က်ိဳင္းတံုတြင္ သက္တမ္းလြန္မုန္႔မ်ားေရာင္းသည့္ ေက်ာင္းေစ်းဆုိင္ (၄)ဆုိင္အား ေနာက္ဆံုးအႀကိမ္ သတိေပး

က်ိဳင္းတံုတြင္ သက္တမ္းလြန္မုန္႔မ်ားေရာင္းသည့္ ေက်ာင္းေစ်းဆုိင္ (၄)ဆုိင္အား ေနာက္ဆံုးအႀကိမ္ သတိေပး
နိုဝင်ဘာ 24, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕ အထက (၂)မွ ေက်ာင္းေစ်းတန္းတြင္ စားသံုးရန္မသင့္ သက္တမ္းလြန္ စားေသာက္ကုန္မ်ား ေရာင္းခ်ေၾကာင္း စစ္ေဆးေတြ႔ရိွရသည့္ ေစ်းဆုိင္(၄)ဆိုင္အား ေနာက္ဆံုးအႀကိမ္ အျဖစ္ ႏိုဝင္ဘာလ (၂၄)ရက္ေန႔တြင္ ခရိုင္စားသုံးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕က သတိေပးထားေၾကာင္းသိရသည္။

“အခုကေတာ့ ပစၥည္းသိမ္းခဲ့တယ္။ ေနာက္ဆံုးအႀကိမ္အျဖစ္ ျပင္းထန္စြာ သတိေပးမႈ ေဆာင္ရြက္ ထားပါတယ္။ သူတို႔ကို အရင္ကလည္း ပညာေပးေဆြးေႏြးမႈေတြ သိရိွေၾကာင္း ဝန္ခံကတိေတြ လက္မွတ္ေရးထုိးခိုင္းထားၿပီး ျဖစ္ပါတယ္။ ေဟာေျပာပြဲေတြ သံုးေလးႀကိမ္လုပ္တယ္။ ကြင္းဆင္း လက္မွတ္ထိုး ခိုင္းတာ ႏွစ္ႀကိမ္ေလာက္လုပ္ခဲ့ၿပီး ျဖစ္ပါတယ္။ ေနာက္ဆံုးသတိေပးၿပီးျဖစ္တဲ့အတြက္ ေနာက္တစ္ႀကိမ္ထပ္မံေတြ႔ရိွရင္ တည္ဆဲဥပေဒေတြအရ အေရးယူပါမယ္။ အနိမ့္ဆံုးျပစ္ဒဏ္ကေတာ့ အဲဒီေက်ာင္းက ေက်ာင္းက်န္းမာေရးအဖြဲ႕က ဒီဆိုင္ကို ေက်ာင္းဝန္းထဲမွာ လံုးဝေပးမေရာင္းေတာ့ပါဘူး။ ေနာက္ FDA ဥပေဒတို႔ စားသံုးသူဥပေဒတို႔ အျငင္းပြားမႈက ဘယ္လိုဆံုးျဖတ္မလဲ ။ ဒါမ်ိဳးေတြလည္း အေရးယူမႈ ရိွပါေသးတယ္”ဟု က်ိဳင္းတံုခရိုင္ စားသံုးသူအျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ႕ အတြင္းေရးမွဴး ဦးသန္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ခရိုင္စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕က FDA ဌာနႏွင့္ ပူးေပါင္း၍ က်ိဳင္းတုံၿမိဳ႕ အထက(၂)မွ မုန္႔ဆိုင္မ်ားအား ေရွာင္တခင္ ဝင္ေရာက္စစ္ေဆးရာ စားသံုးရန္မသင့္ ေရာင္းခ်ေနသည့္ ဆုိင္(၄)ဆုိင္အား စစ္ေဆးေတြ႔ရိွခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕တြင္ ေက်ာင္းေစ်းတန္းမ်ားအပါအဝင္ ေစ်းမ်ား၊ အေရာင္းဆုိင္မ်ားအား ေရွာင္တခင္ စစ္ေဆးမႈမ်ားကို ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ေရွာင္တခင္စစ္ေဆးႏုိင္ေရးအတြက္ စားသုံးသူေရးရာဦးစီးဌာန ဒုတိယျပည္နယ္ဦးစီးမွဴးရံုး၌ FDA ခရိုင္ဦးစီးမွဴးႏွင့္ ဝန္ထမ္းမ်ား၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွဴး၊ ဒုၿမိဳ႕နယ္ ပညာေရးမွဴး၊ ၿမိဳ႕နယ္စည္ပင္၊ စက္မႈႀကီးၾကပ္ေရးႏွင့္ စစ္ေဆးေရးဦးစီးဌာန၊ တိရစၦာန္ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန၊ က်န္းမာေရးဦးစီးဌာန၊ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးမ်ား၊ အထက(၂)ေက်ာင္းက်န္းမာေရးအဖြဲ႕ မ်ား၊ စားသုံးသူေရးရာဦးစီးဌာန ခရိုင္ဦးစီးမွဴးႏွင့္ ဝန္ထမ္းမ်ား ညိႇႏိႈင္းေဆြးေႏြးမႈမ်ား ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္
ဓါတ္ပံု - က်ိဳင္းတုံစားသုံးသူေရးရာဦးစီးဌာန


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ အထက (၂)မှ ကျောင်းဈေးတန်းတွင် စားသုံးရန်မသင့် သက်တမ်းလွန် စားသောက်ကုန်များ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိရသည့် ဈေးဆိုင်(၄)ဆိုင်အား နောက်ဆုံးအကြိမ် အဖြစ် နိုဝင်ဘာလ (၂၄)ရက်နေ့တွင် ခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က သတိပေးထားကြောင်းသိရသည်။

“အခုကတော့ ပစ္စည်းသိမ်းခဲ့တယ်။ နောက်ဆုံးအကြိမ်အဖြစ် ပြင်းထန်စွာ သတိပေးမှု ဆောင်ရွက် ထားပါတယ်။ သူတို့ကို အရင်ကလည်း ပညာပေးဆွေးနွေးမှုတွေ သိရှိကြောင်း ဝန်ခံကတိတွေ လက်မှတ်ရေးထိုးခိုင်းထားပြီး ဖြစ်ပါတယ်။ ဟောပြောပွဲတွေ သုံးလေးကြိမ်လုပ်တယ်။ ကွင်းဆင်း လက်မှတ်ထိုး ခိုင်းတာ နှစ်ကြိမ်လောက်လုပ်ခဲ့ပြီး ဖြစ်ပါတယ်။ နောက်ဆုံးသတိပေးပြီးဖြစ်တဲ့အတွက် နောက်တစ်ကြိမ်ထပ်မံတွေ့ရှိရင် တည်ဆဲဥပဒေတွေအရ အရေးယူပါမယ်။ အနိမ့်ဆုံးပြစ်ဒဏ်ကတော့ အဲဒီကျောင်းက ကျောင်းကျန်းမာရေးအဖွဲ့က ဒီဆိုင်ကို ကျောင်းဝန်းထဲမှာ လုံးဝပေးမရောင်းတော့ပါဘူး။ နောက် FDA ဥပဒေတို့ စားသုံးသူဥပဒေတို့ အငြင်းပွားမှုက ဘယ်လိုဆုံးဖြတ်မလဲ။ ဒါမျိုးတွေလည်း အရေးယူမှု ရှိပါသေးတယ်”ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က FDA ဌာနနှင့် ပူးပေါင်း၍ ကျိုင်းတုံမြို့ အထက(၂)မှ မုန့်ဆိုင်များအား ရှောင်တခင် ဝင်ရောက်စစ်ဆေးရာ စားသုံးရန်မသင့် ရောင်းချနေသည့် ဆိုင်(၄)ဆိုင်အား စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင် ကျောင်းဈေးတန်းများအပါအဝင် ဈေးများ၊ အရောင်းဆိုင်များအား ရှောင်တခင် စစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရှောင်တခင်စစ်ဆေးနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံး၌ FDA ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ ဒုမြို့နယ် ပညာရေးမှူး၊ မြို့နယ်စည်ပင်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ အထက(၂)ကျောင်းကျန်းမာရေးအဖွဲ့ များ၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - ကျိုင်းတုံစားသုံးသူရေးရာဦးစီးဌာန

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~