တရားမဝင္ေရႊေဖာင္အား မုိင္းျဖတ္ၿမိဳ႕နယ္ နမ့္လံုေခ်ာင္းအတြင္း ပိုင္ရွင္မဲ့ဖမ္းဆီးရမိ

တရားမဝင္ေရႊေဖာင္အား မုိင္းျဖတ္ၿမိဳ႕နယ္ နမ့္လံုေခ်ာင္းအတြင္း ပိုင္ရွင္မဲ့ဖမ္းဆီးရမိ
ဒီဇင်ဘာ 2, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မုိင္းျဖတ္ၿမိဳ႕နယ္၊ ေတာညဳအုပ္စု တာလေက်းရြာအနီး နမ့္လံုေခ်ာင္း အတြင္း ဒီဇင္ဘာလ (၁)ရက္ေန႔က တရားမဝင္ေရႊေဖာင္တစ္ေဖာင္ကို ပိုင္ရွင္မဲ့ ဖမ္းဆီးရမိေၾကာင္း သိရသည္။

မိုင္းျဖတ္ၿမိဳ႕နယ္၊ ေတာညဳအုပ္စု၊ တာေလေက်းရြာအနီး နမ့္လံုေခ်ာင္းအတြင္း တရားမဝင္ ေရႊတူးေနေၾကာင္း သတင္းအရ ရဲတပ္ဖြဲ႔၊ သစ္ေတာဌာနမွ တာဝန္ရိွသူမ်ားက သက္ေသမ်ားႏွင့္ အတူ သြားေရာက္ စစ္ေဆးရာ ေခ်ာင္းအတြင္း ေရႊတူးရန္ ျပင္ဆင္ထားသည့္ ဝါးေဖာင္တစ္ခုအား ပိုင္ရွင္မဲ့ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဝါးေဖာင္ေပၚမွ ျမင္းေကာင္ေရ (၂၅) ေကာင္ရိွ တရုတ္ႏုိင္ငံထုတ္ အင္ဂ်င္ တစ္လံုး၊ ေလအိုး တစ္လံုး၊ ေရငုတ္ဝတ္စံု တစ္စံု၊ ေရထိုးပိုက္တစ္ေခ်ာင္း၊ ေရႊစစ္ဇကာ ငါးခု၊ ေရခရုပန္႔တစ္ခု၊ ငါးဂါလန္ဆံ့ဆီပံုးႏွစ္ပံုးတို႔အား သိမ္းဆည္းရမိထားေၾကာင္း သိရသည္။

သိမ္းဆည္းရမိသည့္ပစၥည္းမ်ားအား သတၱဳတူးေဖာ္ေရးဆုိင္ရာ ဥပေဒလုပ္ထံုးလုပ္နည္းမ်ားနွင့္အညီ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - မိုင္းျဖတ္ ေထြ/အုပ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ တောညုအုပ်စု တာလကျေးရွာအနီး နမ့်လုံချောင်း အတွင်း ဒီဇင်ဘာလ (၁)ရက်နေ့က တရားမဝင်ရွှေဖောင်တစ်ဖောင်ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၊ တောညုအုပ်စု၊ တာလေကျေးရွာအနီး နမ့်လုံချောင်းအတွင်း တရားမဝင် ရွှေတူးနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့၊ သစ်တောဌာနမှ တာဝန်ရှိသူများက သက်သေများနှင့် အတူ သွားရောက် စစ်ဆေးရာ ချောင်းအတွင်း ရွှေတူးရန် ပြင်ဆင်ထားသည့် ဝါးဖောင်တစ်ခုအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဝါးဖောင်ပေါ်မှ မြင်းကောင်ရေ (၂၅) ကောင်ရှိ တရုတ်နိုင်ငံထုတ် အင်ဂျင် တစ်လုံး၊ လေအိုး တစ်လုံး၊ ရေငုတ်ဝတ်စုံ တစ်စုံ၊ ရေထိုးပိုက်တစ်ချောင်း၊ ရွှေစစ်ဇကာ ငါးခု၊ ရေခရုပန့်တစ်ခု၊ ငါးဂါလန်ဆံ့ဆီပုံးနှစ်ပုံးတို့အား သိမ်းဆည်းရမိထားကြောင်း သိရသည်။

သိမ်းဆည်းရမိသည့်ပစ္စည်းများအား သတ္တုတူးဖော်ရေးဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - မိုင်းဖြတ် ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~