ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား ၆ ဦးကို တာချီလိတ်သို့ လွှဲပြောင်းပေး

ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား ၆ ဦးကို တာချီလိတ်သို့ လွှဲပြောင်းပေး
နိုဝငျဘာ 13, 2017
By Tachileik News Agency


ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတား တာချီလိတ်ဘက်သို့ လာရောက်လွှဲပြောင်းပေးခြင်းဖြစ်ပြီး ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား တာချီလိတ်မှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေးရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအားကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) ကော်မတီတို့က လက်ခံကြိုဆိုပြီး ၎င်းတို့၏ မူလနေရပ်ဒေသများသို့ ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။


သတင်း #စိုင်းဇေယျာ



~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား အမျိုးသား(၃)ဦး၊ အမျိုးသမီး(၂)ဦးနှင့် ကလေး (၁)ဦး စုစုပေါင်း (၆)ဦးအား နိုဝင်ဘာလ (၁၃)ရက်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံမှ လာရောက်လွှဲပြောင်းပေးကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတား တာချီလိတ်ဘက်သို့ လာရောက်လွှဲပြောင်းပေးခြင်းဖြစ်ပြီး ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား တာချီလိတ်မှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေးရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအားကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) ကော်မတီတို့က လက်ခံကြိုဆိုပြီး၎င်းတို့၏ မူလနေရပ်ဒေသများသို့ ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

၂၀၁၇ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ နိုဝင်ဘာလ (၁၃) ရက်နေ့အထိ တာချီလိတ်သို့ ပြန်လည်လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားဦးရေမှာ အမျိုးသား(၆၉၇)ဦး၊ အမျိုးသမီး(၃၁၇)ဦး၊ ကလေး(၅၆)ဦး၊ စုစုပေါင်း (၁၀၇၀)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
ဓာတ်ပုံ #မြို့နယ်ထွေအုပ် 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~