ထုိင္းႏုိင္ငံမွ ဆုေၾကးထုတ္ထားသည့္ မူးယစ္တရားခံေျပးအား တာခ်ီလိတ္တြင္ ဖမ္းဆီးရမိ

ထုိင္းႏုိင္ငံမွ ဆုေၾကးထုတ္ထားသည့္ မူးယစ္တရားခံေျပးအား တာခ်ီလိတ္တြင္ ဖမ္းဆီးရမိ
နိုဝင်ဘာ 25, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ႏိုဝင္ဘာလ (၂၄)ရက္ေန႔က မူးယစ္ေဆးဝါး၊ မူးယစ္ေဆးဝါးထုတ္လုပ္သည့္စက္၊ လက္နက္တို႔ႏွင့္အတူ  ဖမ္းဆီးရမိသည့္ အမ်ိဳးသားႏွစ္ဦးအနက္ ျမန္မာႏုိင္ငံသားမွတ္ပံုတင္ကိုင္ေဆာင္ထားသူသည္ ထုိင္းႏုိင္ငံမွ ဆုေၾကးထုတ္ထားသည့္ မူးယစ္တရားခံေျပးျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသူႏွစ္ဦးအနက္ ျမန္မာႏုိင္ငံသားမွတ္ပံုတင္ကိုင္ေဆာင္ထားသည့္ အားခ်ဴဆိုသူသည္ ၂၀၀၈ ခုႏွစ္ ဇူလုိင္လ(၂၅) ရက္ေန႔က ထိုင္းနိုင္ငံ၊ လင္းဖြန္းခရိုင္၊ ထူဟိုခ်န္းၿမိဳ႕နယ္၊ တေခးပုန္း အမွတ္(၁)ရပ္ကြက္တြင္ စိတ္ႂကြ ႐ူးသြပ္ေဆးျပား (၆၀၀၀၀)ဖမ္းဆီးရမိမႈႏွင့္  ပတ္သက္၍ ခရိုင္တရား႐ုံးအမွတ္ ၁၁၀/၂၀၀၈ ျဖင့္ ထိုင္းနိုင္ငံမွ ဆုေငြ ဘတ္တစ္သိန္း ေၾကညာထားသည့္ တရားခံေျပး စရာရြတ္ေကစရီနီရတ္ (Sarayuth Ketsarinnirat) ျဖစ္ေၾကာင္း သိရိွရၿပီး ဖမ္းဆီးရမိတရားခံမ်ားကို ျမန္မာနိုင္ငံ၏ တည္ဆဲဥပေဒ ႏွင့္အညီ အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္တြင္ ေနထိုင္သည့္လိပ္စာျဖင့္ ျမန္မာႏုိင္ငံသားမွတ္ပံုတင္ကိုင္ေဆာင္ထားသည့္ အားခ်ဴႏွင့္ မယ္ဆိုင္ၿမိဳ႕၊ ဆီမုန္းခၽြန္းရပ္ကြက္တြင္ ေနထုိင္သည့္ ကိုင္(ခ) Prasan တို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ႏိုဝင္ဘာလ (၂၄)ရက္ေန႔က မယ(ပ)၇၄/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၆(ခ)/၁၉(က)/၂၀(က)/၂၂(ခ)/၂၁ အရ အမႈဖြင့္ထားျခင္းျဖစ္ၿပီး ဆက္စပ္ဥပေဒမ်ားျဖင့္ပါ အမႈဖြင့္ အေရးယူႏုိင္ရန္ ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ

~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းနိုင်ငံမှ ဆုကြေးထုတ်ထားသည့် မူးယစ်တရားခံပြေးအား တာချီလိတ်တွင် ဖမ်းဆီးရမိ
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် နိုဝင်ဘာလ (၂၄)ရက်နေ့က မူးယစ်ဆေးဝါး၊ မူးယစ်ဆေးဝါးထုတ်လုပ်သည့်စက်၊ လက်နက်တို့နှင့်အတူ  ဖမ်းဆီးရမိသည့် အမျိုးသားနှစ်ဦးအနက် မြန်မာနိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်ထားသူသည် ထိုင်းနိုင်ငံမှ ဆုကြေးထုတ်ထားသည့် မူးယစ်တရားခံပြေးဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူနှစ်ဦးအနက် မြန်မာနိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်ထားသည့် အားချူဆိုသူသည် ၂၀၀၈ ခုနှစ် ဇူလိုင်လ(၂၅) ရက်နေ့က ထိုင်းနိုင်ငံ၊ လင်းဖွန်းခရိုင်၊ ထူဟိုချန်းမြို့နယ်၊ တခေးပုန်း အမှတ်(၁)ရပ်ကွက်တွင် စိတ်ကြွ ရူးသွပ်ဆေးပြား (၆၀၀၀၀)ဖမ်းဆီးရမိမှုနှင့်  ပတ်သက်၍ ခရိုင်တရားရုံးအမှတ် ၁၁၀/၂၀၀၈ ဖြင့် ထိုင်းနိုင်ငံမှ ဆုငွေ ဘတ်တစ်သိန်း ကြေညာထားသည့် တရားခံပြေး စရာရွတ်ကေစရီနီရတ် (Sarayuth Ketsarinnirat) ဖြစ်ကြောင်း သိရှိရပြီး ဖမ်းဆီးရမိတရားခံများကို မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်တွင် နေထိုင်သည့်လိပ်စာဖြင့် မြန်မာနိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်ထားသည့် အားချူနှင့် မယ်ဆိုင်မြို့၊ ဆီမုန်းချွန်းရပ်ကွက်တွင် နေထိုင်သည့် ကိုင်(ခ) Prasan တို့အား တာချီလိတ်မြို့မရဲစခန်းတွင် နိုဝင်ဘာလ (၂၄)ရက်နေ့က မယ(ပ)၇၄/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ခ)/၁၉(က)/၂၀(က)/၂၂(ခ)/၂၁ အရ အမှုဖွင့်ထားခြင်းဖြစ်ပြီး ဆက်စပ်ဥပဒေများဖြင့်ပါ အမှုဖွင့် အရေးယူနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~