ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ပုံမှန်အစည်းအဝေးနှစ်ခုကြားတွင် ဒေသတွင်း တိုက်ပွဲမရှိဟုဆို

ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ပုံမှန်အစည်းအဝေးနှစ်ခုကြားတွင် ဒေသတွင်း တိုက်ပွဲမရှိဟုဆို
ဒီဇငျဘာ 29, 2017
By Tachileik News Agency




ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အစည်းအဝေးများကို NCA စာချုပ်ပါ သဘောတူညီချက်အရ ဆောင်ရွက်နေခြင်းဖြစ်ပြီး ရှမ်းပြည်နယ်တွင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်း - အင်မိုင်ခ
ဓါတ်ပုံ - JMC-S (Shan)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S (ရှမ်း)၏ (၁၂)ကြိမ်မြောက်ပုံမှန် အစည်းအဝေး မကျင်းပမီ တစ်လအတွင်း ဒေသတွင်းတိုက်ပွဲ မရှိခဲ့ကြောင်း ရှမ်းပြည်နယ်(တောင်ပိုင်း) ခိုလမ်မြို့၌ ဒီဇင်ဘာလ (၂၇) ရက်နေ့က ကျင်းပခဲ့သည့် အစည်းအဝေးမှ သိရသည်။

တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အစည်းအဝေးများကို တစ်လလျှင် တစ်ကြိမ် ပုံမှန်ကျင်းပ၍ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လုပ်ငန်းများ ဆွေးနွေးညှိနှိုင်းရန် သတ်မှတ်ထားပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာ (၂၇) ရက်နေ့က ကျင်းပခဲ့သည့် အစည်းအဝေးမှာ JMC-S (ရှမ်း)၏ (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးဖြစ်ကြောင်း သိရသည်။

JMC-S(ရှမ်း)၏ (၁၁)ကြိမ်မြောက် အစည်းအဝေးနှင့် ယခုကျင်းပသည့် (၁၂)ကြိမ်မြောက်အစည်းအဝေး ကြားကာလတွင် နှစ်ဘက်တပ်ဖွဲ့များအကြား ပဋိပက္ခ မရှိခဲ့ကြောင်းနှင့် တပ်မတော်နှင့် NCA လက်မှတ် ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့အကြား ထိတွေ့မှု မရှိသလောက် နည်းပါးသွားသည်တို့ကို တင်ပြခဲ့ကြောင်း သိရသည်။

ပစ်ခတ်တို်က်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အစည်းအဝေးများကို ဃြဗ စာချုပ်ပါ သဘောတူညီချက်အရ ဆောင်ရွက်နခြေင်းဖြစ်ပြီး ရှမ်းပြည်နယ်တွင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်း - အင်မိုင်ခ
ဓာတ်ပုံ - JMC-S(ရှမ်း)

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~