ပ်ံလြန္ေတာ္မူသြားသည့္ တာခ်ီလိတ္ၿမိဳ႕ ေတာင္တန္းသာသနာျပဳ (ဗဟို)ေက်ာင္းတိုက္ ဆရာေတာ္ႀကီး၏ ပံုတူရုပ္ထုအား ထုလုပ္ရန္အတြက္ အလွဴရွင္မ်ား လိုအပ္ေန

ပ်ံလြန္ေတာ္မူသြားသည့္ တာခ်ီလိတ္ၿမိဳ႕ ေတာင္တန္းသာသနာျပဳ (ဗဟို)ေက်ာင္းတိုက္ ဆရာေတာ္ႀကီး၏ ပံုတူရုပ္ထုအား ထုလုပ္ရန္အတြက္ အလွဴရွင္မ်ား လိုအပ္ေန
ဒီဇင်ဘာ 25, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ဝမ္ေကာင္းရပ္ကြက္ရိွ  ေတာင္တန္းသာသနာျပဳ (ဗဟို)ေက်ာင္းတိုက္(ဝန္ထမ္းကုန္းေက်ာင္း)မွ ပ်ံလြန္ေတာ္မူသြားသည့္ ေတာင္တန္းသာသနာျပဳ ဆရာေတာ္ႀကီး၏ ပံုတူ ဖုိင္ဘာရုပ္ထု ထုလုပ္ၿပီး အဆိုပါ ေက်ာင္းတုိက္တြင္ ထားရိွရန္ ဘတ္ေငြ ႏွစ္သိန္းနီးပါး ကုန္က်မည္ျဖစ္၍ လွဴဒါန္းလိုသူမ်ား ဆက္သြယ္လွဴဒါန္းႏိုင္ေၾကာင္း သိရသည္။

"ဆရာေတာ္ ပ်ံလြန္ေတာ္မူၿပီး ကတည္းက ဖေယာင္းရုပ္တု ထုမယ္ဆိုၿပီး ရွာေနတာ။ ျမန္မာျပည္က ပန္းပုဆရာနဲ႔လည္း မထုခ်င္ဘူးေလ။ ထိုင္းဘက္မွာ ရွာေတာ့ တစ္ႏုိင္ငံလံုးမွာ ဒုတိယဆုရထားတဲ့ ပန္းပုပညာရွင္နဲ႔ ေတြ႔တယ္။ သူအႀကံေပးတာကေတာ့ ဖေယာင္းရုပ္တုဆိုရင္ အဲကြန္း အေအးခန္းနဲ႔ ထားရမယ္။ ငါးႏွစ္ေလာက္ပဲ ခံတယ္ေပါ့။ ဖိုင္ဘာနဲ႔လုပ္ရင္ေပါ့ပါးတယ္။ ၾကာရွည္ခံတယ္ဆိုလို႔ ဖိုင္ဘာနဲ႔ ထုလုိက္တာ။ အခုေတာ့ ပံုၾကမ္းေလာင္းၿပီးသြားၿပီ။ သံုးလအတြင္းၿပီးမယ္ေျပာတာ။ အခု သူ႔အပ္ထားတာ ႏွစ္လခြဲရိွေနၿပီ"ဟု ဆရာေတာ္၏ ရုပ္ထုထုလုပ္ႏိုင္ရန္ ေဆာင္ရြက္ေနသည့္ ဦးတင္ဝင္းက ေျပာသည္။

ရုပ္ထု ထုလုပ္ရန္ ဘတ္တစ္သိန္းသံုးေသာင္းကုန္က်မည္ျဖစ္ၿပီး အဆိုပါ ရုပ္ထုထားရိွရန္ ေက်ာင္းေဆာင္ ျပဳျပင္ျခင္း စုစုေပါင္းအတြက္ ဘတ္ ႏွစ္သိန္းနီးပါး ကုန္က်မည္ျဖစ္ၿပီး လက္ရိွတြင္ ဘတ္ ငါးေသာင္းခြဲ ရထားၿပီ ျဖစ္ေၾကာင္း သိရသည္။

ဆရာေတာ္၏ ရုပ္ထုအား ထိုင္းနိုင္ငံတြင္ ဒုတိယဆု ရရွိထားေသာ ပန္းပုပညာရွင္က ထုလုပ္ေနျခင္းျဖစ္ၿပီး သံုးလအတြင္း ၿပီးစီးမည္ျဖစ္ေၾကာင္း သိရသည္။

လွဴဒါန္းလိုသူမ်ား အေနျဖင့္ ဦးတင္ဝင္း ဖုန္း ၀၉ ၅၂၄၁၂၄၄ သို႔ လည္းေကာင္း ဝန္ထမ္းကုန္းေက်ာင္းတိုက္ ဆရာေတာ္ထံသို႔ လည္းေကာင္း ဆက္သြယ္ လွဴဒါန္းႏုိင္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်ရှိ တောင်တန်းသာသနာပြု (ဗဟို)ကျောင်းတိုက်(ဝန်ထမ်းကုန်းကျောင်း)မှ ပျံလွန်တော်မူသွားသည့် တောင်တန်းသာသနာပြု ဆရာတော်ကြီး၏ ပုံတူ ဖိုင်ဘာရုပ်ထု ထုလုပ်ပြီး အဆိုပါ ကျောင်းတိုက်တွင် ထားရှိရန် ဘတ်ငွေ နှစ်သိန်းနီးပါး ကုန်ကျမည်ဖြစ်၍ လှူဒါန်းလိုသူများ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

"ဆရာတော် ပျံလွန်တော်မူပြီး ကတည်းက ဖယောင်းရုပ်တု ထုမယ်ဆိုပြီး ရှာနေတာ။ မြန်မာပြည်က ပန်းပုဆရာနဲ့လည်း မထုချင်ဘူးလေ။ ထိုင်းဘက်မှာ ရှာတော့ တစ်နိုင်ငံလုံးမှာ ဒုတိယဆုရထားတဲ့ ပန်းပုပညာရှင်နဲ့ တွေ့တယ်။ သူအကြံပေးတာကတော့ ဖယောင်းရုပ်တုဆိုရင် အဲကွန်း အအေးခန်းနဲ့ ထားရမယ်။ ငါးနှစ်လောက်ပဲ ခံတယ်ပေါ့။ ဖိုင်ဘာနဲ့လုပ်ရင်ပေါ့ပါးတယ်။ ကြာရှည်ခံတယ်ဆိုလို့ ဖိုင်ဘာနဲ့ ထုလိုက်တာ။ အခုတော့ ပုံကြမ်းလောင်းပြီးသွားပြီ။ သုံးလအတွင်းပြီးမယ်ပြောတာ။ အခု သူ့အပ်ထားတာ နှစ်လခွဲရှိနပြေီ"ဟု ဆရာတော်၏ ရုပ်ထုထုလုပ်နိုင်ရန် ဆောင်ရွက်နေသည့် ဦးတင်ဝင်းက ပြောသည်။

ရုပ်ထု ထုလုပ်ရန် ဘတ်တစ်သိန်းသုံးသောင်းကုန်ကျမည်ဖြစ်ပြီး အဆိုပါ ရုပ်ထုထားရှိရန် ကျောင်းဆောင် ပြုပြင်ခြင်း စုစုပေါင်းအတွက် ဘတ် နှစ်သိန်းနီးပါး ကုန်ကျမည်ဖြစ်ပြီး လက်ရှိတွင် ဘတ် ငါးသောင်းခွဲ ရထားပြီ ဖြစ်ကြောင်း သိရသည်။

ဆရာတော်၏ ရုပ်ထုအား ထိုင်းနိုင်ငံတွင် ဒုတိယဆု ရရှိထားသော ပန်းပုပညာရှင်က ထုလုပ်နခြေင်းဖြစ်ပြီး သုံးလအတွင်း ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

လှူဒါန်းလိုသူများ အနဖြေင့် ဦးတင်ဝင်း ဖုန်း ဝ၉ ၅၂၄၁၂၄၄ သို့ လည်းကောင်း ဝန်ထမ်းကုန်းကျောင်းတိုက် ဆရာတော်ထံသို့ လည်းကောင်း ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~