ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား ၇ ဦးကို တာချီလိတ်သို့ လွှဲပြောင်းပေး

ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား ၇ ဦးကို တာချီလိတ်သို့ လွှဲပြောင်းပေး
နိုဝင်ဘာ 20, 2017
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် နိုဝင်ဘာလ (၂၀)ရက်နေ့က ထိုင်းနိုင်ငံတွင် တရားမဝင် နေထိုင်သည့် မြန်မာနိုင်ငံသား အမျိုးသား(၅)ဦးနှင့် အမျိုးသမီး(၂)ဦးအား လာရောက် လွှဲပြောင်းပေးကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက  မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတား တာချီလိတ်ဘက်သို့ လာရောက် လွှဲပြောင်းပေးခြင်းဖြစ်ပြီး ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား တာချီလိတ်မှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေးရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) ကော်မတီတို့က လက်ခံကြိုဆိုပြီး ၎င်းတို့၏ မူလနေရပ်ဒေသများသို့  ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက် ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၇ခုနှစ် ဇန်န၀ါရီလ(၁)ရက်နေ့မှ   နိုဝင်ဘာလ(၂၀)ရက်နေ့အထိ တာချီလိတ်သို့ ပြန်လည်လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားဦးရေမှာ အမျိုးသား(၇၀၇)ဦး ၊ အမျိုးသမီး(၃၂၁)ဦး ၊ ကလေး(၅၆)ဦး၊ စုစုပေါင်း (၁၀၈၄)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
ဓါတ်ပုံ #မြို့နယ်ထွေအုပ်


~~~~~~~~⊰❂ unicode ~~~~~~~~




ဓာတျပုံ #မွို့နယျထှအေုပျ 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~