ရပ္/ေက်းႀကီးၾကပ္ေရးအဖြဲ႕မ်ား ေရြးခ်ယ္ႏုိင္ေရးအတြက္ အဖြဲ႔ (၉)ဖြဲ႔ျဖင့္ မေကြးၿမိဳ႕နယ္တြင္း ကြင္းဆင္းေဆာင္ရြက္ေန

ရပ္/ေက်းႀကီးၾကပ္ေရးအဖြဲ႕မ်ား ေရြးခ်ယ္ႏုိင္ေရးအတြက္ အဖြဲ႔ (၉)ဖြဲ႔ျဖင့္ မေကြးၿမိဳ႕နယ္တြင္း ကြင္းဆင္းေဆာင္ရြက္ေန
နိုဝင်ဘာ 18, 2017
By Tachileik News Agency

မေကြးၿမိဳ႕နယ္တြင္ ရပ္/ေက်း ႀကီးၾကပ္ေရးအဖဲြ႔မ်ား ေရြးခ်ယ္ႏိုင္ေရးအတြက္ ႏိုဝင္ဘာ(၁၇) ရက္ ေန႔မွစ၍ အဖဲြ႔(၉)ဖဲြ႔ျဖင္႔ စတင္ကြင္းဆင္းေဆာင္ရြက္လ်က္ရိွေၾကာင္း သိရသည္။

"ပထမအဆင့္ အေနနဲ႔ ရပ္ကြက္ေက်းရြာအုပ္စု ႀကီးၾကပ္ေရးအဖြဲ႔ေတြ ေရြးခ်ယ္နုိင္ဖို႔အတြက္ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာ အႀကီးအကဲေတြ ပါဝင္တဲ့ အဖြဲ႔(၉)ဖြဲ႔က နုိဝင္ဘာလ(၁၇)ရက္ေန႔ကစၿပီး စတင္ ကြင္းဆင္းေဆာင္ရြက္ေနပါၿပီ"ဟု မေကြးၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴး ဦးျမင္႔လြင္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

မေကြးၿမိဳ႕နယ္တြင္ ၿမိဳ႕ေပၚ(၁၅)ရပ္ကြက္၊ ေက်းရြာအုပ္စု(၆၁)အုပ္စုရိွရာ စုစုေပါင္း(၇၆)ေနရာ၌ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ားကို ျပန္လည္ေရြးခ်ယ္သြားမည္ျဖစ္ရာ မေကြးတုိင္းေဒသႀကီးအစိုးရအဖြဲ႔က နိုဝင္ဘာလ (၁)ရက္ေန႔မွစ၍ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးရံုးမွ စီမံခ်က္ေရးဆြဲ၍ တာဝန္ယူေဆာင္ရြက္ရန္ ညႊန္ၾကားထားျခင္းျဖစ္ေၾကာင္း သိရသည္။

ေရြးခ်ယ္ခံရသည့္ ရပ္/ေက်းႀကီးၾကပ္ေရးအဖြဲ႕ဝင္မ်ားအား ၿမိဳ႕နယ္ေထြ/အုပ္ရံုးတြင္ ေရြးခ်ယ္ေရးစနစ္၊ ဥပေဒ၊ နည္းဥပေဒမ်ားနွင့္ပတ္သက္၍ သင္တန္းေပးေဆြးေႏြးပုိ႔ခ်သြားမည္ျဖစ္ၿပီး အဆိုပါ ႀကီးၾကပ္ေရး အဖြဲ႔မ်ားက ေက်းရြာအုပ္စုရပ္ကြက္မ်ား၊ စီရင္စုမ်ားအလိုက္ စာရင္းေကာက္ျပဳစု၍ ဆယ္အိမ္မွဴး၊ ရာအိမ္မွဴးႏွင္႔ အုပ္ခ်ဳပ္ေရးမွဴးေရြးခ်ယ္ပြဲမ်ား စတင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ျပင္ဆင္လိုက္တဲ႔ ဥပေဒအရ ဆယ္အိမ္စုေရြးခ်ယ္တဲ႔အခါမွာ ဆယ္အိမ္တစ္စုကို အိမ္နံပါတ္စဥ္ အလိုက္ ေဆာင္ရြက္သြားရမွာျဖစ္လို႔ အုပ္စုဖဲြ႔သလို ေက်ာ္တာ ခြတာေတြ ရိွေတာ႔မွာမဟုတ္သလို အုပ္ခ်ဳပ္ေရးမွဴးကို ဆယ္အိမ္မွဴး၊ ရာအိမ္မွဴးေတြကပဲ မဲေပးခြင့္ရိွတာမ်ဳိးဟုတ္ေတာ့ဘဲ အသက္ (၁၈) ႏွစ္ ျပည့္ၿပီးသူ အိမ္ေထာင္စုဝင္ တစ္ဦးစီက မဲေပးေရြးခ်ယ္ခြင္႔ရိွလာမွာ ျဖစ္ပါတယ္"ဟု မေကြးၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴး ဦးျမင္႔လြင္က ေျပာသည္။

တတိယအႀကိမ္ျပင္ဆင္သည့္ ရပ္/ေက်း အုပ္ခ်ဳပ္ေရးမွဴးဥပေဒအရ ကန္႔သတ္မႈအခ်ိဳ႕ ေလွ်ာ႔ခ်ထားၿပီး ပိုမိုပြင္႔လင္းျမင္သာမႈရိွလာကာ အုပ္ခ်ဳပ္ေရးမွဴးေရြးခ်ယ္ခံပိုင္ခြင္႔ႏွင္႔ လုပ္ပိုင္ခြင္႔ ပိုမိုရရိွလာႏိုင္မည္ဟု မေကြးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက ေျပာၾကားသည္။

"တတိယအႀကိမ္ျပင္ဆင္လိုက္တဲ့ ဥပေဒအရ အသက္(၁၈)ႏွစ္ျပည္႔သူ အိမ္ေထာင္စုဝင္တစ္ဦးစီက ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးေရြးခ်ယ္ႏိုင္ေရးအတြက္ မဲေပးႏိုင္ေတာ႔မွာ ျဖစ္ပါတယ္။ ေဒသအတြင္း အနည္းဆံုး (၁၀) ႏွစ္ေနထိုင္သူျဖစ္ရမယ္ဆိုတဲ႔ေနရာမွာ (၅) ႏွစ္လို႔ေလွ်ာ႔ခ်လိုက္ၿပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အတန္းပညာမရွိေပမဲ့ ရပ္က်ိဳးရြာက်ိဳးလုပ္နုိင္စြမ္းရွိၿပီး ၾသဇာအာဏာ ႀကီးမားသူျဖစ္တယ္ဆိုရင္ကိုပဲ အေရြးခ်ယ္ခံခြင့္ရွိသြားတာေၾကာင့္ အုပ္ခ်ဳပ္ေရးမွဴး အေရြးခ်ယ္ခံလိုသူေတြအေနနဲ႔ အခြင္႔အလမ္း ပိုမ်ားလာပါတယ္" ဟု မေကြးၿမိဳ႕ နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴး ဦးျမင္႔လြင္က ေျပာသည္။

ေရြးခ်ယ္ခံရသည့္ ရြာခြဲတာဝန္ခံ၊ ဆယ္အိမ္မွဴး၊ ရာအိမ္မွဴး၊ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ားကို ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနမွ စာထြက္၍ တရားဝင္ခန္႔အပ္သြားမည္ျဖစ္သျဖင္႔ တာဝန္ယူမႈ၊ တာဝန္ခံမႈမ်ား ယခင္ကထက္ ပိုမိုရွိလာမည္ျဖစ္ၿပီး လုပ္ပိုင္ခြင္႔မ်ားလည္း ပိုမိုရရိွလာမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု #ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးမြို့နယ်တွင် ရပ်/ကျေး ကြီးကြပ်ရေးအဖွဲ့များ ရွေးချယ်နိုင်ရေးအတွက် နိုဝင်ဘာ(၁၇) ရက် နေ့မှစ၍ အဖွဲ့(၉)ဖွဲ့ဖြင့် စတင်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

"ပထမအဆင့် အနေနဲ့ ရပ်ကွက်ကျေးရွာအုပ်စု ကြီးကြပ်ရေးအဖွဲ့တွေ ရွေးချယ်နိုင်ဖို့အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲတွေ ပါဝင်တဲ့ အဖွဲ့(၉)ဖွဲ့က နိုဝင်ဘာလ(၁၇)ရက်နေ့ကစပြီး စတင် ကွင်းဆင်းဆောင်ရွက်နေပါပြီ"ဟု မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

မကွေးမြို့နယ်တွင် မြို့ပေါ်(၁၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၆၁)အုပ်စုရှိရာ စုစုပေါင်း(၇၆)နေရာ၌ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ပြန်လည်ရွေးချယ်သွားမည်ဖြစ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က နိုဝင်ဘာလ (၁)ရက်နေ့မှစ၍ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ စီမံချက်ရေးဆွဲ၍ တာဝန်ယူဆောင်ရွက်ရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

ရွေးချယ်ခံရသည့် ရပ်/ကျေးကြီးကြပ်ရေးအဖွဲ့ဝင်များအား မြို့နယ်ထွေ/အုပ်ရုံးတွင် ရွေးချယ်ရေးစနစ်၊ ဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ သင်တန်းပေးဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး အဆိုပါ ကြီးကြပ်ရေး အဖွဲ့များက ကျေးရွာအုပ်စုရပ်ကွက်များ၊ စီရင်စုများအလိုက် စာရင်းကောက်ပြုစု၍ ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲများ စတင်သွားမည်ဖြစ်ကြောင်း သိရသည်။

"ပြင်ဆင်လိုက်တဲ့ ဥပဒေအရ ဆယ်အိမ်စုရွေးချယ်တဲ့အခါမှာ ဆယ်အိမ်တစ်စုကို အိမ်နံပါတ်စဉ် အလိုက် ဆောင်ရွက်သွားရမှာဖြစ်လို့ အုပ်စုဖွဲ့သလို ကျော်တာ ခွတာတွေ ရှိတော့မှာမဟုတ်သလို အုပ်ချုပ်ရေးမှူးကို ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကပဲ မဲပေးခွင့်ရှိတာမျိုးဟုတ်တော့ဘဲ အသက် (၁၈) နှစ် ပြည့်ပြီးသူ အိမ်ထောင်စုဝင် တစ်ဦးစီက မဲပေးရွေးချယ်ခွင့်ရှိလာမှာ ဖြစ်ပါတယ်"ဟု မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောသည်။

တတိယအကြိမ်ပြင်ဆင်သည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးဥပဒေအရ ကန့်သတ်မှုအချို့ လျှော့ချထားပြီး ပိုမိုပွင့်လင်းမြင်သာမှုရှိလာကာ အုပ်ချုပ်ရေးမှူးရွေးချယ်ခံပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့် ပိုမိုရရှိလာနိုင်မည်ဟု မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

"တတိယအကြိမ်ပြင်ဆင်လိုက်တဲ့ ဥပဒေအရ အသက်(၁၈)နှစ်ပြည့်သူ အိမ်ထောင်စုဝင်တစ်ဦးစီက ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်နိုင်ရေးအတွက် မဲပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ဒေသအတွင်း အနည်းဆုံး (၁၀) နှစ်နေထိုင်သူဖြစ်ရမယ်ဆိုတဲ့နေရာမှာ (၅) နှစ်လို့လျှော့ချလိုက်ပြီး အကြောင်းအမျိုးမျိုးကြောင့် အတန်းပညာမရှိပေမဲ့ ရပ်ကျိုးရွာကျိုးလုပ်နိုင်စွမ်းရှိပြီး သြဇာအာဏာ ကြီးမားသူဖြစ်တယ်ဆိုရင်ကိုပဲ အရွေးချယ်ခံခွင့်ရှိသွားတာကြောင့် အုပ်ချုပ်ရေးမှူး အရွေးချယ်ခံလိုသူတွေအနေနဲ့ အခွင့်အလမ်း ပိုများလာပါတယ်" ဟု မကွေးမြို့ နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောသည်။

ရွေးချယ်ခံရသည့် ရွာခွဲတာဝန်ခံ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ စာထွက်၍ တရားဝင်ခန့်အပ်သွားမည်ဖြစ်သဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုများ ယခင်ကထက် ပိုမိုရှိလာမည်ဖြစ်ပြီး လုပ်ပိုင်ခွင့်များလည်း ပိုမိုရရှိလာမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~