ဝမ္တာပင္းဂိတ္ျပန္လည္ဖြင့္ေပးေရး အစိုးရကိုယ္စားလွယ္အဖြဲ႔ႏွင့္ UWSA ေဆြးေႏြးပြဲတြင္ ထည့္သြင္းေဆြးေႏြး

ဝမ္တာပင္းဂိတ္ျပန္လည္ဖြင့္ေပးေရး အစိုးရကိုယ္စားလွယ္အဖြဲ႔ႏွင့္ UWSA ေဆြးေႏြးပြဲတြင္ ထည့္သြင္းေဆြးေႏြး
နိုဝင်ဘာ 14, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းေပါက္ - မိုင္းလား - က်ိဳင္းတံုလမ္းရိွ ဝမ္တာပင္းတံတားအား ျပန္လည္ ဖြင့္လွစ္ရန္ကိစၥကို နယ္စပ္ေရးရာဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္ ဦးေဆာင္သည့္ ၿငိမ္းခ်မ္းေရး ကိုယ္စားလွယ္ အဖဲြ႕ႏွင့္ UWSA တို႔ ပန္ဆန္းၿမိဳ႕၌ ေဆြးေႏြးမႈတြင္ ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း UWSA ၏ ဆက္ဆံေရးရံုးတာဝန္ခံ ဦးညီရန္း၏ ႏိုဝင္ဘာလ (၁၄)ရက္ေန႔က ေဖာ္ျပခ်က္အရ သိရသည္။

ရွမ္းျပည္နယ္ အစိုးရအဖြဲ႔၀င္၊ နယ္စပ္ေရးရာဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္ ဦးေဆာင္သည့္ ၿငိမ္းခ်မ္းေရး ကိုယ္စားလွယ္အဖဲြ႕သည္ UWSA ဌာနခ်ဳပ္ရွိရာ ပန္ဆန္းၿမိဳ႕တြင္ ႏိုဝင္ဘာလ (၁၁) ရက္ေန႔က UWSA ဥကၠဌ ဦးေပါက္ယူခ်န္း၊ ဒု ဥကၠဌ ဦးေရွာက္မင္လ်န္ႏွင့္အဖဲြ႕တို႔ျဖင့္ ေတြ႔ဆံု ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

အဆိုပါ ဂိတ္မွာ အထူးေဒသ (၄) မိုင္းလားေဒသတြင္ UWSA တပ္ဖြဲ႔မ်ား ဝင္ေရာက္ျခင္းႏွင့္ပတ္သက္၍ အေျခအေန မတည္ၿငိမ္မႈမ်ား ျဖစ္ၿပီးေနာက္ ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာလ (၂၃)ရက္ေန႔ ညေန (၄)နာရီမွစ၍ မုိင္းလားဘက္မွ ရုတ္တရက္ပိတ္ခဲ့ျခင္းျဖစ္သည္။

ၿငိမ္းခ်မ္းေရး ကိုယ္စားလွယ္အဖြဲ႔သည္ ပန္ဆန္းၿမိဳ႕တြင္ ေတြ႔ဆံုရာ၌ ႏိုင္ငံေတာ္သမၼတ ဦးထင္ေက်ာ္ ၊ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္တို႔၏ ခ်စ္ၾကည္ေရးအမွာစကားမ်ားကို ေျပာၾကားခဲ့ၿပီး ေဒသတြင္း ဖြံ႕ၿဖိဳးေရး လုပ္ငန္းမ်ားအား ေဆြးေႏြးၾကျခင္းျဖစ္ေၾကာင္း ဦးညီရမ္း၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ေဖာ္ျပခ်က္အရ သိရသည္။

အဆိုပါ ေတြ႔ဆံုေဆြးေႏြးမႈတြင္ ႏွစ္ဖက္ယံုၾကည္မႈ ဆက္လက္တည္ေဆာက္ရန္၊ ေဒသတြင္း လမ္းပန္း ဆက္သြယ္ေရး ပိုမိုေကာင္းမြန္ရန္ ႏုိင္ငံေတာ္အစိုးရအေနျဖင့္ လမ္းခင္းကတၱရာမ်ား ပံ့ပိုးရန္၊ မိုင္းေမာခရိုင္ မန္တြန္းၿမိဳ႕နယ္ တြင္ ကီလိုဝပ္ (၆၀၀၀၀) ထုတ္လုပ္ႏိုင္ေသာ ေရအားလ်ွပ္စစ္စက္ရံု တည္ေဆာက္ခြင့္ ျပဳရန္၊ မိုင္းေပါက္-မိုင္းလား-က်ိဳင္းတံု လမ္းအၾကားတြင္ရိွေသာ ဝမ္တာပင္း တံတား ျပန္ဖြင့္ရန္၊ "ဝ "ေဒသမွ ေက်ာင္းသားမ်ား အျခားေဒသမ်ားတြင္ ပညာသင္ၾကားႏုိင္ေရး ႏုိင္ငံသား စိစစ္ေရးကတ္မ်ား ထုတ္ေပးရန္၊ ရွမ္းျပည္နယ္လႊတ္ေတာ္က အၾကမ္းဖက္အဖြဲ႔အျဖစ္ သတ္မွတ္ထားသည့္ MNDAA၊ TNLA ႏွင့္ AA တို႔အား အၾကမ္းဖက္အဖြဲ႕မွ ပယ္ဖ်က္ေပးရန္ႏွင့္ ျပည္ေထာင္စုမွ ခြဲထြက္ျခင္း မျပဳေၾကာင္း UWSA ဒု ဥကၠဌ ဦးေရွာက္မင္လ်န္က သေဘာထားတင္ျပၿပီး ႏိုင္ငံေရး ေဆြးေႏြးရာတြင္ UWSP/UWSA အဖြဲ႔အေနျဖင့္ NCA စာခ်ဳပ္တြင္ ပါဝင္ လက္မွတ္ေရးထိုးေစလိုေၾကာင္း ၿငိမ္းခ်မ္းေရးေကာ္မရွင္အဖြဲ႕က တိုက္တြန္း ေျပာၾကားျခင္းအား UWSP/UWSA အေနျဖင့္ FPNCC ေကာ္မတီ၏ ယခင္ ထုတ္ျပန္ေၾကညာထားေသာ ႏုိင္ငံေရးမူေဘာင္မ်ားအတိုင္း ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းေဆြးေႏြးခဲ့သည္ဟု ေဖာ္ျပထားသည္။

ၿငိမ္းခ်မ္းေရးကိုယ္စားလွယ္အဖြဲ႕သည္ မုိင္းလားေဒသသို႔ ႏိုဝင္ဘာလ (၁၂ ) ရက္ေန႔တြင္ ဆက္လက္ ထြက္ခြာၿပီး ေတြ႔ဆံုေဆြးေႏြးမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

သတင္း - အင္မိုင္ခ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းပေါက် - မိုင်းလား - ကျိုင်းတုံလမ်းရှိ ဝမ်တာပင်းတံတားအား ပြန်လည် ဖွင့်လှစ်ရန်ကိစ္စကို နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် UWSA တို့ ပန်ဆန်းမြို့၌ ဆွေးနွေးမှုတွင် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း UWSA၏ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်း၏ နိုဝင်ဘာလ (၁၄)ရက်နေ့က ဖော်ပြချက်အရ သိရသည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် UWSA ဌာနချုပ်ရှိရာ ပန်ဆန်းမြို့တွင် နိုဝင်ဘာလ (၁၁) ရက်နေ့က UWSA ဥက္ကဌ ဦးပေါက်ယူချန်း၊ ဒု ဥက္ကဌ ဦးရှောက်မင်လျန်နှင့်အဖွဲ့တို့ဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဂိတ်မှာ အထူးဒေသ (၄) မိုင်းလားဒေသတွင် UWSA တပ်ဖွဲ့များ ဝင်ရောက်ခြင်းနှင့်ပတ်သက်၍ အခြေအနေ မတည်ငြိမ်မှုများ ဖြစ်ပြီးနောက် ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၂၃)ရက်နေ့ ညနေ (၄)နာရီမှစ၍ မိုင်းလားဘက်မှ ရုတ်တရက်ပိတ်ခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ပန်ဆန်းမြို့တွင် တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ ချစ်ကြည်ရေးအမှာစကားများကို ပြောကြားခဲ့ပြီး ဒေသတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများအား ဆွေးနွေးကြခြင်းဖြစ်ကြောင်း ဦးညီရမ်း၏ လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြချက်အရ သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် နှစ်ဖက်ယုံကြည်မှု ဆက်လက်တည်ဆောက်ရန်၊ ဒေသတွင်း လမ်းပန်း ဆက်သွယ်ရေး ပိုမိုကောင်းမွန်ရန် နိုင်ငံတော်အစိုးရအနဖြေင့် လမ်းခင်းကတ္တရာများ ပံ့ပိုးရန်၊ မိုင်းမောခရိုင် မန်တွန်းမြို့နယ် တွင် ကီလိုဝပ် (၆၀၀၀၀) ထုတ်လုပ်နိုင်သော ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ခွင့် ပြုရန်၊ မိုင်းပေါက်-မိုင်းလား-ကျိုင်းတုံ လမ်းအကြားတွင်ရှိသော ဝမ်တာပင်း တံတား ပြန်ဖွင့်ရန်၊ "ဝ "ဒေသမှ ကျောင်းသားများ အခြားဒေသများတွင် ပညာသင်ကြားနိုင်ရေး နိုင်ငံသား စိစစ်ရေးကတ်များ ထုတ်ပေးရန်၊ ရှမ်းပြည်နယ်လွှတ်တော်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် MNDAA၊ TNLA နှင့် AA တို့အား အကြမ်းဖက်အဖွဲ့မှ ပယ်ဖျက်ပေးရန်နှင့် ပြည်ထောင်စုမှ ခွဲထွက်ခြင်း မပြုကြောင်း UWSA ဒု ဥက္ကဌ ဦးရှောက်မင်လျန်က သဘောထားတင်ပြပြီး နိုင်ငံရေး ဆွေးနွေးရာတွင် UWSP/UWSA အဖွဲ့အနဖြေင့် NCA စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးစေလိုကြောင်း ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့က တိုက်တွန်း ပြောကြားခြင်းအား UWSP/UWSA အနဖြေင့် FPNCC ကော်မတီ၏ ယခင် ထုတ်ပြန်ကြေညာထားသော နိုင်ငံရေးမူဘောင်များအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။

ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် မိုင်းလားဒေသသို့ နိုဝင်ဘာလ (၁၂ ) ရက်နေ့တွင် ဆက်လက် ထွက်ခွာပြီး တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

သတင်း - အင်မိုင်ခ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~