ထိုင္းႏိုင္ငံ မယ္ဆုိင္တြင္ က်င္းပမည့္ ႏိုင္ငံေတာ္ သံဃမဟာနာယကဥကၠဌဆရာေတာ္၏ တရားပြဲသို႔ သြားလိုသူမ်ားအတြက္ ႀကိဳပို႔ယာဥ္မ်ားႏွင့္ မယ္ဆုိင္တြင္ ညအိပ္တည္းခိုရန္ စီစဥ္ေပးထားမည္

ထိုင္းႏိုင္ငံ မယ္ဆုိင္တြင္ က်င္းပမည့္ ႏိုင္ငံေတာ္ သံဃမဟာနာယကဥကၠဌဆရာေတာ္၏ တရားပြဲသို႔ သြားလိုသူမ်ားအတြက္ ႀကိဳပို႔ယာဥ္မ်ားႏွင့္ မယ္ဆုိင္တြင္ ညအိပ္တည္းခိုရန္ စီစဥ္ေပးထားမည္
ဒီဇင်ဘာ 30, 2017
By Tachileik News Agency

ထိုင္းႏိုင္ငံ၊ မယ္ဆိုင္ၿမိဳ႕ မြန္ဒဲန္းႏြဲ႔ရပ္ကြက္ရွိ ႏွီးဘုရားေက်ာင္းတိုက္တြင္ ႏိုင္ငံေတာ္ သံဃမဟာနာယက အဖြဲ႔ဥကၠဌ နဝမေျမာက္ ဗန္းေမာ္ဆရာေတာ္ဘုရားႀကီး၏ ဇန္နဝါရီလ (၂)ရက္ေန႔ တရားပြဲ သြားလိုသည့္ တာခ်ီလိတ္မွ တရားနာပရိတ္သတ္မ်ားအတြက္ ကားႀကိဳပို႔ စီစဥ္ေပးထားေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၂)ရက္ေန႔ ည (၈)နာရီတြင္ က်င္းပမည့္ တရားပြဲသို႔ တာခ်ီလိတ္မွ လာေရာက္မည့္ တရားနာပရိသတ္ အေယာက္(၅၀၀)၀န္းက်င္အတြက္ မယ္ဆိုင္ဘက္ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားထိပ္တြင္ ႀကိဳပို႔ကားမ်ားႏွင့္ ႏွီးဘုရားေက်ာင္းတုိက္တြင္ ညအိပ္ရန္ ေနရာမ်ားကို ပြဲက်င္းပေရးေကာ္မတီက စီစဥ္ေပးထားမည္ျဖစ္ၿပီး တရားပြဲ လံုၿခံဳေရးအတြက္ မယ္ဆိုင္ၿမိဳ႕ပိုင္ရံုးႏွင့္ မယ္ဆိုင္ရဲတပ္ဖြဲ႔တို႔က တာဝန္ယူထားကာ တရားနာလာသူမ်ားအား ဖမ္းဆီးစစ္ေဆးျခင္းမ်ား လုပ္ေဆာင္မည္ မဟုတ္ေၾကာင္း သိရသည္။

"မယ္ဆိုင္ၿမိဳ႕ပိုင္ရံုး နဲ႔ မယ္ဆိုင္ရဲတပ္ဖြဲ႔ကေတာ့ အသိေပးလာပါတယ္။ သူတို႔ကလည္း ဒီပြဲအတြက္ လံုၿခံဳေရးတာ၀န္ယူေပးဖို႔ ေဆြးေႏြးထားၾကၿပီးျဖစ္တယ္ေပါ့။ ေနာက္ၿပီး ရဲတပ္ဖြဲ႔အေနနဲ႔လည္း ယူနီေဖာင္း ၀တ္ထားရင္ တရားနာလာမယ့္ ျမန္မာႏိုင္ငံသားမ်ားအေနနဲ႔ ဖမ္းခံရေလမလား၊ စစ္ေဆးခံရေလ မလားဆိုၿပီး မစိုးရိမ္ေအာင္လို႔ သူတို႔ကလည္း အရပ္ဝတ္နဲ႔ပဲ လံုၿခံဳေရးတာ၀န္ယူေပးထားမယ္လို႔ အသိေပးလာပါတယ္။ တရားပြဲၿပီးခ်ိန္နဲ႔ တံတားပိတ္ခ်ိန္ ႀကံဳေနတာေတြျဖစ္မွာျဖစ္တဲ့အတြက္ ေက်ာင္းတိုက္မွာ လူ ေလး၊ငါးရာစာအတြက္ အိပ္ယာလည္း စီစဥ္ေပးထားပါတယ္"ဟု တရားပြဲျဖစ္ေျမာက္ေရးအဖြဲ႔မွ ဦးထြန္း(မယ္ဆိုင္)က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႔ ဥကၠဌ၊ သက်သီဟသဋံသကာ၊ ပါဠိသိေရာမဏိ(BA)၊ အဂၢမဟာဂႏၱ၀ါစပ႑ိတ၊ အဂၢမဟာပ႑ိတ၊ အဘိဓဇအဂၢမဟာသဒၶမၼေဇာတိကဓဇ၊ အဘိဓဇမဟာရ႒ဂုရု၊ ဗန္းေမာ္ဆရာေတာ္ ေဒါက္တာ ဘဒၵႏၱကုမာရာဘိဝံသသည္ မယ္ဆိုင္ၿမိဳ႕ မြန္ဒဲန္းႏြဲ႔ရပ္ကြက္ရွိ ႏွီးဘုရားေက်ာင္းတိုက္တြင္ က်င္းပမည့္တရားပြဲအတြက္ တာခ်ီလိတ္ၿမိဳ႕သို႔ ဇန္န၀ါရီလ(၂)ရက္ေန႔ ေန႔လယ္ပိုင္းတြင္ ၾကြေရာက္မည္ျဖစ္ၿပီး ယင္းမွတစ္ဆင့္ မယ္ဆိုင္သို႔ ၾကြေရာက္မည္ျဖစ္ေၾကာင္း သိရသည္။

"ဆရာေတာ္ႀကီးရဲ႕ တရားပြဲကို မယ္ဆိုင္မွာက်င္းပမွာဆိုေတာ့ တာခ်ီလိတ္က တရားနာ ပရိသတ္မ်ားအေနနဲ႔ လာေရာက္နာယူလို႔ရေအာင္ ပြဲက်င္းပေရးအဖြဲ႔က မယ္ဆိုင္ဘက္ အမွတ္(၁)တံတားထိပ္မွာ ေစာင့္ႀကိဳေပးဖို႔ စီစဥ္ထားပါတယ္။ ျမန္မာစံေတာ္ခ်ိန္ ည (၇)နာရီ၀န္းက်င္ေလာက္အထိ ေစာင့္ႀကိဳေပးမွာပါ။ ကြ်န္ေတာ္တို႔ရဲ႕ ဖုန္းနံပါတ္ေတြကိုလည္း ဆက္သြယ္လို႔ရပါတယ္။ အဲဒီလိုပဲ မယ္ဆိုင္အတြင္းမွာရွိတဲ့ ျမန္မာႏိုင္ငံသားမ်ား အေနျဖင့္လည္း ႀကိဳပို႔ဖို႔လိုရင္ ဖုန္းဆက္ႏိုင္ပါတယ္။ ေနာက္တစ္ခုက တာခ်ီလိတ္ဘက္က လာမယ့္သူမ်ား အေနနဲ႔ကေတာ့ တံတားကူး လက္မွတ္ကို မိမိအစီအစဥ္နဲ႔သာ လုပ္ခဲ့ရမွာပါ။ တံတားထိပ္မွာ ႀကိဳဖို႔ ကားေတြ စီစဥ္ထားပါတယ္"ဟု တရားပြဲျဖစ္ေျမာက္ေရးအဖြဲ႔မွ ဦးထြန္း(မယ္ဆိုင္)က  ေျပာသည္။

ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႔ ဥကၠဌ ဗန္းေမာ္ဆရာေတာ္ႀကီးသည္ ဇန္န၀ါရီလ(၂)ရက္ေန႔ ညပိုင္းတြင္ မယ္ဆိုင္ၿမိဳ႕ ႏွီးဘုရားေက်ာင္းတိုက္တြင္ တရားေဟာၾကားမည္ျဖစ္ၿပီး ဇန္နရီလ(၃)ရက္ေန႔ နံနက္ပိုင္းတြင္ ဘုရားအေနကဇာတင္ၿပီးေနာက္ တာခ်ီလိတ္သို႔ ျပန္ၾကြမည္ျဖစ္ေၾကာင္း သိရသည္။

တရားပြဲသြားရန္ ႀကိဳပို႔ယာဥ္လိုအပ္သူမ်ားအေနျဖင့္ ပြဲက်င္းပေရးအဖြဲ႔ဝင္မ်ားျဖစ္သည့္ ကိုေက်ာ္သူလတ္ ၀၆၂ ၀၃၀ ၁၂၈၂၊ ကိုေနမ်ိဳးဦး ၀၆၂ ၉၂၇ ၂၀၁၇၊ ပီလံု  ၀၈၁ ၆၇၁ ၇၀၈၈၊ အႀကီးေကာင္ ၀၉၄ ၆၃၆ ၅၈၄၉ႏွင့္ ကိုဝင္းေက်ာ္ ၀၈၉ ၄၂၉ ၉၃၁၀ တို႔သို႔ ဆက္သြယ္ႏိုင္ေၾကာင္း သိရသည္။




~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ မွန်ဒဲန်းနွဲ့ရပ်ကွက်ရှိ နှီးဘုရားကျောင်းတိုက်တွင် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဌ နဝမမြောက် ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဇန်နဝါရီလ (၂)ရက်နေ့ တရားပွဲ သွားလိုသည့် တာချီလိတ်မှ တရားနာပရိတ်သတ်များအတွက် ကားကြိုပို့ စီစဉ်ပေးထားကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၂)ရက်နေ့ ည (၈)နာရီတွင် ကျင်းပမည့် တရားပွဲသို့ တာချီလိတ်မှ လာရောက်မည့် တရားနာပရိသတ် အယောက်(၅၀၀)ဝန်းကျင်အတွက် မယ်ဆိုင်ဘက် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားထိပ်တွင် ကြိုပို့ကားများနှင့် နှီးဘုရားကျောင်းတိုက်တွင် ညအိပ်ရန် နေရာများကို ပွဲကျင်းပရေးကော်မတီက စီစဉ်ပေးထားမည်ဖြစ်ပြီး တရားပွဲ လုံခြုံရေးအတွက် မယ်ဆိုင်မြို့ပိုင်ရုံးနှင့် မယ်ဆိုင်ရဲတပ်ဖွဲ့တို့က တာဝန်ယူထားကာ တရားနာလာသူများအား ဖမ်းဆီးစစ်ဆေးခြင်းများ လုပ်ဆောင်မည် မဟုတ်ကြောင်း သိရသည်။

"မယ်ဆိုင်မြို့ပိုင်ရုံး နဲ့ မယ်ဆိုင်ရဲတပ်ဖွဲ့ကတော့ အသိပေးလာပါတယ်။ သူတို့ကလည်း ဒီပွဲအတွက် လုံခြုံရေးတာဝန်ယူပေးဖို့ ဆွေးနွေးထားကြပြီးဖြစ်တယ်ပေါ့။ နောက်ပြီး ရဲတပ်ဖွဲ့အနေနဲ့လည်း ယူနီဖောင်း ဝတ်ထားရင် တရားနာလာမယ့် မြန်မာနိုင်ငံသားများအနေနဲ့ ဖမ်းခံရလေမလား၊ စစ်ဆေးခံရလေ မလားဆိုပြီး မစိုးရိမ်အောင်လို့ သူတို့ကလည်း အရပ်ဝတ်နဲ့ပဲ လုံခြုံရေးတာဝန်ယူပေးထားမယ်လို့ အသိပေးလာပါတယ်။ တရားပွဲပြီးချိန်နဲ့ တံတားပိတ်ချိန် ကြုံနေတာတွဖြေစ်မှာဖြစ်တဲ့အတွက် ကျောင်းတိုက်မှာ လူ လေး၊ငါးရာစာအတွက် အိပ်ယာလည်း စီစဉ်ပေးထားပါတယ်"ဟု တရားပွဲဖြစ်မြောက်ရေးအဖွဲ့မှ ဦးထွန်း(မယ်ဆိုင်)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဌ၊ သကျသီဟသဋံသကာ၊ ပါဠိသိရောမဏိ(BA)၊ အဂ္ဂမဟာဂန္တဝါစပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသသည် မယ်ဆိုင်မြို့ မွန်ဒဲန်းနွဲ့ရပ်ကွက်ရှိ နှီးဘုရားကျောင်းတိုက်တွင် ကျင်းပမည့်တရားပွဲအတွက် တာချီလိတ်မြို့သို့ ဇန်နဝါရီလ(၂)ရက်နေ့ နေ့လယ်ပိုင်းတွင် ကြွရောက်မည်ဖြစ်ပြီး ယင်းမှတစ်ဆင့် မယ်ဆိုင်သို့ ကြွရောက်မည်ဖြစ်ကြောင်း သိရသည်။

"ဆရာတော်ကြီးရဲ့ တရားပွဲကို မယ်ဆိုင်မှာကျင်းပမှာဆိုတော့ တာချီလိတ်က တရားနာ ပရိသတ်များအနေနဲ့ လာရောက်နာယူလို့ရအောင် ပွဲကျင်းပရေးအဖွဲ့က မယ်ဆိုင်ဘက် အမှတ်(၁)တံတားထိပ်မှာ စောင့်ကြိုပေးဖို့ စီစဉ်ထားပါတယ်။ မြန်မာစံတော်ချိန် ည (၇)နာရီဝန်းကျင်လောက်အထိ စောင့်ကြိုပေးမှာပါ။ ကျွန်တော်တို့ရဲ့ ဖုန်းနံပါတ်တွေကိုလည်း ဆက်သွယ်လို့ရပါတယ်။ အဲဒီလိုပဲ မယ်ဆိုင်အတွင်းမှာရှိတဲ့ မြန်မာနိုင်ငံသားများ အနဖြေင့်လည်း ကြိုပို့ဖို့လိုရင် ဖုန်းဆက်နိုင်ပါတယ်။ နောက်တစ်ခုက တာချီလိတ်ဘက်က လာမယ့်သူများ အနေနဲ့ကတော့ တံတားကူး လက်မှတ်ကို မိမိအစီအစဉ်နဲ့သာ လုပ်ခဲ့ရမှာပါ။ တံတားထိပ်မှာ ကြိုဖို့ ကားတွေ စီစဉ်ထားပါတယ်"ဟု တရားပွဲဖြစ်မြောက်ရေးအဖွဲ့မှ ဦးထွန်း(မယ်ဆိုင်)က ပြောသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဌ ဗန်းမော်ဆရာတော်ကြီးသည် ဇန်နဝါရီလ(၂)ရက်နေ့ ညပိုင်းတွင် မယ်ဆိုင်မြို့ နှီးဘုရားကျောင်းတိုက်တွင် တရားဟောကြားမည်ဖြစ်ပြီး ဇန်နရီလ(၃)ရက်နေ့ နံနက်ပိုင်းတွင် ဘုရားအနေကဇာတင်ပြီးနောက် တာချီလိတ်သို့ ပြန်ကြွမည်ဖြစ်ကြောင်း သိရသည်။

တရားပွဲသွားရန် ကြိုပို့ယာဉ်လိုအပ်သူများအနဖြေင့် ပွဲကျင်းပရေးအဖွဲ့ဝင်များဖြစ်သည့် ကိုကျော်သူလတ် ဝ၆၂ ဝ၃၀ ၁၂၈၂၊ ကိုနေမျိုးဦး ဝ၆၂ ၉၂၇ ၂၀၁၇၊ ပီလုံ ဝ၈၁ ၆၇၁ ၇၀၈၈၊ အကြီးကောင် ဝ၉၄ ၆၃၆ ၅၈၄၉နှင့် ကိုဝင်းကျော် ဝ၈၉ ၄၂၉ ၉၃၁၀ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~