မုိင္းတုံၿမိဳ႕ နမ့္တံုေခ်ာင္းတြင္ ငါးေရွာ့တိုက္သူတစ္ဦး ေသဆံုး

မုိင္းတုံၿမိဳ႕ နမ့္တံုေခ်ာင္းတြင္ ငါးေရွာ့တိုက္သူတစ္ဦး ေသဆံုး
နိုဝင်ဘာ 22, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းဆတ္ခရိုင္၊ မိုင္းတုံၿမိဳ႕ နမ့္တုံေခ်ာင္းတြင္ ငါးေရွာ့တုိက္သူတစ္ဦး ႏို၀င္ဘာလ (၂၁) ရက္ေန႔ညက ေသဆံုးသြားေၾကာင္း သိရသည္။

မိုင္းတုံၿမိဳ႕မရပ္ကြက္မွ အသက္ (၂၄)ႏွစ္အရြယ္ စိုင္းသိန္းထိုက္သည္ ႏိုဝင္ဘာလ (၂၁)ရက္ေန႔ ေန႔လယ္ (၁၂)နာရီခန္႔က နမ့္တုံေခ်ာင္းကူးတံတားေအာက္ဘက္သို႔ ငါးေရွာ့တိုက္ရန္ ထြက္ခြာသြားရာ ညေန (၆) နာရီခဲြထိ ေနအိမ္သို႔ျပန္လည္ေရာက္ရိွလာျခင္းမရွိသျဖင့္ ေမာင္ႏွမဝမ္းကြဲျဖစ္သူ မနန္း၀တ္ရည္ဖူးႏွင့္ ေမာင္စိုင္းစိုင္ဖတို႔က လုိက္ရွာရာ နမ့္တုံေခ်ာင္းကူးတံတားေအာက္ဘက္ ေပ(၅၀)ခန္႔အကြာ၌ လက္ဆဲြမီးစက္တြင္ ဝါး႐ိုးတပ္ငါးေရွာ့တိုက္တံ တပ္ဆင္ထားလွ်က္ ေခ်ာင္းအတြင္း ေသဆံုးေနသည္ကို ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ မိုင္းတုံၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္း(ပ) ၁/၂၀၁၇ျဖင့္ အမႈဖြင့္ထားၿပီး ဓမၼတာအတိုင္းေသဆုံးျခင္း ဟုတ္/မဟုတ္စစ္ေဆးေဆာင္ရြက္လ်က္ရိွေၾကာင္း သိရသည္။

သတင္း #သန္းေဇာ္ဦး(IPRD)
ဓါတ္ပံု #စိုင္းေအာင္ေထြး(မိုင္းတုံ)

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းတုံမြို့ နမ့်တုံချောင်းတွင် ငါးရှော့တိုက်သူတစ်ဦး သေဆုံး
********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့ နမ့်တုံချောင်းတွင် ငါးရှော့တိုက်သူတစ်ဦး နိုဝင်ဘာလ (၂၁) ရက်နေ့ညက သေဆုံးသွားကြောင်း သိရသည်။

မိုင်းတုံမြို့မရပ်ကွက်မှ အသက် (၂၄)နှစ်အရွယ် စိုင်းသိန်းထိုက်သည် နိုဝင်ဘာလ (၂၁)ရက်နေ့ နေ့လယ် (၁၂)နာရီခန့်က နမ့်တုံချောင်းကူးတံတားအောက်ဘက်သို့ ငါးရှော့တိုက်ရန် ထွက်ခွာသွားရာ ညနေ (၆) နာရီခွဲထိ နေအိမ်သို့ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် မောင်နှမဝမ်းကွဲဖြစ်သူ မနန်းဝတ်ရည်ဖူးနှင့် မောင်စိုင်းစိုင်ဖတို့က လိုက်ရှာရာ နမ့်တုံချောင်းကူးတံတားအောက်ဘက် ပေ(၅၀)ခန့်အကွာ၌ လက်ဆွဲမီးစက်တွင် ဝါးရိုးတပ်ငါးရှော့တိုက်တံ တပ်ဆင်ထားလျှက် ချောင်းအတွင်း သေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မိုင်းတုံမြို့မရဲစခန်းတွင် သေမှုသေခင်း(ပ) ၁/၂၀၁၇ဖြင့် အမှုဖွင့်ထားပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း #သန်းဇော်ဦး(IPRD)
ဓါတ်ပုံ #စိုင်းအောင်ထွေး(မိုင်းတုံ)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~