ကင္ပြန္းေတာင္ဆည္တြင္ Selfie ဆြဲရင္း ေရထဲျပဳတ္က်သူႏွင့္ လုိက္ဆယ္သူတို႔ ေရနစ္ေသဆံုး

ကင္ပြန္းေတာင္ဆည္တြင္ Selfie ဆြဲရင္း ေရထဲျပဳတ္က်သူႏွင့္ လုိက္ဆယ္သူတို႔ ေရနစ္ေသဆံုး
နိုဝင်ဘာ 19, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး ေတာင္တြင္းႀကီးၿမိဳ႕နယ္ရိွ ကင္ပြန္းေတာင္ဆည္တြင္ ႏိုဝင္ဘာလ (၁၈)ရက္ေန႔ညေနက ဖုန္းျဖင္႔ အမွတ္တရ ဓာတ္ပံုရိုက္ေနရင္း ေရထဲျပဳတ္က်သြားသူႏွင့္ လိုက္လံကယ္ဆယ္သူ ႏွစ္ဦးလံုး ေသဆံုးသြားေၾကာင္း သိရသည္။

ေခ်ာင္းနက္အေရွ႕စုေက်းရြာႏွင့္ ကရင္စုေက်းရြာေနသူမ်ားမွ လူငယ္(၁၁)ဦးအဖြဲ႔သည္ ေဖ်ာက္ဆိပ္ကုန္း ေက်းရြာရွိ ဆရာမႀကီးအား သြားေရာက္ကန္ေတာ့ခဲ့ၾကၿပီးေနာက္ ကင္ပြန္းေတာင္ဆည္သို႔ အေရာက္တြင္ အမွတ္တရဓါတ္ပံုရိုက္ရာမွ ေရနစ္ေသဆံုးမႈ ျဖစ္ပြားရျခင္းျဖစ္ေၾကာင္း သိရသည္။

“ကင္ပြန္းေတာင္ဆည္မွာ လူႏွစ္ဦး ေရနစ္ေသဆုံးတယ္ဆိုတဲ႔ သတင္းရရခ်င္း စခန္းမွဴး ဦးေဆာင္ၿပီး သက္ေသေတြနဲ႔အတူ အခင္းျဖစ္ေနရာကို သြားေရာက္စစ္ေဆးခ့ဲပါတယ္။ မ်က္ျမင္သက္ေသေတြကို စစ္ေဆးေမးျမန္းခ်က္အရ အသက္ (၁၉) ႏွစ္ အရြယ္ရိွတဲ႔ ေမာင္ေအာင္မ်ိဳးထက္ဟာ Selfie ဆဲြေနတုန္း ဆည္ထဲကို ျပဳတ္က်သြားတာေၾကာင္႔ မင္းမင္းဦးနဲ႔ သီဟေက်ာ္တို႔က လိုက္လံ ဆယ္ယူခဲ႔ရာမွာ ေရထဲျပဳတ္က်သူ ေအာင္မ်ိဳးထက္နဲ႔ လိုက္ဆယ္သူ မင္းမင္းဦးတို႔ ေရႏွစ္ေသဆုံးသြားျခင္းျဖစ္တယ္လို႔ သိရပါတယ္”ဟု ဆတ္သြားနယ္ေျမရဲစခန္းမွ ဒုရဲအုပ္ ခ်စ္စိုးမင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ဆတ္သြားနယ္ေျမရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ ၁၇/၂၀၁၇ ျဖင့္ အမႈဖြင့္ေဆာင္ရြက္လ်က္ရိွေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု #ဖီးနစ္၊ လိႈင္ဘြား



~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်ရှိ ကင်ပွန်းတောင်ဆည်တွင် နိုဝင်ဘာလ (၁၈)ရက်နေ့ညနေက ဖုန်းဖြင့် အမှတ်တရ ဓာတ်ပုံရိုက်နေရင်း ရေထဲပြုတ်ကျသွားသူနှင့် လိုက်လံကယ်ဆယ်သူ နှစ်ဦးလုံး သေဆုံးသွားကြောင်း သိရသည်။

ချောင်းနက်အရှေ့စုကျေးရွာနှင့် ကရင်စုကျေးရွာနေသူများမှ လူငယ်(၁၁)ဦးအဖွဲ့သည် ဖျောက်ဆိပ်ကုန်း ကျေးရွာရှိ ဆရာမကြီးအား သွားရောက်ကန်တော့ခဲ့ကြပြီးနောက် ကင်ပွန်းတောင်ဆည်သို့ အရောက်တွင် အမှတ်တရဓာတ်ပုံရိုက်ရာမှ ရေနစ်သေဆုံးမှု ဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။

“ကင်ပွန်းတောင်ဆည်မှာ လူနှစ်ဦး ရေနစ်သေဆုံးတယ်ဆိုတဲ့ သတင်းရရချင်း စခန်းမှူး ဦးဆောင်ပြီး သက်သေတွေနဲ့အတူ အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ မျက်မြင်သက်သေတွေကို စစ်ဆေးမေးမြန်းချက်အရ အသက် (၁၉) နှစ် အရွယ်ရှိတဲ့ မောင်အောင်မျိုးထက်ဟာ Selfie ဆွဲနေတုန်း ဆည်ထဲကို ပြုတ်ကျသွားတာကြောင့် မင်းမင်းဦးနဲ့ သီဟကျော်တို့က လိုက်လံ ဆယ်ယူခဲ့ရာမှာ ရေထဲပြုတ်ကျသူ အောင်မျိုးထက်နဲ့ လိုက်ဆယ်သူ မင်းမင်းဦးတို့ ရေနှစ်သေဆုံးသွားခြင်းဖြစ်တယ်လို့ သိရပါတယ်”ဟု ဆတ်သွားနယ်မြေရဲစခန်းမှ ဒုရဲအုပ် ချစ်စိုးမင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆတ်သွားနယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၁၇/၂၀၁၇ ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #ဖီးနစ်၊ လှိုင်ဘွား

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~