ပုဂံေညာင္ဦးတြင္ ေမာ္ေတာ္ယာဥ္ျဖင့္ေရာင္းခ်သည့္ သဘာဝသစ္သီးေဖ်ာ္ရည္အေရာင္းဆိုင္မ်ား တုိးလာ

ပုဂံေညာင္ဦးတြင္ ေမာ္ေတာ္ယာဥ္ျဖင့္ေရာင္းခ်သည့္ သဘာဝသစ္သီးေဖ်ာ္ရည္အေရာင္းဆိုင္မ်ား တုိးလာ
နိုဝင်ဘာ 4, 2017
By 🌸
ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမတြင္ ေမာ္ေတာ္ယာဥ္ျဖင့္ေရာင္းခ်သည့္ သဘာဝသစ္သီးေဖ်ာ္ရည္အေရာင္းဆိုင္မ်ား  ဝင္ေငြေကာင္းသျဖင့္ ေရာင္းခ်သူမ်ားလာေၾကာင္း သိရသည္။

"ကၽြန္ေတာ္ ပုဂံၿမိဳ႕သစ္ သီရိပစၥရာရပ္ကြက္မွာ ေနပါတယ္။ အဲဒီကေန ဒီဓမၼရံႀကီးဘုရားမွာ အ ခုလို သစ္သီးေဖ်ာ္ရည္ေရာင္းတာ သံုးလေလာက္ပဲ ရိွပါေသးတယ္။ ပုဂံက ျပည္တြင္းေရာ ျပည္ပကပါ လာၾကတာျဖစ္လို ့က်န္းမာေရးနဲ ့ညီညြတ္ၿပီး ဓာတုပစၥည္းမသံုးစဲြတဲ့ သဘာဝသစ္သီးေဖ်ာ္ရည္ကို သဘာဝအခင္းအက်င္းေလးနဲ ့ ခံစားၾကရလို ့ထင္တယ္ အေတာ္အားေပးၾကပါတယ္" ဟု မစၥတာဂ်ဳစ္ မိုလ္ဘိုင္းသစ္သီးေဖ်ာ္ရည္အေရာင္းဆိုင္ရွင္ ကိုသန္းထိုက္က တာခ်ီလိတ္သတင္းေအဂ်င္စီသို ့ ေျပာသည္။

အဆိုပါ မိုလ္ဘိုင္းသစ္သီးေဖ်ာ္ရည္အေရာင္းဆိုင္မ်ားသည္ ေမာ္ေတာ္ယာဥ္ေပၚတြင္ ေက်းလက္ဓေလ့ပံုစံ အေဆာက္အဦပံုစံမ်ား ဖန္တီးေလ့ရိွသည္ကို ေတြ႔ရသည္။
"မ်က္စိပသာဒလည္းျဖစ္ေစတယ္။ ဆန္းသစ္တီထြင္ထားတဲ့ အခင္းအက်င္းေလးနဲ ့ ဓာတုကင္းတဲ့ သဘာဝ သစ္သီးေဖ်ာ္ရည္ျဖစ္လို ့ နိုင္ငံျခားသားေတြ နဲ ့ ျပည္တြင္းဘုရားဖူးျပည္သူေတြ အေတာ္ အားေပးၾကတာကို ေတြ ့့ရပါတယ္"ဟု ေညာင္ဦးေဒသခံ ဦးေက်ာ္ကေျပာသည္။

အဆိုပါ အေအးဆုိင္မ်ားသည္ ဘုရားဖူးမ်ားသည့္ေန႔မ်ားတြင္ က်ပ္တစ္သိန္းခြဲမွ ႏွစ္သိန္းဖိုးခန္႔အထိ ေရာင္းရၿပီး ပံုမွန္ေန႔မ်ားတြင္ က်ပ္ေျခာက္ေသာင္းဖိုးခန္႔ေရာင္းရေၾကာင္း သိရၿပီး အေအးဆုိင္တစ္ဆုိင္အတြက္ စုစုေပါင္း မတည္ရင္းႏွီးေငြက်ပ္(၉၅) သိန္းခန္ ့ရိွေၾကာင္း သိရသည္။

သတင္း၊ဓာတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
ပုဂံညောင်ဦးတွင် မော်တော်ယာဉ်ဖြင့်ရောင်းချသည့် သဘာဝသစ်သီးဖျော်ရည်အရောင်းဆိုင်များ တိုးလာ
********
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် မော်တော်ယာဉ်ဖြင့်ရောင်းချသည့် သဘာဝသစ်သီးဖျော်ရည်အရောင်းဆိုင်များ  ဝင်ငွေကောင်းသဖြင့် ရောင်းချသူများလာကြောင်း သိရသည်။

"ကျွန်တော် ပုဂံမြို့သစ် သီရိပစ္စရာရပ်ကွက်မှာ နေပါတယ်။ အဲဒီကနေ ဒီဓမ္မရံကြီးဘုရားမှာ အ ခုလို သစ်သီးဖျော်ရည်ရောင်းတာ သုံးလလောက်ပဲ ရှိပါသေးတယ်။ ပုဂံက ပြည်တွင်းရော ပြည်ပကပါ လာကြတာဖြစ်လို ့ကျန်းမာရေးနဲ ့ညီညွတ်ပြီး ဓာတုပစ္စည်းမသုံးစွဲတဲ့ သဘာဝသစ်သီးဖျော်ရည်ကို သဘာဝအခင်းအကျင်းလေးနဲ ့ ခံစားကြရလို ့ထင်တယ် အတော်အားပေးကြပါတယ်" ဟု မစ္စတာဂျုစ် မိုလ်ဘိုင်းသစ်သီးဖျော်ရည်အရောင်းဆိုင်ရှင် ကိုသန်းထိုက်က တာချီလိတ်သတင်းအေဂျင်စီသို ့ ပြောသည်။

အဆိုပါ မိုလ်ဘိုင်းသစ်သီးဖျော်ရည်အရောင်းဆိုင်များသည် မော်တော်ယာဉ်ပေါ်တွင် ကျေးလက်ဓလေ့ပုံစံ အဆောက်အဦပုံစံများ ဖန်တီးလေ့ရှိသည်ကို တွေ့ရသည်။
"မျက်စိပသာဒလည်းဖြစ်စေတယ်။ ဆန်းသစ်တီထွင်ထားတဲ့ အခင်းအကျင်းလေးနဲ ့ ဓာတုကင်းတဲ့ သဘာဝ သစ်သီးဖျော်ရည်ဖြစ်လို ့ နိုင်ငံခြားသားတွေ နဲ ့ ပြည်တွင်းဘုရားဖူးပြည်သူတွေ အတော် အားပေးကြတာကို တွေ ့့ရပါတယ်"ဟု ညောင်ဦးဒေသခံ ဦးကျော်ကပြောသည်။

အဆိုပါ အအေးဆိုင်များသည် ဘုရားဖူးများသည့်နေ့များတွင် ကျပ်တစ်သိန်းခွဲမှ နှစ်သိန်းဖိုးခန့်အထိ ရောင်းရပြီး ပုံမှန်နေ့များတွင် ကျပ်ခြောက်သောင်းဖိုးခန့်ရောင်းရကြောင်း သိရပြီး အအေးဆိုင်တစ်ဆိုင်အတွက် စုစုပေါင်း မတည်ရင်းနှီးငွေကျပ်(၉၅) သိန်းခန် ့ရှိကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~