လက္နက္ကိုင္အဖြဲ႔မွ ေဒသတြင္း လူသစ္စုေဆာင္းမႈေၾကာင့္ တိမ္းေရွာင္လာသည့္ ေက်ာက္မဲၿမိဳ႕ လြယ္အံေဒသခံမ်ား မူလခိုလံႈရာမွ အျခားေနရာသို႔ ေရႊ႕ေျပာင္း

လက္နက္ကိုင္အဖြဲ႔မွ ေဒသတြင္း လူသစ္စုေဆာင္းမႈေၾကာင့္ တိမ္းေရွာင္လာသည့္ ေက်ာက္မဲၿမိဳ႕ လြယ္အံေဒသခံမ်ား မူလခိုလံႈရာမွ အျခားေနရာသို႔ ေရႊ႕ေျပာင္း
နိုဝင်ဘာ 10, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္ လြယ္အံ(တင္း)ေက်းရြာအုပ္စု၊ လြယ္အံ(တင္း)ရြာတြင္ လက္နက္ကိုင္ အဖြဲ႔တစ္ဖြဲ႔မွ လူသစ္စုေဆာင္းမည့္သတင္းေၾကာင့္ ေက်ာက္မဲၿမိဳ႕သို႔ တိမ္းေရွာင္လာသည့္ ေဒသခံမ်ားသည္ ဘုန္းေတာ္ႀကီးေက်ာင္းတြင္ ခိုလံႈေနရာမွ ႏိုဝင္ဘာလ (၁၀)ရက္ေန႔တြင္ အျခားေနရာသို႔ ေျပာင္းေရႊ႕သြားၿပီျဖစ္ေၾကာင္း သိရသည္။

ဘုန္းေတာ္ႀကီးေက်ာင္းတြင္ ခိုလံႈေနသည့္ လြယ္အံ(တင္း)ရြာေဒသခံမ်ားအနက္ (၅၁)ဦးသည္ ႏိုဝင္ဘာလ (၈)ရက္ေန႔မွစ၍ အနီးဝန္းက်င္ ေဆြမ်ိဳးမ်ားထံ စတင္ေရႊ႕ေျပာင္းေနထုိင္ၾကျခင္းျဖစ္ၿပီး ႏိုဝင္ဘာလ (၁၀)ရက္ေန႔တြင္ ဘုန္းေတာ္ႀကီးေက်ာင္း၌ က်န္ခဲသည့္ေဒသခံအားလံုး ေျပာင္းေရႊ႕သြားၾကၿပီျဖစ္ေၾကာင္း ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ သိရသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕ႏွင့္ (၁၅)မိုင္၀န္းက်င္ ေ၀းကြာသည့္ လြယ္အံ(တင္း)ေက်းရြာတြင္ ႏို၀င္ဘာလ(၇)ရက္ေန႔က TNLA တပ္သားမ်ားမွ ၀င္ေရာက္လာၿပီး လူသစ္စုေဆာင္းျခင္းေၾကာင့္ ေဒသခံမ်ားက ေက်ာက္မဲၿမိဳ႕သို႔ တိမ္းေရွာင္လာျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓာတ္ပံု #ရဲတပ္ဖြဲ႕



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် လွယ်အံ(တင်း)ကျေးရွာအုပ်စု၊ လွယ်အံ(တင်း)ရွာတွင် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှ လူသစ်စုဆောင်းမည့်သတင်းကြောင့် ကျောက်မဲမြို့သို့ တိမ်းရှောင်လာသည့် ဒေသခံများသည် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေရာမှ နိုဝင်ဘာလ (၁၀)ရက်နေ့တွင် အခြားနေရာသို့ ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း သိရသည်။

ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသည့် လွယ်အံ(တင်း)ရွာဒေသခံများအနက် (၅၁)ဦးသည် နိုဝင်ဘာလ (၈)ရက်နေ့မှစ၍ အနီးဝန်းကျင် ဆွေမျိုးများထံ စတင်ရွှေ့ပြောင်းနေထိုင်ကြခြင်းဖြစ်ပြီး နိုဝင်ဘာလ (၁၀)ရက်နေ့တွင် ဘုန်းတော်ကြီးကျောင်း၌ ကျန်ခဲသည့်ဒေသခံအားလုံး ပြောင်းရွှေ့သွားကြပြီဖြစ်ကြောင်း ကျောက်မဲမြို့မရဲစခန်းမှ သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နှင့် (၁၅)မိုင်ဝန်းကျင်ေဝးကွာသည့် လွယ်အံ(တင်း)ကျေးရွာတွင် နိုဝင်ဘာလ(၇)ရက်နေ့က TNLA တပ်သားများမှ ဝင်ရောက်လာပြီး လူသစ်စုဆောင်းခြင်းကြောင့် ဒေသခံများက ကျောက်မဲမြို့သို့ တိမ်းရှောင်လာခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~