NLD မွ ေဒါက္တာဝဏၰစိုးအား က်ိဳင္းတံုၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၂)၏ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ အၿပီးသတ္အမိန္႔ခ်မွတ္

NLD မွ ေဒါက္တာဝဏၰစိုးအား က်ိဳင္းတံုၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၂)၏ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ အၿပီးသတ္အမိန္႔ခ်မွတ္
နိုဝင်ဘာ 22, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂)၏ ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္အျဖစ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွ ေဒါက္တာဝဏၰစိုးအား ခန္႔အပ္ေၾကာင္း ႏို္၀င္ဘာလ (၂၂)ရက္ေန႔တြင္ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္က အၿပီးသတ္အမိန္႔ခ်မွတ္လုိက္ေၾကာင္း သိရသည္။

“ေကာ္မရွင္ ဥကၠဌ ဦးလွသိန္းက ဥကၠဌအေနနဲ႕ တာ၀န္ယူၿပီးေတာ့ အဖြဲ၀င္(၆)ဦးပါ၀င္တဲ့ စုံညီခုံရုံးေရွ႕ေမွာက္မွာ ႏွစ္ဖက္ေလွ်ာက္လဲခ်က္ေတြနဲ႕ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ရုံးက ရုံးေတာ္သဟာယေတြရဲ႕ ဥပေဒအၾကံျပဳခ်က္ေတြကို ၾကားနာၿပီးေတာ့ အရင္က ခ်မွတ္ခဲ့တဲ့ စီရင္ခ်က္ေတြကို ပယ္ဖ်က္ၿပီးေတာ့ ကၽြန္ေတာ့္ကို ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္အျဖစ္ ခန္႔အပ္ေၾကာင္း အမိန္႔ခ်မွတ္ခဲ့တာျဖစ္ပါတယ္။ အဓိကကေတာ့ တရားမဲ့ျပဳက်င့္မႈအေပၚ မူတည္ၿပီးေတာ့ အခုလို အမိန္႔ခ်ခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ အနီးစပ္ဆုံး လုပ္မယ့္ျပည္နယ္လႊတ္ေတာ္မွာ က်မ္းက်ိန္ရမွာ ျဖစ္ပါတယ္”ဟု အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွ ေဒါက္တာဝဏၰစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂)မွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း အျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သူ ေဒါက္တာဝဏၰစိုးႏွင့္ ယင္းမဲဆႏၵနယ္မွ ေရြးေကာက္ တင္ေျမႇာက္ခံရသူ ဦးရွာေမြလရွဲန္တို႔၏ ကန္႔ကြက္လႊာႏွင့္ တန္ျပန္ကန္႔ကြက္လႊာမ်ားအား  ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ ေရြးေကာက္ပြဲခံုအဖြဲ႕က စက္တင္ဘာလ (၂၂)ရက္ေန႔တြင္ ပလပ္လုိက္ၿပီးေနာက္ ေဒါက္တာဝဏၰစိုးက အယူခံလႊာတင္ခဲ့ျခင္းအား ျပန္လည္ၾကားနာခဲ့ျခင္းျဖစ္သည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီမွ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သူ ေဒါက္တာဝဏၰစိုးက အဆိုပါမဲဆႏၵနယ္တြင္ ေရြးေကာက္တင္ေျမႇာက္ခံရသူ ျပည္ေထာင္စုႀကံ႕ခုိင္ေရးနွင့္ ဖြံ႕ၿဖိဳးေရးပါတီမွ ဦးရွာေမြလရွဲန္အေပၚ တုိင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္ ေရြးေကာ္ကပြဲဥပေဒပုဒ္မ ၆၇၊ ၆၈ အရ ကန္႔ကြက္ေလွ်ာက္ထားမႈကို ေရြးေကာက္ပြဲ ကန္႔ကြက္လႊာအမႈအမွတ္ (၄/၂၀၁၇)ျဖင့္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က လက္ခံခဲ့ၿပီး ေလွ်ာက္ထားခံရသူ ဦးရွာေမြလရွဲန္ကလည္း တုိင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္ ေရြးေကာက္ပြဲနည္းဥပေဒ ၉၃ အရ တန္ျပန္ကန္႔ကြက္လႊာ တင္သြင္းခဲ့ျခင္းျဖစ္သည္။

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ ဦးစိုးရယ္ ဥကၠဌအျဖစ္ ေဆာင္ရြက္၍ ခံုအဖြဲ႕ဝင္မ်ားအျဖစ္ ဦးခင္ေမာင္သန္းႏွင့္ ဦးသန္းဝင္းတို႔ပါဝင္သည့္ ေရြးေကာက္ပြဲခံုအဖြဲ႕(၁)က ၾကားနာစစ္ေဆးၿပီး ေလွ်ာက္ထားသူ ေဒါက္တာဝဏၰစိုး၏ ကန္႔ကြက္လႊာႏွင့္ ဦးရွာေမြလရွဲန္၏ တန္ျပန္ကန္႔ကြက္လႊာတို႔ကို ပလပ္ေၾကာင္းႏွင့္ ရွမ္းျပည္နယ္၊ က်ိဳင္းတံုၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ဦးရွာေမြလရွဲန္အား ေရြးေကာက္တင္ေျမႇာက္ျခင္းသည္ တရားဝင္အတည္ျဖစ္ေၾကာင္း စက္တင္ဘာလ (၂၂)ရက္ေန႔က အမိန္႔ခ်မွတ္ထားခဲ့ျခင္းအား အယူခံလႊာ ျပန္တင္ခဲ့ျခင္းျဖစ္သည္။

သတင္း #ဇြဲျမတ္
ဓါတ္ပံု #WNS

~~~~~~~~⊰❂ unicode ~~~~~~~~
NLD မှ ဒေါက်တာဝဏ္ဏစိုးအား ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် အပြီးသတ်အမိန့်ချမှတ်
********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာဝဏ္ဏစိုးအား ခန့်အပ်ကြောင်း နို်ဝင်ဘာလ (၂၂)ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အပြီးသတ်အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

“ကော်မရှင် ဥက္ကဌ ဦးလှသိန်းက ဥက္ကဌအနေနဲ့ တာဝန်ယူပြီးတော့ အဖွဲဝင်(၆)ဦးပါ၀င်တဲ့ စုံညီခုံရုံးရှေ့မှောက်မှာ နှစ်ဖက်လျှောက်လဲချက်တွေနဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ရုံးတော်သဟာယတွေရဲ့ ဥပဒေအကြံပြုချက်တွေကို ကြားနာပြီးတော့ အရင်က ချမှတ်ခဲ့တဲ့ စီရင်ချက်တွေကို ပယ်ဖျက်ပြီးတော့ ကျွန်တော့်ကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ခန့်အပ်ကြောင်း အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။ အဓိကကတော့ တရားမဲ့ပြုကျင့်မှုအပေါ် မူတည်ပြီးတော့ အခုလို အမိန့်ချခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အနီးစပ်ဆုံး လုပ်မယ့်ပြည်နယ်လွှတ်တော်မှာ ကျမ်းကျိန်ရမှာ ဖြစ်ပါတယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာဝဏ္ဏစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါက်တာဝဏ္ဏစိုးနှင့် ယင်းမဲဆန္ဒနယ်မှ ရွေးကောက် တင်မြှောက်ခံရသူ ဦးရှာမွေလရှဲန်တို့၏ ကန့်ကွက်လွှာနှင့် တန်ပြန်ကန့်ကွက်လွှာများအား  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲခုံအဖွဲ့က စက်တင်ဘာလ (၂၂)ရက်နေ့တွင် ပလပ်လိုက်ပြီးနောက် ဒေါက်တာဝဏ္ဏစိုးက အယူခံလွှာတင်ခဲ့ခြင်းအား ပြန်လည်ကြားနာခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါက်တာဝဏ္ဏစိုးက အဆိုပါမဲဆန္ဒနယ်တွင် ရွေးကောက်တင်မြှောက်ခံရသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးရှာမွေလရှဲန်အပေါ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကော်ကပွဲဥပဒေပုဒ်မ ၆၇၊ ၆၈ အရ ကန့်ကွက်လျှောက်ထားမှုကို ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအမှတ် (၄/၂၀၁၇)ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ပြီး လျှောက်ထားခံရသူ ဦးရှာမွေလရှဲန်ကလည်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ၉၃ အရ တန်ပြန်ကန့်ကွက်လွှာ တင်သွင်းခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ် ဥက္ကဌအဖြစ် ဆောင်ရွက်၍ ခုံအဖွဲ့ဝင်များအဖြစ် ဦးခင်မောင်သန်းနှင့် ဦးသန်းဝင်းတို့ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့(၁)က ကြားနာစစ်ဆေးပြီး လျှောက်ထားသူ ဒေါက်တာဝဏ္ဏစိုး၏ ကန့်ကွက်လွှာနှင့် ဦးရှာမွေလရှဲန်၏ တန်ပြန်ကန့်ကွက်လွှာတို့ကို ပလပ်ကြောင်းနှင့် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးရှာမွေလရှဲန်အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်ကြောင်း စက်တင်ဘာလ (၂၂)ရက်နေ့က အမိန့်ချမှတ်ထားခဲ့ခြင်းအား အယူခံလွှာ ပြန်တင်ခဲ့ခြင်းဖြစ်သည်။

သတင်း #ဇွဲမြတ်
ဓါတ်ပုံ #WNS

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~