ထိုင္းေဆးရံု(၁၁)ခုအတြက္ ေျပးကာ ရန္ပံုေငြရွာေဖြသည့္ ထိုင္းအဆိုေတာ္၏ ခရီးစဥ္ (၅၅)ရက္ေျမာက္အၿပီး အလွဴေငြ ထိုင္းဘတ္ေငြ သန္းေပါင္း (၁၁၄၈)သန္းေက်ာ္ရရွိ

ထိုင္းေဆးရံု(၁၁)ခုအတြက္ ေျပးကာ ရန္ပံုေငြရွာေဖြသည့္ ထိုင္းအဆိုေတာ္၏ ခရီးစဥ္ (၅၅)ရက္ေျမာက္အၿပီး အလွဴေငြ ထိုင္းဘတ္ေငြ သန္းေပါင္း (၁၁၄၈)သန္းေက်ာ္ရရွိ
ဒီဇင်ဘာ 25, 2017
By Tachileik News Agency

ထိုင္းေဆးရံု(၁၁)ခုအတြက္ (၂၂၁၅)ကီလိုမီတာ ေျပးကာ ရန္ပံုေငြရွာေဖြေနသည့္ အဆိုေတာ္ တြန္း ေဘာ္ဒိဆလဲန္းမ္၏ (၅၅)ရက္ေျမာက္ ခရီးစဥ္ အၿပီးတြင္ အလွဴေငြ ထိုင္းဘတ္ေငြ (၁၁၄၈)သန္းေက်ာ္ရရွိၿပီး ခရီးစဥ္အား မယ္ဆိုင္ၿမိဳ႕တြင္ ေအာင္ျမင္စြာ ၿပီးေျမာက္ခဲ့သည္။

ထိုင္းႏိုင္ငံ Bodyslam ေတးဂီတအဖြဲ႔မွ အသက္(၃၈)ႏွစ္ရွိ  အဆိုေတာ္ ႏိုင္းအထိ၀ရာခံုးမားလိုင္း ( တြန္းေဘာ္ဒိဆလဲန္းမ္ )သည္ ၂၀၁၇ခုႏွစ္ ႏို၀င္ဘာလ(၁)ရက္ေန႔က စတင္ကာ ထိုင္းႏိုင္ငံေတာင္ပိုင္း ယလားခရိုင္၊ ေဗးေတာင္းၿမိဳ႕မွစ၍  ေျပးလာရာ ခရီးစဥ္အၿပီးသတ္မည့္ ထိုင္းႏိုင္ငံေျမာက္ပိုင္း၊ ခ်င္းရိုင္းခရိုင္၊ မယ္ဆိုင္ၿမိဳ႕သို႔ ဒီဇင္ဘာလ(၂၅)ရက္ေန႔ ညေနပိုင္းတြင္ ေရာက္ရွိၿပီး မယ္ဆိုင္ၿမိဳ႕ရွိ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားထိပ္၌ ခရီးစဥ္အား ေအာင္ျမင္စြာ အၿပီးသတ္လိုက္ျခင္း ျဖစ္သည္။

ေဆးရံုမ်ားမွ ဆရာ၀န္မ်ားႏွင့္ သူနာျပဳမ်ားသည္ သူရဲေကာင္းမ်ားျဖစ္ၿပီး ခ်ဳိ႕တဲ့သည့္ ေဆးရံုမ်ားတြင္ လိုအပ္သည့္ အကူအညီမ်ားရွိလာပါက မိမိတို႔ တတ္ႏိုင္သည့္ဘက္က ကူညီေပးေစလိုေၾကာင္း  တြန္းေဘာ္ဒိဆလဲန္းမ္က တိုက္တြန္းလိုက္သည္။

"ကြ်န္ေတာ္ ေျပးလာတဲ့ လမ္းတစ္ေလွ်ာက္မွာ တစ္ခ်ဳိ႕က ကြ်န္ေတာ့္ကို သူရဲေကာင္းဆိုၿပီး တင္စားၾကတယ္၊ တကယ္ေတာ့ ကြ်န္ေတာ္က သူရဲေကာင္းမဟုတ္ပါဘူး၊ တကယ့္သူရဲေကာင္းေတြက အျဖဴေရာင္၀တ္စံုေတြ၊ အျဖဴေရာင္ဦးထုပ္ေတြနဲ႔ ေဆးရံုမွာ လူနာေတြကို ေဆးကုေပးေနတဲ့ ဆရာ၀န္ေတြနဲ႔ သူနာျပဳေတြပါ၊ ကြ်န္ေတာ္တို႔ ေပ်ာ္ပါးေနတဲ့ အခ်ိန္မွာ သူတို႔ေတြက တာ၀န္အခ်ိန္နဲ႔ ေဆးကုေပးေနရတာေတြရွိတယ္၊ ေနာက္ၿပီး တစ္ခ်ဳိ႕ေဆးရံုေတြမွာ ေဆး၀ါးပစၥည္းမစံုလင္တာေတြ၊ ေခတ္မမွီေတာ့တဲ့ ပစၥည္းကိရိယာေတြနဲ႔ ရွိေကာင္းရွိလိမ့္မယ္။ အဲ့လိုေတြအတြက္ အားလံုးပဲ တတ္ႏိုင္တဲ့ဘက္က ကူညီေပးေစခ်င္ပါတယ္"ဟု တြန္းေဘာ္ဒိဆလဲန္းမ္က ခရီးစဥ္အဆံုးသတ္သည့္ စင္ျမင့္တြင္ ေျပာၾကားလိုက္ျခင္း ျဖစ္သည္။

၎၏ ရန္ပံုေငြရွာေဖြေရးခရီးစဥ္အၿပီးသတ္ အခမ္းအနားသို႔ ထိုင္းႏိုင္ငံ ေဆးရံု(၁၁)ခုမွ ေဆးရံုတာ၀န္ရွိ (၁၁)ဦးတို႔မွလည္း တက္ေရာက္လာၾကၿပီး ေက်းဇူးတင္စကား ေျပာၾကားၾကသည္။

အခမ္းအနားတြင္ တြန္းေဘာ္ဒိဆလဲန္းမ္အေနျဖင့္ ရက္ေပါင္း(၅၅)ရက္အတြင္း (၂၂၁၅.၄၀)ကီလို ေျပးကာ အလွဴေငြ ဘတ္သန္းေပါင္း (၁၁၄၈)သန္းေက်ာ္ ရွာေဖြေပးႏိုင္ခဲ့ၿပီး ထိုင္းႏိုင္ငံအတြင္း အတုယူဖြယ္ရာ ပုဂၢိဳလ္အျဖစ္ သက္ဆိုင္ရာက ဂုဏ္ျပဳမွတ္တမ္းလႊာေပးအပ္ခ်ီးျမႇင့္သည္။

ရန္ပံုေငြရွာေဖြေရး ခရီးစဥ္အၿပီးသတ္သည့္ အခမ္းအနားသို႔ ထိုင္းႏိုင္ငံအတြင္း အျပင္ ျမန္မာႏိုင္ငံ တာခ်ီလိတ္ၿမိဳ႕မွ ျပည္သူမ်ားကလည္း သြားေရာက္ အားေပးခဲ့ၾကသည္။

သတင္း/ဓါတ္ပံု - ေဇာင္းညီ

 



~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းဆေးရုံ(၁၁)ခုအတွက် (၂၂၁၅)ကီလိုမီတာ ပြေးကာ ရန်ပုံငွေရှာဖွေနေသည့် အဆိုတော် တွန်း ဘော်ဒိဆလဲန်းမ်၏ (၅၅)ရက်မြောက် ခရီးစဉ် အပြီးတွင် အလှူငွေ ထိုင်းဘတ်ငွေ (၁၁၄၈)သန်းကျော်ရရှိပြီး ခရီးစဉ်အား မယ်ဆိုင်မြို့တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။

ထိုင်းနိုင်ငံ Bodyslam တေးဂီတအဖွဲ့မှ အသက်(၃၈)နှစ်ရှိ အဆိုတော် နိုင်းအထိဝရာခုံးမားလိုင်း ( တွန်းဘော်ဒိဆလဲန်းမ် )သည် ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့က စတင်ကာ ထိုင်းနိုင်ငံတောင်ပိုင်း ယလားခရိုင်၊ ဗေးတောင်းမြို့မှစ၍ ပြေးလာရာ ခရီးစဉ်အပြီးသတ်မည့် ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့သို့ ဒီဇင်ဘာလ(၂၅)ရက်နေ့ ညနေပိုင်းတွင် ရောက်ရှိပြီး မယ်ဆိုင်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားထိပ်၌ ခရီးစဉ်အား အောင်မြင်စွာ အပြီးသတ်လိုက်ခြင်း ဖြစ်သည်။

ဆေးရုံများမှ ဆရာဝန်များနှင့် သူနာပြုများသည် သူရဲကောင်းများဖြစ်ပြီး ချို့တဲ့သည့် ဆေးရုံများတွင် လိုအပ်သည့် အကူအညီများရှိလာပါက မိမိတို့ တတ်နိုင်သည့်ဘက်က ကူညီပေးစေလိုကြောင်း တွန်းဘော်ဒိဆလဲန်းမ်က တိုက်တွန်းလိုက်သည်။

"ကျွန်တော် ပြေးလာတဲ့ လမ်းတစ်လျှောက်မှာ တစ်ချို့က ကျွန်တော့်ကို သူရဲကောင်းဆိုပြီး တင်စားကြတယ်၊ တကယ်တော့ ကျွန်တော်က သူရဲကောင်းမဟုတ်ပါဘူး၊ တကယ့်သူရဲကောင်းတွေက အဖြူရောင်ဝတ်စုံတွေ၊ အဖြူရောင်ဦးထုပ်တွေနဲ့ ဆေးရုံမှာ လူနာတွေကို ဆေးကုပေးနေတဲ့ ဆရာဝန်တွေနဲ့ သူနာပြုတွေပါ၊ ကျွန်တော်တို့ ပျော်ပါးနေတဲ့ အချိန်မှာ သူတို့တွေက တာဝန်အချိန်နဲ့ ဆေးကုပေးနေရတာတွေရှိတယ်၊ နောက်ပြီး တစ်ချို့ဆေးရုံတွေမှာ ဆေးဝါးပစ္စည်းမစုံလင်တာတွေ၊ ခေတ်မမှီတော့တဲ့ ပစ္စည်းကိရိယာတွေနဲ့ ရှိကောင်းရှိလိမ့်မယ်။ အဲ့လိုတွေအတွက် အားလုံးပဲ တတ်နိုင်တဲ့ဘက်က ကူညီပေးစေချင်ပါတယ်"ဟု တွန်းဘော်ဒိဆလဲန်းမ်က ခရီးစဉ်အဆုံးသတ်သည့် စင်မြင့်တွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

၎င်း၏ ရန်ပုံငွေရှာဖွေရေးခရီးစဉ်အပြီးသတ် အခမ်းအနားသို့ ထိုင်းနိုင်ငံ ဆေးရုံ(၁၁)ခုမှ ဆေးရုံတာဝန်ရှိ (၁၁)ဦးတို့မှလည်း တက်ရောက်လာကြပြီး ကျေးဇူးတင်စကား ပြောကြားကြသည်။

အခမ်းအနားတွင် တွန်းဘော်ဒိဆလဲန်းမ်အနဖြေင့် ရက်ပေါင်း(၅၅)ရက်အတွင်း (၂၂၁၅.၄၀)ကီလို ပြေးကာ အလှူငွေ ဘတ်သန်းပေါင်း (၁၁၄၈)သန်းကျော် ရှာဖွေပေးနိုင်ခဲ့ပြီး ထိုင်းနိုင်ငံအတွင်း အတုယူဖွယ်ရာ ပုဂ္ဂိုလ်အဖြစ် သက်ဆိုင်ရာက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်သည်။

ရန်ပုံငွေရှာဖွေရေး ခရီးစဉ်အပြီးသတ်သည့် အခမ်းအနားသို့ ထိုင်းနိုင်ငံအတွင်း အပြင် မြန်မာနိုင်ငံ တာချီလိတ်မြို့မှ ပြည်သူများကလည်း သွားရောက် အားပေးခဲ့ကြသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~