သီေပါတြင္ ယာဥ္တုိက္မႈျဖစ္ရာမွ မူးယစ္ေဆးမ်ားဖမ္းဆီးရမိ

သီေပါတြင္ ယာဥ္တုိက္မႈျဖစ္ရာမွ မူးယစ္ေဆးမ်ားဖမ္းဆီးရမိ
နိုဝင်ဘာ 19, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕နယ္ ပန္းေစာက္မိန္းေက်းရြာအနီး ျပည္ေထာင္စုလမ္းမႀကီးတြင္ ႏိုဝင္ဘာလ (၁၈)ရက္ေန႔က ဆိုင္ကယ္ႏွစ္စီးမ်က္ႏွာခ်င္းဆိုင္ တိုက္မိရာမွ မူးယစ္ေဆးဝါးမ်ား သယ္ေဆာင္လာသည္ကို စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။

သီေပါၿမိဳ႕ဘက္မွ လားရိႈးၿမိဳ႕ဘက္သို႔ စိုင္းလွထြန္းေမာင္းႏွင္လာသည့္ ဆိုင္ကယ္ႏွင့္ လားရိႈးၿမိဳ႕ဘက္မွ သီေပါၿမိဳ႕ဘက္သို႔ ေဒၚေအးသာ(ခ)လင္စူ ေမာင္းႏွင္လာသည့္ ဆုိင္ကယ္တို႔ လမ္းအလယ္တြင္ မ်က္ႏွာခ်င္းဆိုင္တုိက္မိသျဖင့္ ႏွစ္ဦးလံုး ဒဏ္ရာရရိွသြားၿပီး သီေပါၿမိဳ႕ ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

အခင္းျဖစ္ေနရာအား စစ္ေဆးသည့္ ရဲတပ္ဖြဲ႕သည္ ေဒၚေအးသာ(ခ)လင္စူ ေမာင္းႏွင္လာသည့္ ဆိုင္ကယ္မွ ဘိန္းျဖဴ(၁၁၀)ဂရမ္ ၊ WY ၊ 88/1 စိတ္ႂကြေဆးျပား (၈၄၈၀)ျပားကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ယာဥ္တုိက္မႈႏွင့္ပတ္သက္၍ စိုင္းလွထြန္းႏွင့္ ေဒၚေအးသာ(ဘ)လင္စူတို႔အား သီေပါၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၅၃/၂၀၁၇ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၃၃၇/ ၃၃၈ (မဆင္မျခင္ေမာင္းႏွင္မႈ၊ ေပါ့ေလ်ာ့မႈေၾကာင့္ သာမန္/ ျပင္းထန္နာက်င္ေစမႈ)ျဖင့္ အမႈဖြင့္ထားၿပီး ေဒၚေအးသာ(ခ)လင္စူအား မယ(ပ)၅၀/၂၀၁၇ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)ျဖင့္ပါ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် ပန်းစောက်မိန်းကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးတွင် နိုဝင်ဘာလ (၁၈)ရက်နေ့က ဆိုင်ကယ်နှစ်စီးမျက်နှာချင်းဆိုင် တိုက်မိရာမှ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

သီပေါမြို့ဘက်မှ လားရှိုးမြို့ဘက်သို့ စိုင်းလှထွန်းမောင်းနှင်လာသည့် ဆိုင်ကယ်နှင့် လားရှိုးမြို့ဘက်မှ သီပေါမြို့ဘက်သို့ ဒေါ်အေးသာ(ခ)လင်စူ မောင်းနှင်လာသည့် ဆိုင်ကယ်တို့ လမ်းအလယ်တွင် မျက်နှာချင်းဆိုင်တိုက်မိသဖြင့် နှစ်ဦးလုံး ဒဏ်ရာရရှိသွားပြီး သီပေါမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်နေရာအား စစ်ဆေးသည့် ရဲတပ်ဖွဲ့သည် ဒေါ်အေးသာ(ခ)လင်စူ မောင်းနှင်လာသည့် ဆိုင်ကယ်မှ ဘိန်းဖြူ(၁၁၀)ဂရမ်၊ WY၊ 88/1 စိတ်ကြွဆေးပြား (၈၄၈၀)ပြားကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုနှင့်ပတ်သက်၍ စိုင်းလှထွန်းနှင့် ဒေါ်အေးသာ(ဘ)လင်စူတို့အား သီပေါမြို့မရဲစခန်းတွင် ယာဉ်(ပ)၅၃/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/ ၃၃၈ (မဆင်မခြင်မောင်းနှင်မှု၊ ပေါ့လျော့မှုကြောင့် သာမန်/ ပြင်းထန်နာကျင်စေမှု)ဖြင့် အမှုဖွင့်ထားပြီး ဒေါ်အေးသာ(ခ)လင်စူအား မယ(ပ)၅၀/၂၀၁၇ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)ဖြင့်ပါ အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~