နမၼတူၿမိဳ႕နယ္၌ ေတာင္ယာအနီး မိုင္းေပါက္ကြဲ၍ ကေလးတစ္ဦး ေသဆံုး

နမၼတူၿမိဳ႕နယ္၌ ေတာင္ယာအနီး မိုင္းေပါက္ကြဲ၍ ကေလးတစ္ဦး ေသဆံုး
နိုဝင်ဘာ 30, 2017
By 🌸
ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) နမၼတူၿမိဳ႕နယ္၊ နားဆန္းေက်းရြာႏွင့္ ၃ မိုင္ခန္႔အကြာရွိ ေတာင္ယာတဲတြင္ ေနထုိင္သည့္ အသက္ ၇ ႏွစ္အရြယ္ ကေလးတစ္ဦး ေတာင္ယာအနီးတြင္ မုိင္းေပါက္ကြဲ၍ ေသဆံုးသြားေၾကာင္း သိရသည္။

ေတာင္ယာတဲ၌ ေနထိုင္သည့္ မိသားစုမွ အသက္ (၇)ႏွစ္အရြယ္ အိုက္လၽွန္သည္ ႏိုဝင္ဘာလ (၂၈)ရက္ေန႔ ညေန (၄)နာရီခန္႔တြင္ ေတာင္ယာအနီးဝန္းက်င္တြင္ ဖ႐ုံရြက္ခူးၿပီး ျပန္လာစဥ္ ေတာင္ယာအနီးမွ ေတြ႕ရွိသည့္ မိုင္းဟုယူဆရေသာပစၥည္းအား ယူေဆာင္ေဆာ့ကစားမိရာမွ ေပါက္ကြဲကာ ေနရာတြင္ ေသဆံုးသြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

နမၼတူၿမိဳ႕နယ္အတြင္း မိုင္းေၾကာင့္ ေဒသခံျပည္သူမ်ား မၾကာခဏထိခိုက္ေသဆံုးမႈမ်ား ျဖစ္ပြားေနျခင္းျဖစ္သည္။

သတင္း #နန္းဟြမ္ခမ္း

~~~~~~~~⊰❂ unicode ~~~~~~~~
နမ္မတူမြို့နယ်၌ တောင်ယာအနီး မိုင်းပေါက်ကွဲ၍ ကလေးတစ်ဦး သေဆုံး
**************
ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ္မတူမြို့နယ်၊ နားဆန်းကျေးရွာနှင့် ၃ မိုင်ခန့်အကွာရှိ တောင်ယာတဲတွင် နေထိုင်သည့် အသက် ရ နှစ်အရွယ် ကလေးတစ်ဦး တောင်ယာအနီးတွင် မိုင်းပေါက်ကွဲ၍ သေဆုံးသွားကြောင်း သိရသည်။

တောင်ယာတဲ၌ နေထိုင်သည့် မိသားစုမှ အသက် (၇)နှစ်အရွယ် အိုက်လျှန်သည် နိုဝင်ဘာလ (၂၈)ရက်နေ့ ညနေ (၄)နာရီခန့်တွင် တောင်ယာအနီးဝန်းကျင်တွင် ဖရုံရွက်ခူးပြီး ပြန်လာစဉ် တောင်ယာအနီးမှ တွေ့ရှိသည့် မိုင်းဟုယူဆရသောပစ္စည်းအား ယူဆောင်ဆော့ကစားမိရာမှ ပေါက်ကွဲကာ နေရာတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နမ္မတူမြို့နယ်အတွင်း မိုင်းကြောင့် ဒေသခံပြည်သူများ မကြာခဏထိခိုက်သေဆုံးမှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။

သတင်း #နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~