ျပည္ေထာင္စုတုိင္းရင္းသားလူငယ္မ်ား စြမ္းရည္ဖြံ႕ၿဖိဳးေရးဒီဂရီေကာလိပ္မ်ားသို႔ ကယားျပည္နယ္မွ ၃၄ ဦး တက္ေရာက္ခြင့္ရ

ျပည္ေထာင္စုတုိင္းရင္းသားလူငယ္မ်ား စြမ္းရည္ဖြံ႕ၿဖိဳးေရးဒီဂရီေကာလိပ္မ်ားသို႔ ကယားျပည္နယ္မွ ၃၄ ဦး တက္ေရာက္ခြင့္ရ
နိုဝင်ဘာ 5, 2017
By Tachileik News Agency

ျပည္ေထာင္စုတုိင္းရင္းသားလူငယ္မ်ား စြမ္းရည္ဖြံ႕ၿဖိဳးေရးဒီဂရီေကာလိပ္မ်ားသို႔ ၂၀၁၇ - ၂၀၁၈ ပညာသင္ႏွစ္တြင္ တက္ေရာက္ခြင့္ရသည့္ ကယားျပည္နယ္ (၇)ၿမိဳ႕နယ္မွ သင္တန္းသား/သူ (၃၄)ဦးအား ကယားျပည္နယ္အစိုးရအဖြဲ႔က ေတြ႔ဆံုၿပီး တစ္ဦးလွ်င္ က်ပ္ႏွစ္ေသာင္းႏႈန္း ေထာက္ပံ့ေၾကာင္း သိရသည္။

ကယားျပည္နယ္မွ သင္တန္းသား/သူ (၂၈)ဦး၊ လူငယ္သင္တန္းေက်ာင္းႏွင့္ အေထာက္အပံ့ခံ ေက်ာင္းမ်ားမွ သင္တန္းသား/သူ(၆)ဦး စုစုေပါင္း(၃၄)ဦးတုိ႔အား ရန္ကုန္ႏွင့္ စစ္ကိုင္းၿမိဳ႕မ်ားတြင္ ဖြင့္လွစ္ထားသည့္ ျပည္ေထာင္စုတုိင္းရင္းသားလူငယ္မ်ား စြမ္းရည္ဖြံ႕ၿဖိဳးေရးဒီဂရီေကာလိပ္မ်ားသို႔ လုိက္ပါပို႔ေဆာင္ေပးမည္ျဖစ္ၿပီး အဆိုပါသင္တန္းသူ၊သင္တန္းသားမ်ားအား ကယားျပည္နယ္အစုိးရအဖြဲ႕၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာ ဝန္ႀကီး၊ စည္ပင္သာယာေရးႏွင့္ လူမႈေရးဝန္ႀကီးတို႔က တစ္ဦးလ်ွင္ က်ပ္(၂၀၀၀၀)ႏႈန္း ေထာက္ပံ့ေပးေၾကာင္း သိရသည္။

သင္တန္းသူ၊သင္တန္းသားမ်ားအား ကယားျပည္နယ္အတြင္း ၿမိဳ႕နယ္ (၇) ခုလုံးမွ ပါဝင္တက္ေရာက္ႏိုင္ေရး ေဆာင္ရြက္ေပးခဲ့ျခင္းျဖစ္ေၾကာင္းသိရၿပီး ကယားျပည္နယ္အစုိးရအဖြဲ႕၊ ျပည္နယ္၀န္ႀကီးခ်ဳပ္၊ ျပည္နယ္တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္၊ ျပည္နယ္အစုိးရအဖြဲ႕၀င္ ၀န္ၾကီးမ်ား၊ ျပည္နယ္ ဥပေဒခ်ဳပ္၊ ျပည္နယ္စာရင္းစစ္ခ်ဳပ္၊ ျပည္နယ္အစိုးရအဖြဲ႔ အတြင္းေရးမွဴးတို႔က သင္တန္းတက္ေရာက္မည့္သူမ်ားအား ေတြ႔ဆံုပြဲကို ႏိုဝင္ဘာလ (၄)ရက္ေန႔က က်င္းပခဲ့သည္။

ဓါတ္ပံု - ျပည္နယ္အစိုးရ
သတင္း - အင္မိုင္ခ


~~~~~~~~⊰❂ unicode ~~~~~~~~

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များသို့ ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်တွင် တက်ရောက်ခွင့်ရသည့် ကယားပြည်နယ် (၇)မြို့နယ်မှ သင်တန်းသား/သူ (၃၄)ဦးအား ကယားပြည်နယ်အစိုးရအဖွဲ့က တွေ့ဆုံပြီး တစ်ဦးလျှင် ကျပ်နှစ်သောင်းနှုန်း ထောက်ပံ့ကြောင်း သိရသည်။

ကယားပြည်နယ်မှ သင်တန်းသား/သူ (၂၈)ဦး၊ လူငယ်သင်တန်းကျောင်းနှင့် အထောက်အပံ့ခံ ကျောင်းများမှ သင်တန်းသား/သူ(၆)ဦး စုစုပေါင်း(၃၄)ဦးတို့အား ရန်ကုန်နှင့် စစ်ကိုင်းမြို့များတွင် ဖွင့်လှစ်ထားသည့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များသို့ လိုက်ပါပို့ဆောင်ပေးမည်ဖြစ်ပြီး အဆိုပါသင်တန်းသူ၊သင်တန်းသားများအား ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးတို့က တစ်ဦးလျှင် ကျပ်(၂၀၀၀၀)နှုန်း ထောက်ပံ့ပေးကြောင်း သိရသည်။

သင်တန်းသူ၊သင်တန်းသားများအား ကယားပြည်နယ်အတွင်း မြို့နယ် (၇) ခုလုံးမှ ပါဝင်တက်ရောက်နိုင်ရေး ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရပြီး ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က သင်တန်းတက်ရောက်မည့်သူများအား တွေ့ဆုံပွဲကို နိုဝင်ဘာလ (၄)ရက်နေ့က ကျင်းပခဲ့သည်။

ဓာတ်ပုံ - ပြည်နယ်အစိုးရ
သတင်း - အင်မိုင်ခ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~