က်ိဳင္းတံုမွ ေက်ာင္းဆရာမတစ္ဦး၏ မွတ္ပံုတင္ဓာတ္ပံုကို အသံုးျပဳ၍ အြန္လုိင္းမွ လိမ္လည္ေစ်းေရာင္း ေနသူအား သက္ဆုိင္ရာသို႔ တုိင္ၾကား

က်ိဳင္းတံုမွ ေက်ာင္းဆရာမတစ္ဦး၏ မွတ္ပံုတင္ဓာတ္ပံုကို အသံုးျပဳ၍ အြန္လုိင္းမွ လိမ္လည္ေစ်းေရာင္း ေနသူအား သက္ဆုိင္ရာသို႔ တုိင္ၾကား
နိုဝင်ဘာ 4, 2017
By 🌸

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕မွ ေက်ာင္းဆရာမတစ္ဦး၏ မွတ္ပံုတင္ဓာတ္ပံုကို အြန္လိုင္းမွ ေစ်းဝယ္ယူသူမ်ားအား သက္ေသအေထာက္အထားအျဖစ္ျပ၍ လိမ္လည္ေရာင္းခ်မႈမ်ား ျပဳလုပ္ေနသည့္ ဟန္သီပါတိတ္ခ်ည္ထည္ ေရာင္းဝယ္ေရးႏွင့္ ဟန္သီထြန္းအမည္ရိွ ေဖ့စ္ဘုတ္စာမ်က္ႏွာမ်ားအား အေရးယူေပးရန္ က်ိဳင္းတံုၿမိဳ႕မရဲစခန္းႏွင့္ စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးစင္တာမ်ားသို႔ တုိင္ၾကားထားေၾကာင္း သိရသည္။

“ကၽြန္မ မွတ္ပံုတင္ပါတဲ့ ပိုက္ဆံအိတ္ေပ်ာက္သြားတုန္းက မွတ္ပံုတင္ေကာက္ရထားတယ္ဆိုၿပီး အြန္လုိင္းမွာ တင္လာေပးလို႔ ဆက္သြယ္ၿပီး ျပန္ယူခဲ့ပါတယ္။ ေကာက္ရတဲ့သူက အြန္လုိင္းမွာ မွတ္ပံုတင္ကို ဓာတ္ပံုရိုက္ၿပီး တင္ခဲ့တာပါ။ အဲဒီတုန္းကေတာ့ ဘာမွ ျပႆနာမရိွပါဘူး။ ေနာက္ H1N1 ေတြျဖစ္တဲ့ကာလမွာ H1N1 Mask ေတြ အြန္လိုင္းကေန ကၽြန္မနာမည္နဲ႔ေရာင္းတယ္။ ဝယ္သူေတြကို သူ႔မွတ္ပံုတင္ပါဆိုၿပီး ကၽြန္မ မွတ္ပံုတင္ကို ျပတယ္လို႔ သိရတယ္။ ဒါေပမဲ့ ေငြလႊဲၿပီး ပစၥည္းမပို႔ေတာ့ ဝယ္တဲ့သူေတြက သူျပထားတဲ့ ကၽြန္မမွတ္ပံုတင္ပံုနဲ႔အတူ အြန္လိုင္းမွာ တင္လာၾကတယ္။ အဲဒါၿပီးေတာ့ ဒီတစ္ပတ္အတြင္းမွာပဲ ေနာက္ထပ္ ပါတိတ္ေရာင္းတဲ့ page ကေန ကၽြန္မ မွတ္ပံုတင္သံုးတယ္လို႔ ထပ္သိရတယ္။ ဝယ္တဲ့သူေတြက ေငြလႊဲရင္ေတာ့ အဲဒီမွတ္ပံုတင္မဟုတ္ဘဲ တျခားမွတ္ပံုတင္တို႔၊ wave money တို႔နဲ႔ လႊဲခိုင္းတယ္လို႔ သိရတယ္။ ပိုက္ဆံလႊဲၿပီးရင္ ပစၥည္းပိုု႔မေပးေတာ့ လူလိမ္မပါဆိုၿပီး ကၽြန္မ မွတ္ပံုတင္ပံုနဲ႔ အြန္လုိင္းတင္လာၾကမွ ကၽြန္မက သိရတာပါ။ ဒါနဲ႔ ႀကိဳးစား ဆက္သြယ္ၾကည့္ေတာ့ အဲဒီက ေစ်းဝယ္ခဲ့တဲ့ အစ္မတစ္ေယာက္နဲ႔ ဆက္သြယ္မိပါတယ္။ သူက ေျပာတာေတာ့ ေစ်းေရာင္းတဲ့သူက ေတာင္ႀကီးမွာေနတယ္လို႔ ေျပာတယ္။ ဒါေပမဲ့ ေငြထုတ္သြားတာက အင္းစိန္ဘက္ကေန ထုတ္သြားတယ္လို႔ ေျပာပါတယ္။ အဲဒီလိုျဖစ္ေနတာကို က်ိဳင္းတံု ရဲစခန္းကိုေတာ့ ကၽြန္မတိုင္ၾကားထားပါတယ္။ စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးစင္တာကိုလည္း အေၾကာင္းၾကားထားပါတယ္”ဟု မွတ္ပံုတင္အသံုးျပဳခံေနရသည့္ ဆရာမ ေဒၚဟန္သီထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယင္းကဲ့သို႔ အြန္လိုင္းမွ လိမ္လည္ေရာင္းခ်ျခင္းမ်ားေၾကာင့္ ဝယ္ယူသူမ်ားက မွတ္ပံုတင္ဓာတ္ပံုုျဖင့္ အြန္လို္င္းတြင္ ေရးသားခံရျခင္းမ်ားေၾကာင့္ ပတ္ဝန္းက်င္အသိုင္းအဝိုင္းမ်ားက အထင္လြဲမႈမ်ားအား ေျဖရွင္းေနရသျဖင့္ ယင္းကဲ့သို႔ တုိင္ၾကားျခင္းျဖစ္ေၾကာင္း သိရသည္။

“စားသံုးသူေရးရာနဲ႔ပတ္သက္ရင္ ကုန္ပစၥည္းေရာင္းခ်တာ၊ ထုတ္လုပ္တာ၊ ဝယ္ယူတာနဲ႔ပတ္သက္တာျဖစ္ျဖစ္ ဝန္ေဆာင္မႈနဲ႔ပတ္သက္တာျဖစ္ျဖစ္ အဆင္မေျပမႈေတြ ျဖစ္လာရင္ စားသံုးသူအျငင္းပြားမႈ လက္ခံေျဖရွင္းေပးေရး စင္တာေတြမွာ သြားေရာက္တုိင္ၾကားႏုိင္ပါတယ္။ ေနာက္ ဒီလို အြန္လုိင္းကေန လိမ္လည္ေရာင္းခ်မႈက သက္ဆုိင္ရာ နယ္ေျမရဲစခန္းေတြမွာလည္း အမႈဖြင့္ တုိင္ၾကားလို႔ရပါတယ္။ ကၽြန္ေတာ္တုိ႔က ပထမ ညိႇႏိႈင္းေဆာင္ရြက္ေပးပါတယ္။ မရရင္ေတာ့ ဥပေဒေၾကာင္းအရ သြားတာေပါ့။ အြန္လိုင္းကေန ဘယ္သူမွန္းမသိဘူးဆိုရင္လည္း ကြင္းဆက္လုိက္ ေဖာထုတ္ေပးႏုိင္ေအာင္ ႀကိဳးစားပါတယ္”ဟု ရွမ္းျပည္နယ္စားသံုးသူေရးရာဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္က ေျပာသည္။

အြန္လိုင္းမွ ေစ်းဝယ္ယူသူမ်ားအေနျဖင့္ ေငြႀကိဳတင္လႊဲၿပီး ပစၥည္းေရာက္မလာျခင္း၊ မွာယူသည္ႏွင့္ ပို႔ေပးသည့္ပစၥည္းမ်က္ျမင္အေျခအေန ကြဲျပားျခင္းစသည့္ ျပႆနာမ်ားကို အမ်ားဆံုးေတြ႔ေနရသျဖင့္ အြန္လိုင္းမွ ဝယ္ယူရာတြင္လည္း စိစစ္ေရြးခ်ယ္သင့္ေၾကာင္း ၎က အႀကံျပဳသည္။

ဟန္သီပါတိတ္ခ်ည္ထည္ ေရာင္းဝယ္ေရးသို႔ ဆက္သြယ္ရန္ ဖုန္းနံပါတ္ေဖာ္ျပထားျခင္းမရိွဘဲ မက္ေဆ့မွ ပစၥည္းမ်ား မွာယူရျခင္းျဖစ္ေၾကာင္း အဆိုပါအြန္လုိင္းအေရာင္းမွ မွာယူခဲ့သည့္အမ်ိဳးသမီးထံမွ သိရၿပီး တာခ်ီလိတ္သတင္းေအဂ်င္စီမွ ဟန္သီပါတိတ္ခ်ည္ထည္ ေရာင္းဝယ္ေရးစာမ်က္ႏွာသို႔ ဆက္သြယ္ထားျခင္း အား ျပန္လည္ေျဖၾကားျခင္းမရိွသည္ကို ေတြ႔ရသည္။

သတင္း #နန္းဟြမ္ခမ္း

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့မှ ကျောင်းဆရာမတစ်ဦး၏ မှတ်ပုံတင်ဓာတ်ပုံကို အွန်လိုင်းမှ ဈေးဝယ်ယူသူများအား သက်သေအထောက်အထားအဖြစ်ပြ၍ လိမ်လည်ရောင်းချမှုများ ပြုလုပ်နေသည့် ဟန်သီပါတိတ်ချည်ထည် ရောင်းဝယ်ရေးနှင့် ဟန်သီထွန်းအမည်ရှိ ဖေ့စ်ဘုတ်စာမျက်နှာများအား အရေးယူပေးရန် ကျိုင်းတုံမြို့မရဲစခန်းနှင့် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးစင်တာများသို့ တိုင်ကြားထားကြောင်း သိရသည်။

“ကျွန်မ မှတ်ပုံတင်ပါတဲ့ ပိုက်ဆံအိတ်ပျောက်သွားတုန်းက မှတ်ပုံတင်ကောက်ရထားတယ်ဆိုပြီး အွန်လိုင်းမှာ တင်လာပေးလို့ ဆက်သွယ်ပြီး ပြန်ယူခဲ့ပါတယ်။ ကောက်ရတဲ့သူက အွန်လိုင်းမှာ မှတ်ပုံတင်ကို ဓာတ်ပုံရိုက်ပြီး တင်ခဲ့တာပါ။ အဲဒီတုန်းကတော့ ဘာမှ ပြဿနာမရှိပါဘူး။ နောက် H1N1 တွဖြေစ်တဲ့ကာလမှာ H1N1 Mask တွေ အွန်လိုင်းကနေ ကျွန်မနာမည်နဲ့ရောင်းတယ်။ ဝယ်သူတွေကို သူ့မှတ်ပုံတင်ပါဆိုပြီး ကျွန်မ မှတ်ပုံတင်ကို ပြတယ်လို့ သိရတယ်။ ဒါပေမဲ့ ငွေလွှဲပြီး ပစ္စည်းမပို့တော့ ဝယ်တဲ့သူတွေက သူပြထားတဲ့ ကျွန်မမှတ်ပုံတင်ပုံနဲ့အတူ အွန်လိုင်းမှာ တင်လာကြတယ်။ အဲဒါပြီးတော့ ဒီတစ်ပတ်အတွင်းမှာပဲ နောက်ထပ် ပါတိတ်ရောင်းတဲ့ page ကနေ ကျွန်မ မှတ်ပုံတင်သုံးတယ်လို့ ထပ်သိရတယ်။ ဝယ်တဲ့သူတွေက ငွေလွှဲရင်တော့ အဲဒီမှတ်ပုံတင်မဟုတ်ဘဲ တခြားမှတ်ပုံတင်တို့၊ wave money တို့နဲ့ လွှဲခိုင်းတယ်လို့ သိရတယ်။ ပိုက်ဆံလွှဲပြီးရင် ပစ္စည်းပို့မပေးတော့ လူလိမ်မပါဆိုပြီး ကျွန်မ မှတ်ပုံတင်ပုံနဲ့ အွန်လိုင်းတင်လာကြမှ ကျွန်မက သိရတာပါ။ ဒါနဲ့ ကြိုးစား ဆက်သွယ်ကြည့်တော့ အဲဒီက ဈေးဝယ်ခဲ့တဲ့ အစ်မတစ်ယောက်နဲ့ ဆက်သွယ်မိပါတယ်။ သူက ပြောတာတော့ ဈေးရောင်းတဲ့သူက တောင်ကြီးမှာနေတယ်လို့ ပြောတယ်။ ဒါပေမဲ့ ငွေထုတ်သွားတာက အင်းစိန်ဘက်ကနေ ထုတ်သွားတယ်လို့ ပြောပါတယ်။ အဲဒီလိုဖြစ်နေတာကို ကျိုင်းတုံ ရဲစခန်းကိုတော့ ကျွန်မတိုင်ကြားထားပါတယ်။ စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးစင်တာကိုလည်း အကြောင်းကြားထားပါတယ်”ဟု မှတ်ပုံတင်အသုံးပြုခံနေရသည့် ဆရာမ ဒေါ်ဟန်သီထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယင်းကဲ့သို့ အွန်လိုင်းမှ လိမ်လည်ရောင်းချခြင်းများကြောင့် ဝယ်ယူသူများက မှတ်ပုံတင်ဓာတ်ပုံဖြင့် အွန်လို်င်းတွင် ရေးသားခံရခြင်းများကြောင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းများက အထင်လွဲမှုများအား ဖြေရှင်းနေရသဖြင့် ယင်းကဲ့သို့ တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။

“စားသုံးသူရေးရာနဲ့ပတ်သက်ရင် ကုန်ပစ္စည်းရောင်းချတာ၊ ထုတ်လုပ်တာ၊ ဝယ်ယူတာနဲ့ပတ်သက်တာဖြစ်ဖြစ် ဝန်ဆောင်မှုနဲ့ပတ်သက်တာဖြစ်ဖြစ် အဆင်မပြေမှုတွေ ဖြစ်လာရင် စားသုံးသူအငြင်းပွားမှု လက်ခံဖြေရှင်းပေးရေး စင်တာတွေမှာ သွားရောက်တိုင်ကြားနိုင်ပါတယ်။ နောက် ဒီလို အွန်လိုင်းကနေ လိမ်လည်ရောင်းချမှုက သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေမှာလည်း အမှုဖွင့် တိုင်ကြားလို့ရပါတယ်။ ကျွန်တော်တို့က ပထမ ညှိနှိုင်းဆောင်ရွက်ပေးပါတယ်။ မရရင်တော့ ဥပဒေကြောင်းအရ သွားတာပေါ့။ အွန်လိုင်းကနေ ဘယ်သူမှန်းမသိဘူးဆိုရင်လည်း ကွင်းဆက်လိုက် ဖောထုတ်ပေးနိုင်အောင် ကြိုးစားပါတယ်”ဟု ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ပြောသည်။

အွန်လိုင်းမှ ဈေးဝယ်ယူသူများအနဖြေင့် ငွကြေိုတင်လွှဲပြီး ပစ္စည်းရောက်မလာခြင်း၊ မှာယူသည်နှင့် ပို့ပေးသည့်ပစ္စည်းမျက်မြင်အခြေအနေ ကွဲပြားခြင်းစသည့် ပြဿနာများကို အများဆုံးတွေ့နေရသဖြင့် အွန်လိုင်းမှ ဝယ်ယူရာတွင်လည်း စိစစ်ရွေးချယ်သင့်ကြောင်း၎င်းက အကြံပြုသည်။

ဟန်သီပါတိတ်ချည်ထည် ရောင်းဝယ်ရေးသို့ ဆက်သွယ်ရန် ဖုန်းနံပါတ်ဖော်ပြထားခြင်းမရှိဘဲ မက်ဆေ့မှ ပစ္စည်းများ မှာယူရခြင်းဖြစ်ကြောင်း အဆိုပါအွန်လိုင်းအရောင်းမှ မှာယူခဲ့သည့်အမျိုးသမီးထံမှ သိရပြီး တာချီလိတ်သတင်းအေဂျင်စီမှ ဟန်သီပါတိတ်ချည်ထည် ရောင်းဝယ်ရေးစာမျက်နှာသို့ ဆက်သွယ်ထားခြင်း အား ပြန်လည်ဖြကြေားခြင်းမရှိသည်ကို တွေ့ရသည်။

သတင်း #နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~