ခ်င္းရိုင္းေဆးရံုတြင္ ကုသမႈခံယူေနသည့္ တာခ်ီလိတ္မွ အစာအိမ္ထြက္ေပါက္က်ဥ္းကေလးငယ္၏ ေဆးကုသမႈ ကုန္က်စရိတ္တာဝန္ယူမည့္ သူရိွလာ၍ အလွဴခံျခင္းအား ရပ္ဆုိင္း

ခ်င္းရိုင္းေဆးရံုတြင္ ကုသမႈခံယူေနသည့္ တာခ်ီလိတ္မွ အစာအိမ္ထြက္ေပါက္က်ဥ္းကေလးငယ္၏ ေဆးကုသမႈ ကုန္က်စရိတ္တာဝန္ယူမည့္ သူရိွလာ၍ အလွဴခံျခင္းအား ရပ္ဆုိင္း
ဒီဇင်ဘာ 4, 2017
By Tachileik News Agency

တာခ်ီလိတ္ခရိုင္ေဆးရံုႀကီးမွ ထိုင္းႏိုင္ငံ ခ်င္းရိုင္းေဆးရံုသို႔ ပို႔ေဆာင္ကုသမႈခံယူေနသည့္ အစာအိမ္ထြက္ေပါက္က်ဥ္း ေရာဂါခံစားေနရသူ တစ္လခြဲ အရြယ္ကေလးငယ္၏ ခြဲစိတ္ကုသမႈ အေျခအေနမွာ (၇၀)ရာခိုင္ႏႈန္းအထိ တိုးတက္လာေနၿပီး ထပ္မံကုန္က်မည့္ ေဆးကုသစရိတ္အားလံုးကို တာခ်ီလိတ္မွ အလွဴရွင္တစ္ဦးက တာဝန္ယူသြားမည္ျဖစ္သျဖင့္ ေဆးကုသစရိတ္အလွဴခံေနမႈအား ရပ္ဆုိင္းလုိက္ၿပီျဖစ္ေၾကာင္း သိရသည္။

ကေလးငယ္၏ ေဆးကုသစရိတ္အတြက္ ထပ္မံကုန္က်မႈအားလံုးအား တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(က)ရပ္ကြက္ေန ကိုစိုင္းရွဲန္ဟန္က လွဴဒါန္းေပးမည္ျဖစ္သျဖင့္ အဆိုပါ ကေလးငယ္အတြက္ အလွဴခံေနမႈအား ရပ္ဆုိင္းလုိက္ျခင္းျဖစ္ေၾကာင္း ကေလးငယ္၏ ေဆးကုသစရိတ္အတြက္ အလွဴရွင္ကူညီရွာေဖြေပးေနသည့္ မေမဇာျခည္လင္းထံမွ သိရသည္။

လက္ရိွတြင္ ကေလးငယ္အား ၀မ္းဗိုက္အတြင္း အူမ်ားအား ျဖတ္ေတာက္ခြဲစိတ္ကုသထားကာ ICU အခန္းတြင္ ထားရိွရာ ဒီဇင္ဘာလ (၁)ရက္ေန႔အထိ အေျခအေနမွာ (၇၀) ရာခုိင္ႏႈန္းအထိ တိုးတက္ လာေနေၾကာင္း ခ်င္းရိုင္းေဆးရံုမွ ဆရာဝန္မ်ားထံက သိရသည္။

အဆိုပါ ကေလးငယ္မွာ တာခ်ီလိတ္ခရိုင္ေဆးရံုသို႔ (၁၅)ရက္သားအရြယ္တြင္ ေအာ့အန္၍ ေရာက္ရွိလာျခင္းျဖစ္ကာ ယခု တစ္လခြဲအရြယ္အထိ ေဆးရံုတြင္ အခမဲ့ကုသေပးေနခဲ့ျခင္းျဖစ္ၿပီး ေရာဂါအေျခအေနအရ ကေလးေဆးရံုတြင္ ကုသမႈခံယူရန္ လိုအပ္ေသာ္လည္း သြားေရာက္ ကုသရန္ မိဘမ်ားမွာ စရိတ္မတတ္ႏုိင္သျဖင့္ အဆုိပါေဆးရံုမွ ကေလးအထူးကုဆရာဝန္ ေဒါက္တာေက်ာ္စြာျမင့္က ကေလးငယ္အား ဆက္လက္ကုသႏုိင္ေရးအတြက္ ကူညီေပးလိုသူမ်ားကို ကူညီ ခ်ိတ္ဆက္ေပးခဲ့ျခင္းျဖစ္သည္။

ကေလးအတြက္ ကနဦးအလွဴရွင္အျဖစ္ ဦးေနမ်ဳိးဦး(အိပ္မက္ရြာ)က ထိုင္းဘတ္ေငြ(၃၀၀၀၀)ကို ကေလးအထူးကုဆရာ၀န္ ေဒါက္တာ ေက်ာ္စြာျမင့္ထံ ဆက္သြယ္လွဴဒါန္းခဲ့ၿပီး ကေလး၏ ေဆးကုသစရိတ္အတြက္ အလွဴေငြမ်ား ကူညီေကာက္ခံေပးေနသည့္ မေမဇာျခည္လင္းထံသို႔ တာခ်ီလိတ္ၿမိဳ႕ အပါအ၀င္ အျခားၿမိဳ႕မ်ားမွ ဆက္သြယ္လွဴဒါန္းမႈမ်ား ရိွလာၿပီး စုစုေပါင္းအလွဴေငြ ထိုင္းဘတ္ေငြ(၂၀၇၀၀)ဘတ္ႏွင့္ ျမန္မာက်ပ္ေငြ(၇၇၅၀၀၀)က်ပ္တို႔ရရွိထားၿပီးျဖစ္ေၾကာင္း ႏွင့္ အဆိုပါ ေငြေၾကးမ်ားထဲက လက္ရွိတြင္ ေဆးကုသစရိတ္အတြက္ ဘတ္(၃၅၀၀၀)ေက်ာ္အား ေဆးရံုတြင္ အသံုးျပဳထားေၾကာင္း သိရသည္။

လတ္တေလာ ခြဲစိတ္ကုသမႈအၿပီးတြင္ ေဆးကုသစရိတ္ ဘတ္(၇၀၀၀၀)ေက်ာ္ က်သင့္ေနၿပီး ICU ( Intensive Care Unit )ခန္းတြင္ တစ္ရက္ထားရွိခ ဘတ္(၇၀၀၀)၀န္းက်င္ က်သင့္မည္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ကေလးငယ္၏ အေျခအေနမွာ ICU ( Intensive Care Unit )ခန္းတြင္ (၇)ရက္ခန္႔ ထားရိွရမည္ျဖစ္ၿပီး ၀မ္းသြားရာတြင္လည္း ပံုမွန္အတိုင္း အဆင္မေျပေသးသျဖင့္ ၀မ္းဗိုက္တြင္ ေဖာက္ထားေပးရသည္ျဖစ္ရာ အဆိုပါ ကုသမႈမ်ားအတြက္ ကုန္က်မႈမ်ားႏိုင္ေၾကာင္း သိရသည္။

အဆိုပါ ကေလးငယ္မွာ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္ ေ၀ယုရြာမွျဖစ္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင်ဆေးရုံကြီးမှ ထိုင်းနိုင်ငံ ချင်းရိုင်းဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူနေသည့် အစာအိမ်ထွက်ပေါက်ကျဉ်း ရောဂါခံစားနေရသူ တစ်လခွဲ အရွယ်ကလေးငယ်၏ ခွဲစိတ်ကုသမှု အခြေအနေမှာ (၇၀)ရာခိုင်နှုန်းအထိ တိုးတက်လာနပြေီး ထပ်မံကုန်ကျမည့် ဆေးကုသစရိတ်အားလုံးကို တာချီလိတ်မှ အလှူရှင်တစ်ဦးက တာဝန်ယူသွားမည်ဖြစ်သဖြင့် ဆေးကုသစရိတ်အလှူခံနေမှုအား ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

ကလေးငယ်၏ ဆေးကုသစရိတ်အတွက် ထပ်မံကုန်ကျမှုအားလုံးအား တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်နေ ကိုစိုင်းရှဲန်ဟန်က လှူဒါန်းပေးမည်ဖြစ်သဖြင့် အဆိုပါ ကလေးငယ်အတွက် အလှူခံနေမှုအား ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ကလေးငယ်၏ ဆေးကုသစရိတ်အတွက် အလှူရှင်ကူညီရှာဖွေပေးနေသည့် မမေဇာခြည်လင်းထံမှ သိရသည်။

လက်ရှိတွင် ကလေးငယ်အား ဝမ်းဗိုက်အတွင်း အူများအား ဖြတ်တောက်ခွဲစိတ်ကုသထားကာ ICU အခန်းတွင် ထားရှိရာ ဒီဇင်ဘာလ (၁)ရက်နေ့အထိ အခြေအနေမှာ (၇၀) ရာခိုင်နှုန်းအထိ တိုးတက် လာနေကြောင်း ချင်းရိုင်းဆေးရုံမှ ဆရာဝန်များထံက သိရသည်။

အဆိုပါ ကလေးငယ်မှာ တာချီလိတ်ခရိုင်ဆေးရုံသို့ (၁၅)ရက်သားအရွယ်တွင် အော့အန်၍ ရောက်ရှိလာခြင်းဖြစ်ကာ ယခု တစ်လခွဲအရွယ်အထိ ဆေးရုံတွင် အခမဲ့ကုသပေးနေခဲ့ခြင်းဖြစ်ပြီး ရောဂါအခြေအနေအရ ကလေးဆေးရုံတွင် ကုသမှုခံယူရန် လိုအပ်သော်လည်း သွားရောက် ကုသရန် မိဘများမှာ စရိတ်မတတ်နိုင်သဖြင့် အဆိုပါဆေးရုံမှ ကလေးအထူးကုဆရာဝန် ဒေါက်တာကျော်စွာမြင့်က ကလေးငယ်အား ဆက်လက်ကုသနိုင်ရေးအတွက် ကူညီပေးလိုသူများကို ကူညီ ချိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။

ကလေးအတွက် ကနဦးအလှူရှင်အဖြစ် ဦးနေမျိုးဦး(အိပ်မက်ရွာ)က ထိုင်းဘတ်ငွေ(၃၀၀၀၀)ကို ကလေးအထူးကုဆရာဝန် ဒေါက်တာ ကျော်စွာမြင့်ထံ ဆက်သွယ်လှူဒါန်းခဲ့ပြီး ကလေး၏ ဆေးကုသစရိတ်အတွက် အလှူငွေများ ကူညီကောက်ခံပေးနေသည့် မမေဇာခြည်လင်းထံသို့ တာချီလိတ်မြို့ အပါအဝင် အခြားမြို့များမှ ဆက်သွယ်လှူဒါန်းမှုများ ရှိလာပြီး စုစုပေါင်းအလှူငွေ ထိုင်းဘတ်ငွေ(၂၀၇၀၀)ဘတ်နှင့် မြန်မာကျပ်ငွေ(၇၇၅၀၀၀)ကျပ်တို့ရရှိထားပြီးဖြစ်ကြောင်း နှင့် အဆိုပါ ငွေကြေးများထဲက လက်ရှိတွင် ဆေးကုသစရိတ်အတွက် ဘတ်(၃၅၀၀၀)ကျော်အား ဆေးရုံတွင် အသုံးပြုထားကြောင်း သိရသည်။

လတ်တလော ခွဲစိတ်ကုသမှုအပြီးတွင် ဆေးကုသစရိတ် ဘတ်(၇၀၀၀၀)ကျော် ကျသင့်နပြေီး ICU ( Intensive Care Unit )ခန်းတွင် တစ်ရက်ထားရှိခ ဘတ်(၇၀၀၀)ဝန်းကျင် ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကလေးငယ်၏ အခြေအနေမှာ ICU ( Intensive Care Unit )ခန်းတွင် (၇)ရက်ခန့် ထားရှိရမည်ဖြစ်ပြီး ဝမ်းသွားရာတွင်လည်း ပုံမှန်အတိုင်း အဆင်မပြေသေးသဖြင့် ဝမ်းဗိုက်တွင် ဖောက်ထားပေးရသည်ဖြစ်ရာ အဆိုပါ ကုသမှုများအတွက် ကုန်ကျမှုများနိုင်ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်မှာ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်ေဝယုရွာမှဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~