တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္ေဆးဝါး၊လက္နက္တို႔ႏွင့္အတူ ဖမ္းဆီးရမိသည့္ ထိုင္းႏိုင္ငံသားပါ အမ်ိဳးသားႏွစ္ဦးအား ဆက္စပ္ဥပေဒမ်ားျဖင့္ပါ အေရးယူႏုိင္ေရး ဆက္လက္ေဆာင္ရြက္ေန

တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္ေဆးဝါး၊လက္နက္တို႔ႏွင့္အတူ ဖမ္းဆီးရမိသည့္ ထိုင္းႏိုင္ငံသားပါ အမ်ိဳးသားႏွစ္ဦးအား ဆက္စပ္ဥပေဒမ်ားျဖင့္ပါ အေရးယူႏုိင္ေရး ဆက္လက္ေဆာင္ရြက္ေန
နိုဝင်ဘာ 25, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္ေဆးဝါး၊ မူးယစ္ေဆးဝါးထုတ္လုပ္သည့္ဆက္စပ္ပစၥည္းမ်ား၊ လက္နက္တို႔ႏွင့္အတူ  ဖမ္းဆီးရမိသည့္ ထိုင္းႏိုင္ငံသားပါအမ်ိဳးသားႏွစ္ဦးအား လူဝင္မႈႀကီးၾကပ္ေရးဥပေဒအျပင္ ဆက္စပ္ဥပေဒမ်ားျဖင့္ပါ အေရးယူႏုိင္ရန္ ႏိုဝင္ဘာလ (၂၅)ရက္ေန႔တြင္ ဆက္လက္စစ္ေဆးေဆာင္ရြက္ေနေၾကာင္း သိရသည္။

မူးယစ္ေဆးဝါး၊ မူးယစ္ေဆးဝါးထုတ္လုပ္သည့္ဆက္စပ္ပစၥည္းမ်ား၊ လက္နက္တို႔ႏွင့္အတူ  ဖမ္းဆီးရမိထားေသာ တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္တြင္ ေနထိုင္သည့္ အားခ်ဴႏွင့္ မယ္ဆိုင္ၿမိဳ႕၊ ဆီမုန္းခၽြန္းရပ္ကြက္တြင္ ေနထုိင္သည့္ ကိုင္(ခ) Prasan တို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ႏိုဝင္ဘာလ (၂၄)ရက္ေန႔က မယ(ပ)၇၄/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၆(ခ)/၁၉(က)/၂၀(က)/၂၂(ခ)/၂၁ အရ အမႈဖြင့္ထားၿပီး အျခားဆက္စပ္ဥပေဒမ်ားျဖင့္ပါ အမႈဖြင့္ အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႕ဝင္မ်ား၊ တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ တာခ်ီလိတ္ၿမိဳ႕၊ ရန္ေအာင္ေျမရပ္ကြက္ရွိ ဂိုေဒါင္တစ္ခုတြင္ ပစ္ခတ္မႈျဖစ္ပြားေၾကာင္း သတင္းအရ ႏိုဝင္ဘာလ (၂၄)ရက္ေန႔ ညေန (၄)နာရီအခ်ိန္တြင္ ဝင္ေရာက္ရွာေဖြရာ မူးယစ္ေဆးဝါး၊ မူးယစ္ေဆးဝါးထုတ္လုပ္သည့္ ဆက္စပ္ပစၥည္းမ်ား၊ လက္နက္တို႔ႏွင့္အတူ  အဆိုပါ ဂိုေဒါင္အား ငွားရမ္းေနထိုင္သူျဖစ္သည့္ အားခ်ဴႏွင့္ ထိုင္းနိုင္ငံသား ကိုင္(ခ) Prasan တို႔အား ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဂိုေဒါင္အတြင္းမွ ပစၥတိုေသနတ္ (၁)လက္ႏွင့္ က်ည္မ်ိဳးစုံ (၃၄၉)ေတာင့္၊ စိတ္ႂကြေဆးျပား (၆၂၂၀၀)ျပား၊ အေလးခ်ိန္ (၆.၂၂)ကီလို၊ စိတ္ႂကြေဆးမႈန႔္အေလးခ်ိန္ (၂.၁)ကီလိုခန႔္၊ အက္တက္စီ(Ecstasy)ေဆးျပား (၉၀၀)ျပား၊ ဘိန္းညိဳဘေလာက္တုံး (၇)တုံး၊ အေလးခ်ိန္ (၂.၃၁)ကီလိုခန႔္၊ ကဖင္း (၁၆)ကီလိုခန႔္၊ အျဖဴေရာင္ အနံ႔မႈန္႔အေလးခ်ိန္ အေလးခ်ိန္ (၁)ကီလိုခန႔္ ၊VANILINE အျဖဴေရာင္အနံ႔မႈန္႔ အေလးခ်ိန္ (၃၅)ကီလိုခန႔္၊ အနံ႔ေဆးရည္ အေလးခ်ိန္ (၂၀)လီတာခန႔္၊ ေမာ္တာတပ္ဆင္လ်က္ ေဆးျပားရိုက္စက္ (၂)လုံးႏွင့္ အျခားဆက္စပ္ပစၥည္းမ်ားအျဖစ္ ထိုင္းဘတ္ေငြ (၁၀၀၀၀)ႏွင့္ အေမရိကန္ေဒၚလာ (၁၁)ေဒၚလာ၊ ေမာ္ေတာ္ယာဥ္ (၂)စီးတို႔ကို သိမ္းဆည္းရမိထားေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါး၊လက်နက်တို့နှင့်အတူ  ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသားပါ အမျိုးသားနှစ်ဦးအား ဆက်စပ်ဥပဒေများဖြင့်ပါ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေ
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါး၊ မူးယစ်ဆေးဝါးထုတ်လုပ်သည့်ဆက်စပ်ပစ္စည်းများ၊ လက်နက်တို့နှင့်အတူ  ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသားပါအမျိုးသားနှစ်ဦးအား လူဝင်မှုကြီးကြပ်ရေးဥပဒေအပြင် ဆက်စပ်ဥပဒေများဖြင့်ပါ အရေးယူနိုင်ရန် နိုဝင်ဘာလ (၂၅)ရက်နေ့တွင် ဆက်လက်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

မူးယစ်ဆေးဝါး၊ မူးယစ်ဆေးဝါးထုတ်လုပ်သည့်ဆက်စပ်ပစ္စည်းများ၊ လက်နက်တို့နှင့်အတူ  ဖမ်းဆီးရမိထားသော တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်တွင် နေထိုင်သည့် အားချူနှင့် မယ်ဆိုင်မြို့၊ ဆီမုန်းချွန်းရပ်ကွက်တွင် နေထိုင်သည့် ကိုင်(ခ) Prasan တို့အား တာချီလိတ်မြို့မရဲစခန်းတွင် နိုဝင်ဘာလ (၂၄)ရက်နေ့က မယ(ပ)၇၄/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ခ)/၁၉(က)/၂၀(က)/၂၂(ခ)/၂၁ အရ အမှုဖွင့်ထားပြီး အခြားဆက်စပ်ဥပဒေများဖြင့်ပါ အမှုဖွင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ရှိ ဂိုဒေါင်တစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းအရ နိုဝင်ဘာလ (၂၄)ရက်နေ့ ညနေ (၄)နာရီအချိန်တွင် ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါး၊ မူးယစ်ဆေးဝါးထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများ၊ လက်နက်တို့နှင့်အတူ  အဆိုပါ ဂိုဒေါင်အား ငှားရမ်းနေထိုင်သူဖြစ်သည့် အားချူနှင့် ထိုင်းနိုင်ငံသား ကိုင်(ခ) Prasan တို့အား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂိုဒေါင်အတွင်းမှ ပစ္စတိုသေနတ် (၁)လက်နှင့် ကျည်မျိုးစုံ (၃၄၉)တောင့်၊ စိတ်ကြွဆေးပြား (၆၂၂၀၀)ပြား၊ အလေးချိန် (၆.၂၂)ကီလို၊ စိတ်ကြွဆေးမှုန့်အလေးချိန် (၂.၁)ကီလိုခန့်၊ အက်တက်စီ(Ecstasy)ဆေးပြား (၉၀၀)ပြား၊ ဘိန်းညိုဘလောက်တုံး (၇)တုံး၊ အလေးချိန် (၂.၃၁)ကီလိုခန့်၊ ကဖင်း (၁၆)ကီလိုခန့်၊ အဖြူရောင် အနံ့မှုန့်အလေးချိန် အလေးချိန် (၁)ကီလိုခန့် ၊VANILINE အဖြူရောင်အနံ့မှုန့် အလေးချိန် (၃၅)ကီလိုခန့်၊ အနံ့ဆေးရည် အလေးချိန် (၂၀)လီတာခန့်၊ မော်တာတပ်ဆင်လျက် ဆေးပြားရိုက်စက် (၂)လုံးနှင့် အခြားဆက်စပ်ပစ္စည်းများအဖြစ် ထိုင်းဘတ်ငွေ (၁၀၀၀၀)နှင့် အမေရိကန်ဒေါ်လာ (၁၁)ဒေါ်လာ၊ မော်တော်ယာဉ် (၂)စီးတို့ကို သိမ်းဆည်းရမိထားကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~