ထိုင်းဆေးရုံ(၁၁)ခုအတွက် လမ်းလျှောက်ကာ ရန်ပုံငွေရှာသည့် ထိုင်းအဆိုတော် တွန်းဘော်ဒိဆလဲန်းမ်၏ ခရီးစဉ် (၅၄)ရက်အတွင်း အလှူငွေ ဘတ်သန်း(၁၀၀၀)ကျော်ရရှိ

ထိုင်းဆေးရုံ(၁၁)ခုအတွက် လမ်းလျှောက်ကာ ရန်ပုံငွေရှာသည့် ထိုင်းအဆိုတော် တွန်းဘော်ဒိဆလဲန်းမ်၏ ခရီးစဉ် (၅၄)ရက်အတွင်း အလှူငွေ ဘတ်သန်း(၁၀၀၀)ကျော်ရရှိ
ဒီဇင်ဘာ 24, 2017
By Tachileik News Agency

ထိုင်းဆေးရုံ(၁၁)ခုအတွက် ရန်ပုံငွေရှာဖွေနေသည့် အဆိုတော် နိုင်းအထိဝရာခုံးမားလိုင်း ( တွန်း ဘော်ဒိဆလဲန်းမ် ) ၏ ကီလိုမီတာ(၂၀၀၀)ကျော် လမ်းလျှောက်ခရီး၏ ရက်(၅၄)မြောက်ဖြစ်သည့် ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် နေ့လည်ပိုင်းတွင် အလှူငွေ ဘတ်သန်းပေါင်း (၁၀၀၀)ကျော် ရရှိနေပြီဖြစ်ကြောင်း သိရသည်။

တွန်းဘော်ဒိဆလဲန်းမ်သည် ထိုင်းနိုင်ငံမှ ဆေးရုံ (၁၁)ခုအတွက် ရန်ပုံငွေအဖြစ် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့က စတင်ကာ ထိုင်းနိုင်ငံတောင်ပိုင်း ယလားခရိုင်၊ ဗေးတောင်းမြို့မှစ၍ လမ်းလျှောက် လာပြီးနောက် ဒီဇင်ဘာလ(၂၃)ရက်နေ့ ညပိုင်းက ထိုင်းနိုင်ငံ တောင်ပိုင်း ချင်းရိုင်းခရိုင်ထဲသို့  ၀င်ရောက်လာပြီးနောက် ဒီဇင်ဘာလ(၂၄)ရက်နေ့ နေ့လည်(၁း၃၀)နာရီအတိတွင် ထိုင်းဘတ်ငွေ (၁,၀၀၀,၁၁၇,၆၂၈.၄၅)ဘတ်ရရှိနေပြီဖြစ်သည်။

Bodyslam တေးဂီတအဖွဲ့မှ နာမည်ကြီးအဆိုတော် နိုင်းအထိဝရာခုံးမားလိုင်း ( တွန်းဘော်ဒိဆလဲန်းမ် )၏ အဖွဲ့သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ(၂၅)ရက်နေ့ ခရစ္စမတ်နေ့တွင် မယ်ဆိုင်မြို့သို့ ရောက်ရှိမည်ဖြစ်ပြီး မယ်ဆိုင်မြို့ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတား တစ်ဝိုက်တွင် ထိုင်းစံတော်ချိန် ည(၆)နာရီမှ ည(၇)နာရီခွဲအချိန်အထိ "တစ်လှမ်းချင်းစီ"အစီအစဉ်အား ကျင်းပသွားမည်ဖြစ်၍ တာချီလိတ်မှ မယ်ဆိုင် ဘက်သို့ သွားရောက်မည့် ကား/ဆိုင်ကယ်များအနေဖြင့် အဆိုပါအချိန်တွင် ယာဉ်ကြောပိတ်ဆို့နိုင်ကြောင်း အသိပေးထားခြင်းဖြစ်သည်။

Photo: ก้าว



~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းဆေးရုံ(၁၁)ခုအတွက် ရန်ပုံငွေရှာဖွေနေသည့် အဆိုတော် နိုင်းအထိဝရာခုံးမားလိုင်း ( တွန်း ဘော်ဒိဆလဲန်းမ် )၏ ကီလိုမီတာ(၂၀၀၀)ကျော် လမ်းလျှောက်ခရီး၏ ရက်(၅၄)မြောက်ဖြစ်သည့် ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် နေ့လည်ပိုင်းတွင် အလှူငွေ ဘတ်သန်းပေါင်း (၁၀၀၀)ကျော် ရရှိနပြေီဖြစ်ကြောင်း သိရသည်။

တွန်းဘော်ဒိဆလဲန်းမ်သည် ထိုင်းနိုင်ငံမှ ဆေးရုံ (၁၁)ခုအတွက် ရန်ပုံငွေအဖြစ် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့က စတင်ကာ ထိုင်းနိုင်ငံတောင်ပိုင်း ယလားခရိုင်၊ ဗေးတောင်းမြို့မှစ၍ လမ်းလျှောက် လာပြီးနောက် ဒီဇင်ဘာလ(၂၃)ရက်နေ့ ညပိုင်းက ထိုင်းနိုင်ငံ တောင်ပိုင်း ချင်းရိုင်းခရိုင်ထဲသို့ ဝင်ရောက်လာပြီးနောက် ဒီဇင်ဘာလ(၂၄)ရက်နေ့ နေ့လည်(၁း၃၀)နာရီအတိတွင် ထိုင်းဘတ်ငွေ (၁,ဝဝဝ,၁၁၇,၆၂၈.၄၅)ဘတ်ရရှိနပြေီဖြစ်သည်။

Bodyslam တေးဂီတအဖွဲ့မှ နာမည်ကြီးအဆိုတော် နိုင်းအထိဝရာခုံးမားလိုင်း ( တွန်းဘော်ဒိဆလဲန်းမ် )၏ အဖွဲ့သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ(၂၅)ရက်နေ့ ခရစ္စမတ်နေ့တွင် မယ်ဆိုင်မြို့သို့ ရောက်ရှိမည်ဖြစ်ပြီး မယ်ဆိုင်မြို့ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတား တစ်ဝိုက်တွင် ထိုင်းစံတော်ချိန် ည(၆)နာရီမှ ည(၇)နာရီခွဲအချိန်အထိ "တစ်လှမ်းချင်းစီ"အစီအစဉ်အား ကျင်းပသွားမည်ဖြစ်၍ တာချီလိတ်မှ မယ်ဆိုင် ဘက်သို့ သွားရောက်မည့် ကား/ဆိုင်ကယ်များအနဖြေင့် အဆိုပါအချိန်တွင် ယာဉ်ကြောပိတ်ဆို့နိုင်ကြောင်း အသိပေးထားခြင်းဖြစ်သည်။

Photo: ก้าว

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~