သီေပါ နမ့္အြန္ဘိနယ္သစ္ေတာရံုးအား လက္လုပ္မိုင္းျဖင့္ ေဖါက္ခြဲခံရ

သီေပါ နမ့္အြန္ဘိနယ္သစ္ေတာရံုးအား လက္လုပ္မိုင္းျဖင့္ ေဖါက္ခြဲခံရ
နိုဝင်ဘာ 30, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕နယ္ နမ့္အြန္ေက်းရြာရွိ နမ့္အြန္ဘိနယ္သစ္ေတာရံုးအား ႏိုဝင္ဘာလ (၂၉)ရက္ေန႔ ည (၁၀) နာရီ(၃၀)ဝန္းက်င္ခန္႔က လက္လုပ္မိုင္းျဖင့္ ေဖာက္ခြဲခံရမႈျဖစ္ပြားခဲ့သျဖင့္ ရံုးအေဆာက္အဦမ်က္ႏွာစာ ထိခိုက္ပ်က္စီးမႈအနည္းငယ္ျဖစ္သြားေၾကာင္း သိရသည္။

“ပ်က္စီးမႈကေတာ့ ႀကီးႀကီးမားမားမရွိပါဘူး။ ေဒသႏၱရလက္လုပ္မိုင္းနဲ႔ သစ္ေတာရံုး မ်က္နာစာမွာေထာင္ထားၿပီး ခြဲသြားတယ္လို႔ ယူဆရပါတယ္။ ေပါက္ကဲြမႈက အစအနေတြေၾကာင့္ ရံုးမ်က္နာစာမွာ အေပါက္ေတြျဖစ္သြားတယ္။ လူနဲ႔အျခားေတာ့ ထိခုိက္မႈမရွိခဲ့ပါဘူး “ဟု သီေပါၿမိဳ႕ၿမိဳ႕မရဲတပ္ဖြဲ႔ နယ္ထိန္းေခါင္းေဆာင္က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ေျပာသည္။

ေပါက္ကြဲမႈျဖစ္ပြားရာေနရာသို႔ နယ္ေျမခံတပ္မေတာ္တပ္ဖြဲ႕က ရွင္းလင္းရွာေဖြမႈမ်ားျပဳလုပ္ခဲ့ၿပီး ႏိုဝင္ဘာလ (၃၀) ရက္ေန႔ နံနက္ပိုင္းထိ အျခားေပါက္ကြဲေစတတ္သည့္ အရာမ်ားထပ္မံမေတြ႔ရွိခဲ့ရေၾကာင္း သိရသည္။

“အခ်ိန္ကိုက္ၿပီး ေဖာက္ခြဲသြားတယ္လို႔ ယူဆရပါတယ္။ ရံုးမ်က္နာစာမွာပဲျဖစ္သြားတာဆိုေတာ့ ထိခိုက္တာကေတာ့ အေဆာက္အဦပဲထိခိုက္တယ္။ သက္ဆိုင္ရာကိုေတာ့ ခ်က္ခ်င္းအေၾကာင္းၾကားတယ္။ ပ်က္စီးဆံုးရႈံးမႈ တန္ဖိုးကေတာ့ ေျပာပေလာက္ေအာင္မရွိပါဘူး” ဟု သီေပါၿမိဳ႕ ၿမိဳ႕နယ္သစ္ေတာဦးစီးဌာနမွ ေတာၾကပ္ ဦးသက္ေဝမင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ႏိုဝင္ဘာလ (၂၇ ) ရက္ေန႔ညပိုင္းကလည္း ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ေက်ာက္မဲၿမိဳ႕ရွိ အမွတ္(၃၅၂) အေျမွာက္တပ္၏ ဝင္ေပါက္ႏွစ္ခုၾကားတြင္ လက္လုပ္မိုင္းျဖင့္ ေဖာက္ခြဲခံရမႈျဖစ္ပြားခဲ့ၿပီး ၄င္းေနရာအနီးတြင္ ႏိုဝင္ဘာလ (၂၈) ရက္ေန႔ နံနက္ပိုင္းက မေပါက္ကြဲေသးသည့္ လက္လုပ္မိုင္းတစ္လံုးအား ထပ္မံေတြ႔ရွိခဲ့သည္။

သတင္း #ေနၿဖိဳးျမင့္
ဓာတ္ပံု #ခြန္ခမ္းေကာင္

~~~~~~~~⊰❂ unicode ~~~~~~~~
သီပေါ နမ့်အွန်ဘိနယ်သစ်တောရုံးအား လက်လုပ်မိုင်းဖြင့် ဖေါက်ခွဲခံရ
**************

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် နမ့်အွန်ကျေးရွာရှိ နမ့်အွန်ဘိနယ်သစ်တောရုံးအား နိုဝင်ဘာလ (၂၉)ရက်နေ့ ည (၁၀) နာရီ(၃၀)ဝန်းကျင်ခန့်က လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခံရမှုဖြစ်ပွားခဲ့သဖြင့် ရုံးအဆောက်အဦမျက်နှာစာ ထိခိုက်ပျက်စီးမှုအနည်းငယ်ဖြစ်သွားကြောင်း သိရသည်။

“ပျက်စီးမှုကတော့ ကြီးကြီးမားမားမရှိပါဘူး။ ဒေသန္တရလက်လုပ်မိုင်းနဲ့ သစ်တောရုံး မျက်နာစာမှာထောင်ထားပြီး ခွဲသွားတယ်လို့ ယူဆရပါတယ်။ ပေါက်ကွဲမှုက အစအနတွေကြောင့် ရုံးမျက်နာစာမှာ အပေါက်တွဖြေစ်သွားတယ်။ လူနဲ့အခြားတော့ ထိခိုက်မှုမရှိခဲ့ပါဘူး “ဟု သီပေါမြို့မြို့မရဲတပ်ဖွဲ့ နယ်ထိန်းခေါင်းဆောင်က တာချီလိတ်သတင်းအေဂျင်စီ သို့ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ နယ်မြေခံတပ်မတော်တပ်ဖွဲ့က ရှင်းလင်းရှာဖွေမှုများပြုလုပ်ခဲ့ပြီး နိုဝင်ဘာလ (၃၀) ရက်နေ့ နံနက်ပိုင်းထိ အခြားပေါက်ကွဲစေတတ်သည့် အရာများထပ်မံမတွေ့ရှိခဲ့ရကြောင်း သိရသည်။

“အချိန်ကိုက်ပြီး ဖောက်ခွဲသွားတယ်လို့ ယူဆရပါတယ်။ ရုံးမျက်နာစာမှာပဲဖြစ်သွားတာဆိုတော့ ထိခိုက်တာကတော့ အဆောက်အဦပဲထိခိုက်တယ်။ သက်ဆိုင်ရာကိုတော့ ချက်ချင်းအကြောင်းကြားတယ်။ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကတော့ ပြောပလောက်အောင်မရှိပါဘူး” ဟု သီပေါမြို့ မြို့နယ်သစ်တောဦးစီးဌာနမှ တောကြပ် ဦးသက်ဝေမင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နိုဝင်ဘာလ (၂၇ ) ရက်နေ့ညပိုင်းကလည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့ရှိ အမှတ်(၃၅၂) အမြှောက်တပ်၏ ဝင်ပေါက်နှစ်ခုကြားတွင် လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခံရမှုဖြစ်ပွားခဲ့ပြီး ၄င်းနေရာအနီးတွင် နိုဝင်ဘာလ (၂၈) ရက်နေ့ နံနက်ပိုင်းက မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းတစ်လုံးအား ထပ်မံတွေ့ရှိခဲ့သည်။

သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ #ခွန်ခမ်းကောင်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~