
နိုဝငျဘာ 25, 2017
By 🌸



ဓါတ်ပုံ #SSAK

~~~~~~~~⊰❂ unicode ~~~~~~~~
တောင်ကြီးမြို့ဖိတ်ခေါ် Mountain Bike နှင့် Down Hill စက်ဘီးပြိုင်ပွဲကျင်းပ
***********
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့တွင် ဖိတ်ခေါ် Mountain Bike နှင့် Down Hill စက်ဘီးပြိုင်ပွဲကို နိုဝင်ဘာလ (၂၅)ရက်နေ့က ကျင်းပကြောင်း သိရသည်။

အဆိုပါ စက်ဘီးပြိုင်ပွဲအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်က သေနတ်ပစ်ဖောက်တာလွှတ်ပေးခဲ့ပြီး ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးစိုင်းလုံကျော်၊ စဝ်စံထွန်းဆေးရုံအုပ်ကြီး ဒေါက်တာအောင်ငွေစံ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ရဲမြင့်၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ အဖွဲ့ဝင်များ၊ "အို " စတိုး BLACK SHIELD မှ တာဝန်ရှိသူများ၊ ပြည်နယ်အား/ကာဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးနှင့်အဖွဲ့များနှင့် စက်ဘီးအားကစားဝါသနာရှင်များလည်း စက်ဘီးပြိုင်ပွဲအဖွင့်တွင် ပါဝင်ကြကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ " အို " စတိုး BLACK SHIELD တို့က ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ #SSAK

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~