စလင္းၿမိဳ႕နယ္တြင္ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ထုတ္ေပးရန္ ၾကန္႔ၾကာမႈအား ေတာင္သူႏွစ္ဦး ဆႏၵထုတ္ေဖာ္

စလင္းၿမိဳ႕နယ္တြင္ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ထုတ္ေပးရန္ ၾကန္႔ၾကာမႈအား ေတာင္သူႏွစ္ဦး ဆႏၵထုတ္ေဖာ္
နိုဝင်ဘာ 10, 2017
By Tachileik News Agency

မေကြးတုိင္းေဒသႀကီး စလင္းၿမိဳ႕နယ္ ေတာစိမ့္ေက်းရြာတြင္ လယ္ယာေျမ လုပ္ပိုင္ခြင့္ျပဳလက္မွတ္ ထုတ္ေပးရန္ ၾကန္႔ၾကာေနသျဖင့္ ေဒသခံေတာင္သူအမ်ိဳးသမီးႏွစ္ဦးက နိုဝင္ဘာလ (၁၀)ရက္ေန႔ နံနက္ပိုင္းက စလင္းၿမိဳ႕တြင္ ဆႏၵထုတ္ေဖာ္ၾကေၾကာင္း သိရသည္။

"ကၽြန္မတို ့ဘိုးဘြားမိဘဓားမဦးခ် ေတာတိုးခုတ္ထြင္ၿပီး လုပ္ကိုင္လာခဲ့တဲ့ လယ္ယာေျမကို တပ္ကသိမ္းယူခဲ့ၿပီး ၂၀၁၃ ခုႏွစ္မွာ ျပန္စြန္႔လႊတ္ေပးခဲ့တာေၾကာင့္ ပံုစံ ၇ ေလွ်က္ခဲ့တာမွာ ခုခ်ိန္ထိ ထုတ္မေပးလို ့ ဆႏၵေဖာ္ထုတ္ရတာပါ"ဟု ဆႏၵထုတ္ေဖာ္သည့္ေတာင္သူတစ္ဦးျဖစ္သည့္ ေဒၚမာခ်ိဳက တာခ်ီလိတ္သတင္းေအဂ်င္စီသို ့ ေျပာသည္။

အဆိုပါ ပံုစံ ၇ ေလွ်ာက္ထားသည့္ လယ္ေျမမ်ားမွာ ပိုင္ဆိုင္မႈအျငင္းပြားေျမျဖစ္ေန၍ စစ္ေဆးေနဆဲျဖစ္သျဖင့္ ၾကန္႔ၾကာေနရျခင္းျဖစ္ေၾကာင္း စလင္းၿမိဳ႕နယ္ လယ္ယာေျမစီမံခန္ ့ခဲြေရးႏွင့္ စာရင္းအင္းဦးစီးဌာနမွ သိရသည္။

“ကၽြန္ေတာ္တို ့ဌာနရဲ႕ စိစစ္ေတြ ့ရိွခ်က္အရ အခု ပံုစံ ၇ ေတာင္းဆိုေနတဲ့ေျမက တပ္သိမ္းေျမ မဟုတ္ပါဘူး။ ေျမကလည္း စိုက္ပ်ိဳးႏိုင္တဲ့ ေျမလြတ္ေျမရိုင္းအမ်ိဳးအစားျဖစ္လို ့ ကၽြန္ေတာ္တို႔ ၿမိဳ႕နယ္ေျမစာရင္းဌာနက ပံုစံ ၇ ခ်က္ခ်င္းထုတ္ေပးလို ့မရပါဘူး။ ၿပီးေတာ့ အဲဒီေျမက ပိုင္ဆိုင္မႈ အျငင္းပြားေျမျဖစ္လို ့တိုင္း လယ္/စီ မွာစစ္ေဆးေနဆဲျဖစ္ပါတယ္" ဟု စလင္းၿမိဳ႕နယ္ လယ္ယာေျမစီမံခန္ ့ခဲြေရးႏွင့္ စာရင္းအင္းဦးစီးဌာနရံုးမွ ဒုတိယဦးစီးမွဴး ဦးဝင္းတင္က ေျပာသည္။

အဆိုပါဆႏၵေဖာ္ထုတ္မႈအား စလင္းၿမိဳ႕နယ္ရဲတပ္ဖဲြ ့မွဴးရံုးမွ ခြင့္ျပဳခ်က္ ရယူလုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု #ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် တောစိမ့်ကျေးရွာတွင် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ထုတ်ပေးရန် ကြန့်ကြာနေသဖြင့် ဒေသခံတောင်သူအမျိုးသမီးနှစ်ဦးက နိုဝင်ဘာလ (၁၀)ရက်နေ့ နံနက်ပိုင်းက စလင်းမြို့တွင် ဆန္ဒထုတ်ဖော်ကြကြောင်း သိရသည်။

"ကျွန်မတို့ဘိုးဘွားမိဘဓားမဦးချ တောတိုးခုတ်ထွင်ပြီး လုပ်ကိုင်လာခဲ့တဲ့ လယ်ယာမြေကို တပ်ကသိမ်းယူခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ပြန်စွန့်လွှတ်ပေးခဲ့တာကြောင့် ပုံစံ ၇ လျှေက်ခဲ့တာမှာ ခုချိန်ထိ ထုတ်မပေးလို့ ဆန္ဒဖော်ထုတ်ရတာပါ"ဟု ဆန္ဒထုတ်ဖော်သည့်တောင်သူတစ်ဦးဖြစ်သည့် ဒေါ်မာချိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ပုံစံ ၇ လျှောက်ထားသည့် လယ်မြေများမှာ ပိုင်ဆိုင်မှုအငြင်းပွားမြဖြေစ်နေ၍ စစ်ဆေးနေဆဲဖြစ်သဖြင့် ကြန့်ကြာနေရခြင်းဖြစ်ကြောင်း စလင်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

“ကျွန်တော်တို့ဌာနရဲ့ စိစစ်တွေ့ရှိချက်အရ အခု ပုံစံ ၇ တောင်းဆိုနေတဲ့မြေက တပ်သိမ်းမြေ မဟုတ်ပါဘူး။ မြေကလည်း စိုက်ပျိုးနိုင်တဲ့ မြေလွတ်မြေရိုင်းအမျိုးအစားဖြစ်လို့ ကျွန်တော်တို့ မြို့နယ်မြေစာရင်းဌာနက ပုံစံ ၇ ချက်ချင်းထုတ်ပေးလို့မရပါဘူး။ ပြီးတော့ အဲဒီမြေက ပိုင်ဆိုင်မှု အငြင်းပွားမြဖြေစ်လို့တိုင်း လယ်/စီ မှာစစ်ဆေးနေဆဲဖြစ်ပါတယ်" ဟု စလင်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး ဦးဝင်းတင်က ပြောသည်။

အဆိုပါဆန္ဒဖော်ထုတ်မှုအား စလင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ခွင့်ပြုချက် ရယူလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #ဖီးနစ် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~