ပျိုးမှုများ ရှိနေပြီး ချင်းစတင် တူးဖေါ်နေသည့် ဒီဇင်ဘာလအတွင်း သမားရိုးကျ စိုက်ပျိုးသည့် ချင်းအစို(ရိုးရိုး) တပိသာလျှင် (၄၅၀ ) ကျပ်နှုန်းဖြင့် ပိသာချိန်ငါးသောင်းကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စတင်တင်ပို့နိုင်ခြင်း ဖြစ်ကြောင်း သိရသည်။





သတင်း #နိုနို


~~~~~~~~⊰❂ unicode ~~~~~~~~

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရှမ်းပြည်နယ်မှ ချင်း(ဂျင်း)ပိဿချိန်ငါးသောင်းကျော်ကို ၂၀၁၇ ခုနှစ်အတွင်း စတင် တင်ပို့ နပြေီဖြစ်ကြောင်း ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်းမြို့ ရှိ ရှမ်းတောင်ချင်း(ဂျင်း)နနွင်း တောင်သူအစုအဖွဲ့ထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွင် ချင်း၊နနွင်းများအား ပြည်ပဈေးကွက်အတွက် အော်ဂဲနစ်နှင့် သမားရိုးကျ စိုက်ပျိုးမှုများ ရှိနပြေီး ချင်းစတင် တူးဖော်နေသည့် ဒီဇင်ဘာလအတွင်း သမားရိုးကျ စိုက်ပျိုးသည့် ချင်းအစို(ရိုးရိုး) တပိသာလျှင် (၄၅၀ ) ကျပ်နှုန်းဖြင့် ပိသာချိန်ငါးသောင်းကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စတင်တင်ပို့နိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

“အသစ်တွေက အခုမှ စတူးနေတုန်းဆိုတော့ ဈေးသိပ်မရသေးပါဘူး။ အရင်ဈေးကွက်နဲ့ဆိုရင် အခုလောလောဆယ်မှာ ဈေးသိပ်မကွာဘူး။ ရိုးရိုးစိုက်သမားတွေကတော့ ဈေးပိုရတာ သိပ်မရှိဘူး။ အော်ဂဲနစ်သမားတွေကတော့ ဒီနှစ်ဈေးပိုရမယ်။ ချင်းကို ပြည်ပပို့ဖို့ဆိုရင်လည်း အော်ဂဲနစ်သမားတွေ ပိုရတယ်။ အခုလောလောဆယ်မှာတော့ ရိုးရိုးစိုက်တဲ့ ချင်းတွေကိုတော့ ဘင်္ဂလားဒေ့ရှ်က နည်းနည်း ဝယ်နေပါပြီ” ဟု ချင်း နနွင်းအစုအဖွဲ့ (ရှမ်းတောင်) ဥက္ကဌ ဦးဇော်ကိုကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းမှ ချင်း၊နနွင်းဈေးကွက်မှ ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံသို့ တင်ပို့နိုင်ဖွယ်ရှိပြီး လက်ရှိတွင် ပြည်ပဈေးကွက်အဖြစ် ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံကိုသာ အောင်ပန်းမှ တိုက်ရိုက် တင်ပို့နိုင်သေးကြောင်း သိရသည်။

“တရုတ်ကတော့ (၁)လပိုင်းမှာ ဝယ်ယူဖို့ ပြောထားတာရှိပါတယ်။ အတိအကျတော့ မဖြစ်သေးပါဘူး။ နောက်ပိုင်းဆိုရင်တော့ အော်ဂဲနစ်သမားတွေစိုက်တဲ့ ချင်းနနွင်းတွေ ဝင်တော့မှာပါ။ သူတို့ အုပ်စုတွေကတော့ ပြည်ပတွေပို့တာ များတယ်။ အခုလောလောဆယ် ဘင်္ဂလားဒေ့ရှ် တင်ပို့နေတာကလည်း ဈေးအကောင်းကြီးရတာ မဟုတ်ပါဘူး။ ဒီကနေ တိုက်ရိုက် တစ်ပိသာ (၄၅၀) နဲ့ပဲ ရပါတယ်။ ရန်ကုန်ကနေပို့တာ၊ ပွဲစားတွေနဲ့ တစ်ဆင့်ပို့တာ မဟုတ်ပါဘူး။ အောင်ပန်းကနေ တိုက်ရိုက် တင်ပို့နေတာပါ။ နှစ်ကုန်မှ ဈေးကွက်အခြေအနေက ဘယ်လိုလာမှန်း မသိသေးပါဘူး”ဟု ဟု ချင်း နနွင်းအစုအဖွဲ့ (ရှမ်းတောင်) ဥက္ကဌ ဦးဇော်ကိုကိုက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းဒေသ အောင်ပန်းမြို့နှင့် အနီးတစ်ဝိုက်ကျေးရွာများတွင် ချင်း(ဂျင်း)အများဆုံး စိုက်ပျိုးကြပြီး ကလော-ဆင်တောင်၊ ဟိုပုံး၊ ပင်လောင်း၊ ဟင်္သာသ-ကျောင်းကုန်း ဒေသများတွင် နနွင်းအများဆုံး စိုက်ပျိုးကြကြောင်း သိရသည်။

သတင်း ဋနိုနို

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~