အမေရိကန်နိုင်ငံ ပညာရေးနှင့်ယဉ်ကျေးမှုရေးရာဗျူရိုမှ ပံ့ပိုးသည့် အင်္ဂလိပ်စာ(၂)နှစ် အခမဲ့သင်တန်း မကွေးမြို့တွင် ဖွင့်လှစ်ပေးမည်ဖြစ်ရာ စိတ်ဝင်စားသူများ လျှောက်ထားနိုင်
အမေရိကန်နိုင်ငံ ပညာရေးနှင့်ယဉ်ကျေးမှုရေးရာဗျူရိုမှ ပံ့ပိုးသည့် အင်္ဂလိပ်စာ(၂)နှစ် အခမဲ့သင်တန်း မကွေးမြို့တွင် ဖွင့်လှစ်ပေးမည်ဖြစ်ရာ စိတ်ဝင်စားသူများ လျှောက်ထားနိုင်
နိုဝငျဘာ 8, 2017
By Tachileik News Agency
အဆိုပါ English Access Micro-Scholarship Program လျှောက်ထားရန်အတွက် တက္ကသိုလ်ဝင်တန်း အောင်မြင်ရမည်ဟု သတ်မှတ်ထားသော်လည်း တက်ရောက်လိုသူ၏ သင်ယူလိုစိတ်အပေါ် ဘာသာရေး၊ လူမှုရေးစသည့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ထောက်ခံချက်ပါရှိပါက ခြွင်းချက်အနေဖြင့် လက်ခံမည်ဖြစ်ကြောင်း သိရသည်။
အင်တာဗျူး ခေါ်ယူတွေ့ဆုံ၍ ယောက်ျားလေး(၂၀)ဦး၊ မိန်းကလေး(၂၀)ဦး အပြင် အရန်သင်တန်းသား (၁၀)ဦး ရွေးချယ်တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်းသိရပြီး (၂)နှစ်တာကာလလုံး ပျက်ရက်မရှိ တက်ရောက်နိုင်သူများကို ဦးစားပေးရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းပြီးဆုံးပါက US Department Of State အမေရိကန်ပညာရေးနှင့်ယဉ်ကျေးမှုရေးရာဗျူရိုမှ တိုက်ရိုက်ချီးမြှင့်သော certificateနှင့် သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရခြင်းအသိအမှတ်ပြု certificate တို့ ရရှိမည်ဖြစ်ပြီး အင်္ဂလိပ်စာကျွမ်းကျင်မှုနှင့် ထူးချွန်သူများအနေဖြင့် အမေရိကန်အစိုးရ၏ ပညာသင်ဆုဖြင့် အမေရိကန်နိုင်ငံတွင် ပညာရေး နှီးနှောဖလှယ်ပွဲများ တက်ရောက်ခွင့်ရရှိခြင်း နှင့်အမေရိကန်နိုင်ငံရှိ တက္ကသိုလ်နှင့်ကောလိပ်များတွင်လည်း ဆက်လက် ပညာဆည်းပူးခွင့်ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ #ဖီးနစ်
~~~~~~~~⊰❂ unicode ~~~~~~~~
အမေရိကန်နိုင်ငံ ပညာရေးနှင့်ယဉ်ကျေးမှုရေးရာဗျူရိုမှ ပံ့ပိုးသည့် အင်္ဂလိပ်စာ(၂)နှစ်သင်ကြားမည့် ကျောင်းချိန်ပြင်ပ ပညာသင်ဆုသင်တန်းအား ဒီဇင်ဘာလ (၂)ရက်နေ့တွင် မကွေးမြို့၌ စတင်ဖွင့်လှစ်မည်ဖြစ်ရာ အသက် (၁၆)နှစ်မှ (၁၉)နှစ်ကြားလူငယ်များ လျှောက်ထားနိုင်ကြောင်း သိရသည်။
"သင်တန်းသားဦးရေကို (၄၀)သတ်မှတ်ထားပြီး အရန်အနေနဲ့ (၁၀)ဦး သင်ကြားခွင့်ပေးသွားမှာဖြစ်ပါတယ်။ ဒီလိုသင်တန်းက ရန်ကုန်လိုနေရာမျိုးတွေမှာသာ ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပြိီး မကွေးမှာက ဒါပထမဆုံး အကြိမ်ဖြစ်လို့ ဒေသခံလူငယ်တွေအတွက် အခွင့်အရေးတစ်ရပ်ပါပဲ " ဟု မကွေး ပရောဂျက်ဒါရိုက်တာ ဒေါ်ထက်ထက်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ English Access Micro-Scholarship Program လျှောက်ထားရန်အတွက် တက္ကသိုလ်ဝင်တန်း အောင်မြင်ရမည်ဟု သတ်မှတ်ထားသော်လည်း တက်ရောက်လိုသူ၏ သင်ယူလိုစိတ်အပေါ် ဘာသာရေး၊ လူမှုရေးစသည့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ထောက်ခံချက်ပါရှိပါက ခြွင်းချက်အနဖြေင့် လက်ခံမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းလျှောက်လွှာများကို နိုဝင်ဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ Opportunities English Language School၊ အမှတ် ၁၆၂ /c၊၁၆ လမ်း၊ ရွာသစ်ရပ်၊ မကွေးမြို့တွင် လာရောက် ထုတ်ယူလျှောက်ထားနိုင်ပြီး အသေးစိတ်သိရှိလိုပါက မကွေး ပရောဂျက်ဒါရိုက်တာ ဒေါ်ထက်ထက်ဝင်း ဝ၉ ၄၂၉၅၄၉၃၉၀ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
အင်တာဗျူး ခေါ်ယူတွေ့ဆုံ၍ ယောကျာ်းလေး(၂၀)ဦး၊ မိန်းကလေး(၂၀)ဦး အပြင် အရန်သင်တန်းသား (၁၀)ဦး ရွေးချယ်တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်းသိရပြီး (၂)နှစ်တာကာလလုံး ပျက်ရက်မရှိ တက်ရောက်နိုင်သူများကို ဦးစားပေးရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းပြီးဆုံးပါက US Department Of State အမေရိကန်ပညာရေးနှင့်ယဉ်ကျေးမှုရေးရာဗျူရိုမှ တိုက်ရိုက်ချီးမြှင့်သော certificateနှင့် သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရခြင်းအသိအမှတ်ပြု certificate တို့ ရရှိမည်ဖြစ်ပြီး အင်္ဂလိပ်စာကျွမ်းကျင်မှုနှင့် ထူးချွန်သူများအနဖြေင့် အမေရိကန်အစိုးရ၏ ပညာသင်ဆုဖြင့် အမေရိကန်နိုင်ငံတွင် ပညာရေး နှီးနှောဖလှယ်ပွဲများ တက်ရောက်ခွင့်ရရှိခြင်း နှင့်အမေရိကန်နိုင်ငံရှိ တက္ကသိုလ်နှင့်ကောလိပ်များတွင်လည်း ဆက်လက် ပညာဆည်းပူးခွင့်ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ #ဖီးနစ်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~