မိုင္းျဖတ္ၿမိဳ႕နယ္ နမ့္ယြန္းေက်းရြာအုပ္စုတြင္ လားဟူတိုင္းရင္းသားမ်ား ေကာက္သစ္စားပြဲ က်င္းပ

မိုင္းျဖတ္ၿမိဳ႕နယ္ နမ့္ယြန္းေက်းရြာအုပ္စုတြင္ လားဟူတိုင္းရင္းသားမ်ား ေကာက္သစ္စားပြဲ က်င္းပ
နိုဝင်ဘာ 7, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခ႐ိုင္ ၊ မိုင္းျဖတ္ၿမိဳ႕နယ္ ၊ နမ့္ယြန္းေက်းရြာအုပ္စု၊ ဝမ္ပံု(ျပည္သူ ့စစ္)ေက်းရြာရွိ လားဟူႏွစ္ျခင္းခရစ္ယာန္အသင္းေတာ္မွ ၂၀၁၇ခုႏွစ္ ႏိုဝင္ဘာလ (၇)ရက္ေန႔ နံနက္(၁၀)နာရီတြင္ ေက်းဇူးေတာ္ခ်ီးမြမ္းျခင္း ႏွင့္ ေကာက္သစ္စားပြဲအား က်င္းပ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ အေနနဲ႔ ဘုရားသခင္၏ ေက်းဇူးေတာ္ေၾကာင့္ စိုက္ပ်ဳိးထားတဲ့ အသီးအႏွံမ်ား ရရွိၿပီးျဖစ္တဲ့အတြက္ လားဟူတိုင္းရင္းသားမ်ားက စုေပါင္းၿပီးေတာ့ ေက်းဇူးေတာ္ခ်ီးမြမ္းျခင္းနဲ ့ ေကာက္သစ္စားပြဲကို ၿပဳလုပ္တာျဖစ္ပါတယ္"ဟု မိုင္းျဖတ္ၿမိဳ႕နယ္ နမ့္ယြန္းျပည္သူ႔စစ္ေခါင္းေဆာင္ ဦးဝင္းဇာနည္ေမြမွ တာခ်ီလိတ္သတင္းေအဂ်င္စီသို ့ ေျပာသည္။

ေက်းဇူးေတာ္ခ်ီးမြမ္းျခင္းႏွင့္ ေကာက္သစ္စားပြဲမ်ားကို ေကာက္ပဲသီးႏွံမ်ား ရိတ္သိမ္းၿပီးသည့္ ကာလမ်ားတြင္ ခရစ္ယာန္ဘာသာကို ကုိးကြယ္ၾကသည့္ အာခါလူမ်ိဳးမ်ားႏွင့္ လားဟူလူမ်ိဳးမ်ားမွ သက္ဆိုင္ရာရြာအလိုက္ ေန ့တစ္ေန ့ကို ေရြးခ်ယ္ကာ ရပ္နီးရပ္ေ၀းမွ ေဆြမ်ိဳးမ်ား၊ ဧည့္သည္မ်ားအား ဖိတ္ၾကား၍ ႏွစ္စဥ္က်င္းပသည့္ ပြဲေတာ္တစ္ခုျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေက်းဇူးေတာ္ခ်ီးမြမ္္းျခင္းႏွင့္ ေကာက္သစ္စားပြဲသို႔ အမွတ္(၁၈) စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္မွ စစ္ဆင္ေရးကြပ္ကဲေရးမွဴး ဗိုလ္မွဴးႀကီး စိုးတင့္ႏွင့္ တပ္ရင္းမွဴးမ်ား၊ မိုင္းျဖတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးသက္လြင္ႏွင့္ ဌာနဆိုင္ရာအႀကီးအကဲမ်ား ဖိတ္ၾကားထားသည့္ ဧည့္သည္မ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

သတင္း - ဦးစိုင္း



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်ယွန်းကျေးရွာအုပ်စု၊ ဝမ်ပုံ(ပြည်သူ့စစ်)ကျေးရွာရှိ လားဟူနှစ်ခြင်းခရစ်ယာန်အသင်းတော်မှ ၂၀၁၇ခုနှစ် နိုဝင်ဘာလ (၇)ရက်နေ့ နံနက်(၁၀)နာရီတွင် ကျေးဇူးတော်ချီးမွမ်းခြင်း နှင့် ကောက်သစ်စားပွဲအား ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ အနေနဲ့ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် စိုက်ပျိုးထားတဲ့ အသီးအနှံများ ရရှိပြီးဖြစ်တဲ့အတွက် လားဟူတိုင်းရင်းသားများက စုပေါင်းပြီးတော့ ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ ကောက်သစ်စားပွဲကို ပြုလုပ်တာဖြစ်ပါတယ်"ဟု မိုင်းဖြတ်မြို့နယ် နမ့်ယွန်းပြည်သူ့စစ်ခေါင်းဆောင် ဦးဝင်းဇာနည်မွေမှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် ကောက်သစ်စားပွဲများကို ကောက်ပဲသီးနှံများ ရိတ်သိမ်းပြီးသည့် ကာလများတွင် ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြသည့် အာခါလူမျိုးများနှင့် လားဟူလူမျိုးများမှ သက်ဆိုင်ရာရွာအလိုက် နေ့တစ်နေ့ကို ရွေးချယ်ကာ ရပ်နီးရပေ်ဝးမှ ဆွေမျိုးများ၊ ဧည့်သည်များအား ဖိတ်ကြား၍ နှစ်စဉ်ကျင်းပသည့် ပွဲတော်တစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် ကောက်သစ်စားပွဲသို့ အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး စိုးတင့်နှင့် တပ်ရင်းမှူးများ၊ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း - ဦးစိုင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~