တာခ်ီလိတ္တြင္ ႏိုင္ငံျခားသားတစ္ဦးအား တည္းခိုေနထိုင္ခြင့္ျပဳထားသည့္ ေနအိမ္ပိုင္ရွင္ကို အမႈဖြင့္အေရးယူ

တာခ်ီလိတ္တြင္ ႏိုင္ငံျခားသားတစ္ဦးအား တည္းခိုေနထိုင္ခြင့္ျပဳထားသည့္ ေနအိမ္ပိုင္ရွင္ကို အမႈဖြင့္အေရးယူ
နိုဝင်ဘာ 11, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ မိုင္းကိုးေက်းရြာအုပ္စု၊ ပန္ဟတ္ရြာတြင္ ႏိုင္ငံျခားသား တစ္ဦးအား ေနအိမ္တြင္ တည္းခိုေနထုိင္ရန္ လက္ခံထားမႈျဖင့္ ေနအိမ္ပိုင္ရွင္ကို ႏိုဝင္ဘာလ (၁၀)ရက္ေန႔တြင္ လဝက အက္ဥပေဒပုဒ္မျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(က)ရပ္ကြက္တြင္ ႏိုဝင္ဘာလ (၁၀)ရက္ေန႔ ညေန (၆)နာရီ (၂၀)မိနစ္ခန္႔က ဆိုင္ကယ္ ခိုးလာသည္ဟု ယူဆရသည့္ အမ်ိဳးသားတစ္ဦးအား တာခ်ီလိတ္ၿမိဳ႕ရဲတပ္ဖြဲ႕မွ နယ္ထိန္းႏွင့္အဖြဲ႔ က စစ္ေဆးေတြ႕ရွိရာ ဗီဇာသက္တမ္း ေက်ာ္လြန္ ေနထုိင္ၿပီး ဗီဇာစည္းကမ္းခ်ိဳးေဖာက္ကာ ေနအိမ္တစ္ခုတြင္ တည္းခိုေနထိုင္သည့္ မေလးရွားႏုိင္ငံသား တစ္ဦးျဖစ္ေၾကာင္း စစ္ေဆးေတြ႔ရိွခဲ့ရျခင္းျဖစ္သည္ဟု သိရသည္။

အဆိုပါ မေလးရွားႏိုင္ငံသားသည္ အမွတ္(၁)ခ်စ္ၾကည္ေရးတံတားမွတစ္ဆင့္ ၂၀၁၆ ခုႏွစ္ ဧၿပီလ (၁၀)ရက္ေန႔က တရားဝင္ျဖတ္သန္းခြင့္ျဖင့္ဝင္ေရာက္ခဲ့ၿပီး တာခ်ီလိတ္ၿမိဳ႕၊ မိုင္းကိုးအုပ္စု၊ ပန္ဟတ္ရြာမွ ဦးညြန္႔လိႈင္၏ ေနအိမ္တြင္ တည္းခိုေနထုိင္ျခင္းျဖစ္ေၾကာင္း စစ္ေဆးသိရိွရသျဖင့္ ဦးညြန္႔လိႈင္အား ဆက္လက္စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ႏိုင္ငံျခားသားအား တည္းခိုေနထုိင္ခြင့္ျပဳထားသည့္ ဦးညြန္႔လိႈင္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၂၃၁/ ၂၀၁၇၊ ၁၉၄၇ ခုႏွစ္ လဝကအက္ဥပေဒပုဒ္မ ၁၃(၅)အရ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၌ လက္ရွိထုတ္ေပးလ်က္ရွိသည့္ ဗီဇာ (၁၂) မ်ဳိးတြင္ လုပ္ငန္းဗီဇာႏွင့္ လူမႈေရး ဗီဇာကိုင္ေဆာင္သည့္ ႏိုင္ငံျခားသားမ်ားအေနျဖင့္ သက္ဆိုင္ရာလုပ္ငန္းပိုင္ရွင္ မိသားစု၀င္မ်ား၏ ေထာက္ခံခ်က္ပါရွိမွသာ အခန္းငွားေနထုိင္ခြင့္ရွိၿပီး အလည္အပတ္အပါအဝင္ အျခားဗီဇာကိုင္ေဆာင္သည့္ ႏိုင္ငံျခားသားမ်ားအေနျဖင့္ ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာနမွ ခြင့္ျပဳထားသည့္ ဟိုတယ္မ်ားတြင္သာ တည္းခိုေနထုိင္ခြင့္ရိွၿပီး ေနအိမ္၊ စည္ပင္သာယာေရးဦးစီးဌာနမွ လုိင္စင္ျဖင့္ ဖြင့္လွစ္သည့္ တည္းခိုခန္းမ်ားတြင္ ေနထိုင္တည္းခိုခြင့္မရိွေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ ပန်ဟတ်ရွာတွင် နိုင်ငံခြားသား တစ်ဦးအား နေအိမ်တွင် တည်းခိုနေထိုင်ရန် လက်ခံထားမှုဖြင့် နေအိမ်ပိုင်ရှင်ကို နိုဝင်ဘာလ (၁၀)ရက်နေ့တွင် လဝက အက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်တွင် နိုဝင်ဘာလ (၁၀)ရက်နေ့ ညနေ (၆)နာရီ (၂၀)မိနစ်ခန့်က ဆိုင်ကယ် ခိုးလာသည်ဟု ယူဆရသည့် အမျိုးသားတစ်ဦးအား တာချီလိတ်မြို့ရဲတပ်ဖွဲ့မှ နယ်ထိန်းနှင့်အဖွဲ့ က စစ်ဆေးတွေ့ရှိရာ ဗီဇာသက်တမ်း ကျော်လွန် နေထိုင်ပြီး ဗီဇာစည်းကမ်းချိုးဖောက်ကာ နေအိမ်တစ်ခုတွင် တည်းခိုနေထိုင်သည့် မလေးရှားနိုင်ငံသား တစ်ဦးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ မလေးရှားနိုင်ငံသားသည် အမှတ်(၁)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၂၀၁၆ ခုနှစ် ဧပြီလ (၁၀)ရက်နေ့က တရားဝင်ဖြတ်သန်းခွင့်ဖြင့်ဝင်ရောက်ခဲ့ပြီး တာချီလိတ်မြို့၊ မိုင်းကိုးအုပ်စု၊ ပန်ဟတ်ရွာမှ ဦးညွန့်လှိုင်၏ နေအိမ်တွင် တည်းခိုနေထိုင်ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ဦးညွန့်လှိုင်အား ဆက်လက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားသားအား တည်းခိုနေထိုင်ခွင့်ပြုထားသည့် ဦးညွန့်လှိုင်အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၂၃၁/ ၂၀၁၇၊ ၁၉၄၇ ခုနှစ် လဝကအက်ဥပဒေပုဒ်မ ၁၃(၅)အရ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ လက်ရှိထုတ်ပေးလျက်ရှိသည့် ဗီဇာ (၁၂) မျိုးတွင် လုပ်ငန်းဗီဇာနှင့် လူမှုရေး ဗီဇာကိုင်ဆောင်သည့် နိုင်ငံခြားသားများအနဖြေင့် သက်ဆိုင်ရာလုပ်ငန်းပိုင်ရှင် မိသားစုဝင်များ၏ ထောက်ခံချက်ပါရှိမှသာ အခန်းငှါးနေထိုင်ခွင့်ရှိပြီး အလည်အပတ်အပါအဝင် အခြားဗီဇာကိုင်ဆောင်သည့် နိုင်ငံခြားသားများအနဖြေင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ခွင့်ပြုထားသည့် ဟိုတယ်များတွင်သာ တည်းခိုနေထိုင်ခွင့်ရှိပြီး နေအိမ်၊ စည်ပင်သာယာရေးဦးစီးဌာနမှ လိုင်စင်ဖြင့် ဖွင့်လှစ်သည့် တည်းခိုခန်းများတွင် နေထိုင်တည်းခိုခွင့်မရှိကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~