မေကြးတိုင္း လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနက ဒရုန္းအသံုးျပဳ၍ ေျမပံုတိုင္းတာျခင္း ေဆာင္ရြက္မည္

မေကြးတိုင္း လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနက ဒရုန္းအသံုးျပဳ၍ ေျမပံုတိုင္းတာျခင္း ေဆာင္ရြက္မည္
ဒီဇင်ဘာ 28, 2017
By Tachileik News Agency

လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန အေနျဖင့္ ေျမတိုင္းတာပံု ထုတ္ရာတြင္ ဒရုန္းအသံုးျပဳ၍ ေဆာင္ရြက္သြားမည္ ျဖစ္သျဖင့္ ဌာနဝန္ထမ္း (၄၅)ဦးအား UAV Drone အသံုးျပဳနည္းကို မေကြးတိုင္း ေဒသႀကီး လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန၌ ဒီဇင္ဘာလ (၂၇) ရက္ေန႔မွ (၃၁) ရက္ေန႔အထိ ပို႔ခ်ေပးေနေၾကာင္း သိရသည္။

" ေျမတိုင္းတဲ့ေနရာမွာ အဆင့္ေတြ အမ်ားႀကီးရွိတယ္။ အဲဒီအဆင့္ေတြကို ေက်ာ္လႊားၿပီးေတာ့ Drone နဲ႔တိုင္းတဲ့ စနစ္ကို သင္ၾကား ပို႔ခ်သြားမွာျဖစ္ပါတယ္။ အရင္စနစ္ေတြက အရမ္းၾကာတယ္။ လုပ္ရကိုင္ရတာ လက္ဝင္ၿပီး လူအင္အားသံုးရတယ္။ အခုစနစ္နဲ႔ဆိုရင္ အခ်ိန္ေရာ လူအင္အားေရာ တိက်မွုပါ အရမ္းကြာျခားသြားမွာျဖစ္ပါတယ္ " ဟု သင္တန္းနည္းျပ ဦးစိန္ဝင္း၊ ဒုတိယ ညႊန္ၾကားေရး မွဴး(ၿငိမ္း) က တာခ်ီလိတ္ေအဂ်င္စီသို႔ ေျပာသည္။

ဧက(၄၀၀)ရွိ ကြင္းတစ္ကြင္းအား လက္ရွိသံုးစြဲေနေသာစနစ္ျဖင့္ တိုင္းတာပါက ၇ ရက္မွ ၁၀ ရက္အထိ ၾကာျမင့္၍ ယခုသင္တန္းမွ ပို႔ခ်မည့္စနစ္ျဖင့္ တိုင္းတာပါက ၁ ရက္မွ ၂ ရက္အထိသာ ၾကာျမင့္မည္ ျဖစ္ၿပီး ပိုမို၍ တိက်မွုရွိမည္ျဖစ္ေၾကာင္း သိရသည္။

" အစိုးရအဖြဲ႔က Drone (၅)စင္း ဝယ္ယူဖို႔ ခြင့္ျပဳခဲ့တာျဖစ္ေပမဲ့ ၿခိဳးၿခံေခၽြတာတဲ့အေနနဲ႔ Drone (၄) စင္းနဲ႔ ရရွိတဲ့ အခ်က္အလက္ေတြကို အေသးစိတ္ ျပဳစုႏိုင္ဖို႔ ေဆာ့ဖ္ဝဲတစ္ခု ဝယ္လိုက္ပါတယ္။ ဒီလိုပံ့ပိုး ေပးတဲ့အတြက္ တိုင္းေဒသႀကီးရဲ႕ ေျမယာအသံုးခ်မႈေတြ၊ ေျမယာစီမံခန္႔ခြဲမႈေတြ၊ သဘာဝေဘးအႏၱရာယ္ ေၾကာင့္ လယ္ယာေျမ ဘယ္ႏွစ္ဧက ေရနစ္တယ္ဆိုတာေတြကို ဒီစနစ္နဲ႔တိုင္းထြာရင္ ခ်က္ခ်င္း သိရွိႏိုင္မွာျဖစ္လို႔ တိုင္းေဒသႀကီးအတြက္ေရာ ဌာနအတြက္ပါ အလြန္အက်ိဳးရွိမွာျဖစ္ပါတယ္" ဟု တိုင္းေဒသႀကီး လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန တိုင္းေဒသႀကီးဦးစီးဌာနမွဴး ဦးေဇာ္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ သင္တန္းတြင္ မေကြး၊ ဂန္႔ေဂါ၊ ပခုကၠဴ၊ သရက္ႏွင့္ မင္းဘူးခရိုင္တို႔မွ သင္တန္းသား (၄၅) ဦး တက္ေရာက္ေနၿပီး ကြန္ပ်ဴတာပါ ဒရုန္းတစ္စင္းလွ်င္ က်ပ္(၅၆) သိန္းခန္႔စီႏွင့္ ေဆာ့ဖ္ဝဲအတြက္ က်ပ္(၇၂) သိန္း ခန္႔ စုစုေပါင္း က်ပ္ (၃၀၈) သိန္းကို မေကြးတိုင္းေဒသႀကီး အစိုးရအဖြဲ႔ ဘတ္ဂ်က္မွ ခ်ထားေပးျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု #ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန အနဖြေင့် မြေတိုင်းတာပုံ ထုတ်ရာတွင် ဒရုန်းအသုံးပြု၍ ဆောင်ရွက်သွားမည် ဖြစ်သဖြင့် ဌာနဝန်ထမ်း (၄၅)ဦးအား UAV Drone အသုံးပြုနည်းကို မကွေးတိုင်း ဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၌ ဒီဇင်ဘာလ (၂၇) ရက်နေ့မှ (၃၁) ရက်နေ့အထိ ပို့ချပေးနေကြောင်း သိရသည်။

" မြေတိုင်းတဲ့နေရာမှာ အဆင့်တွေ အများကြီးရှိတယ်။ အဲဒီအဆင့်တွေကို ကျော်လွှားပြီးတော့ Drone နဲ့တိုင်းတဲ့ စနစ်ကို သင်ကြား ပို့ချသွားမှာဖြစ်ပါတယ်။ အရင်စနစ်တွေက အရမ်းကြာတယ်။ လုပ်ရကိုင်ရတာ လက်ဝင်ပြီး လူအင်အားသုံးရတယ်။ အခုစနစ်နဲ့ဆိုရင် အချိန်ရော လူအင်အားရော တိကျမှုပါ အရမ်းကွာခြားသွားမှာဖြစ်ပါတယ် " ဟု သင်တန်းနည်းပြ ဦးစိန်ဝင်း၊ ဒုတိယ ညွှန်ကြားရေး မှူး(ငြိမ်း) က တာချီလိတ်အေဂျင်စီသို့ ပြောသည်။

ဧက(၄၀၀)ရှိ ကွင်းတစ်ကွင်းအား လက်ရှိသုံးစွဲနေသောစနစ်ဖြင့် တိုင်းတာပါက ၇ ရက်မှ ၁၀ ရက်အထိ ကြာမြင့်၍ ယခုသင်တန်းမှ ပို့ချမည့်စနစ်ဖြင့် တိုင်းတာပါက ၁ ရက်မှ ၂ ရက်အထိသာ ကြာမြင့်မည် ဖြစ်ပြီး ပိုမို၍ တိကျမှုရှိမည်ဖြစ်ကြောင်း သိရသည်။

" အစိုးရအဖွဲ့က Drone (၅)စင်း ဝယ်ယူဖို့ ခွင့်ပြုခဲ့တာဖြစ်ပေမဲ့ ခြိုးခြံချွေတာတဲ့အနေနဲ့ Drone (၄) စင်းနဲ့ ရရှိတဲ့ အချက်အလက်တွေကို အသေးစိတ် ပြုစုနိုင်ဖို့ ဆော့ဖ်ဝဲတစ်ခု ဝယ်လိုက်ပါတယ်။ ဒီလိုပံ့ပိုး ပေးတဲ့အတွက် တိုင်းဒေသကြီးရဲ့ မြေယာအသုံးချမှုတွေ၊ မြေယာစီမံခန့်ခွဲမှုတွေ၊ သဘာဝဘေးအန္တရာယ် ကြောင့် လယ်ယာမြေ ဘယ်နှစ်ဧက ရေနစ်တယ်ဆိုတာတွေကို ဒီစနစ်နဲ့တိုင်းထွာရင် ချက်ချင်း သိရှိနိုင်မှာဖြစ်လို့ တိုင်းဒေသကြီးအတွက်ရော ဌာနအတွက်ပါ အလွန်အကျိုးရှိမှာဖြစ်ပါတယ်" ဟု တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးဇော်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ သင်တန်းတွင် မကွေး၊ ဂန့်ဂေါ၊ ပခုက္ကူ၊ သရက်နှင့် မင်းဘူးခရိုင်တို့မှ သင်တန်းသား (၄၅) ဦး တက်ရောက်နပြေီး ကွန်ပျူတာပါ ဒရုန်းတစ်စင်းလျှင် ကျပ်(၅၆) သိန်းခန့်စီနှင့် ဆော့ဖ်ဝဲအတွက် ကျပ်(၇၂) သိန်း ခန့် စုစုပေါင်း ကျပ် (၃၀၈) သိန်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဘတ်ဂျက်မှ ချထားပေးခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~