အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ စာတမ်းဖတ်ကြားပွဲအတွက် စာတမ်းတင်သွင်းသူများ ဖိတ်ကြား

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ စာတမ်းဖတ်ကြားပွဲအတွက် စာတမ်းတင်သွင်းသူများ ဖိတ်ကြား
ဒီဇငျဘာ 31, 2017
By Tachileik News Agency
အဂတိလိုက်စားမှုတွန်းလှန်ဖို့ ကိုယ်ကျင့်သိက္ခာ မြှင့်တင်စို့ ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ပွဲကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၂၂)ရက်နေ့နှင့် (၂၃) ရက်နေ့များတွင် ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ရာ ပညာရှင်များ၊ အသင်းအဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် စာတမ်းဖတ်ကြားတင်သွင်း ဆွေးနွေးရန် ဖိတ်ခေါ်ထားသည်။


စာတမ်းဖတ်ကြားလိုသူများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ အုပ်စု(၁) အားကစားလေ့ကျင့်ရေးစခန်း၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ နေပြည်တော်သို့လည်းကောင်း myanmaracc2014@gmail. com သို့လည်းကောင်း ဖုန်းနံပါတ် ဝ၆၇-၈၁၀၃၃၄၇၊ ၈၁၀၃၂၇၃ သို့လည်းကောင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၁၂)ရက်နေ့ နောက်ဆုံးထား၍ အမည်စာရင်းပေးပို့ရန်နှင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက www.accm.gov.mm Website တွင် ကြည့်ရှုနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါ စာတမ်းဖတ်ပွဲသို့ အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် အဖွဲ့အစည်းတစ်ခုလျှင် (၂)ဦးနှုန်း တက်ရောက်နိုင်ပြီး တက်ရောက်မည့်သူစာရင်းကို ကြိုတင်စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဇာနှင်း

~~~~~~~~⊰❂ unicode ~~~~~~~~
အဂတိလိုက်စားမှုတွန်းလှန်ဖို့ ကိုယ်ကျင့်သိက္ခါ မြှင့်တင်စို့ ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ပွဲကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၂၂)ရက်နေ့နှင့် (၂၃) ရက်နေ့များတွင် ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ရာ ပညာရှင်များ၊ အသင်းအဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများအနဖြေင့် စာတမ်းဖတ်ကြားတင်သွင်း ဆွေးနွေးရန် ဖိတ်ခေါ်ထားသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်၏ ကနဦးခြေလှမ်းအဖြစ် ပညာပေးရေး၊ သတိပေးရေး၊ ဟန့်တားကာကွယ်ရေးအဖြစ် ဆောက်ရွက်သည့် အဆိုပါ စာတမ်းဖတ်ပွဲအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

စာတမ်းဖတ်ကြားလိုသူများအနဖြေင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ အုပ်စု(၁) အားကစားလေ့ကျင့်ရေးစခန်း၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ နပြေည်တော်သို့လည်းကောင်း myanmaracc2014@gmail. com သို့လည်းကောင်း ဖုန်းနံပါတ် ဝ၆၇-၈၁၀၃၃၄၇၊ ၈၁၀၃၂၇၃ သို့လည်းကောင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၁၂)ရက်နေ့ နောက်ဆုံးထား၍ အမည်စာရင်းပေးပို့ရန်နှင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက www.accm.gov.mm Website တွင် ကြည့်ရှုနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါ စာတမ်းဖတ်ပွဲသို့ အရပ်ဖက်အဖွဲ့အစည်းများအနဖြေင့် အဖွဲ့အစည်းတစ်ခုလျှင် (၂)ဦးနှုန်း တက်ရောက်နိုင်ပြီး တက်ရောက်မည့်သူစာရင်းကို ကြိုတင်စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဇာနှင်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~