ေက်ာက္မဲၿမိဳ႕ အေျမာက္တပ္အနီး ပန္းၿခံေရွ႕တြင္ မေပါက္ကြဲေသးသည့္ လက္လုပ္မုိင္းတစ္လံုး ထပ္မံေတြ႕ရိွ

ေက်ာက္မဲၿမိဳ႕ အေျမာက္တပ္အနီး ပန္းၿခံေရွ႕တြင္ မေပါက္ကြဲေသးသည့္ လက္လုပ္မုိင္းတစ္လံုး ထပ္မံေတြ႕ရိွ
နိုဝင်ဘာ 28, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕အဝင္ရွိ အမွတ္(၃၅၂)အေျမာက္တပ္ေရွ႕ မ်က္ႏွာခ်င္းဆိုင္ရိွ နႏၵမာလာပန္းၿခံေရွ႕တြင္ မေပါက္ကြဲေသးသည့္ လက္လုပ္မုိင္း တစ္လံုးအား ႏို၀င္ဘာလ (၂၈)ရက္ေန႔ နံနက္က စစ္ေဆးေတြ႔ရိွရသျဖင့္ သက္ဆုိင္ရာက ရွင္းလင္းၿပီးျဖစ္ေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕ ရပ္ကြက္ (၁)ရိွ နႏၵမာလာပန္းၿခံေရွ႕တြင္ အဝါေရာင္ပလတ္စတစ္ပံုးတစ္လံုးအား ေတြ႔ရိွရသျဖင့္ ရဲတပ္ဖြဲ႕ႏွင့္ တပ္မေတာ္မွသက္ဆုိင္ရာအဖြဲ႕တို႕ပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ စစ္ေဆးရာ သံတိုသံစမ်ား၊ ယမ္းမ်ားထည့္ထားၿပီး ဓါတ္ခဲ၊ ဝါယာႀကိဳးမ်ားျဖင့္ ခ်ိတ္ဆက္လွ်က္ ျပဳလုပ္ထားသည့္ မေပါက္ကြဲေသးေသာ လက္လုပ္မိုင္းတစ္လံုးျဖစ္သည္ကို စစ္ေဆးေတြ႔ရိွရျခင္း ျဖစ္ေၾကာင္း သိရသည္။

အမွတ္ (၃၅၂) အေျမာက္တပ္ေရွ႕ၿခံစည္းရိုးႏွင့္ ပေလာက္ေဖာင္းၾကားတြင္ ႏိုဝင္ဘာလ (၂၇)ရက္ေန႔ ည(၈)နာရီ (၄၅)မိနစ္ခန္႔ကလည္း ေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့သျဖင့္ ရဲတပ္ဖြဲ႕ႏွင့္ တပ္မေတာ္သက္ဆုိင္ရာအဖြဲ႕တို႔က ရွာေဖြရွင္းလင္းမႈမ်ား လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။

"မိုင္းကြဲတာ လူထိခိုက္မႈမရိွဘူး။ အုတ္တံတုိင္းေတာ့ တစ္ခန္းေလာက္ ၿပိဳက်သြားတယ္။ ရွာေဖြရွင္းလင္းမႈေတြေတာ့ လုပ္ေနပါတယ္" ဟု ေက်ာက္မဲၿမိဳ႕မစခန္းမွ တာဝန္ရိွသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ အတည္ျပဳေျပာၾကားသည္။

အဆိိုပါ ညပိုင္းေပါက္ကြဲမႈျဖစ္ပြားရာအနီးရိွ တပ္ၿခံစည္းရိုးအုတ္တံတုိင္းၿပိဳက်မႈျဖစ္ပြားခဲ့ၿပီး အနီးဝန္းက်င္တြင္ သံတိုသံစမ်ားေတြ႕ရသျဖင့္ လက္လုပ္မုိင္းေပါက္ကြဲျခင္းျဖစ္သည္ဟု ယူဆရေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။

အဆုိပါ ေပါက္ကြဲမႈႏွင့္ပတ္သက္၍ စံုစမ္းရွာေဖြမႈမ်ား ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲမြို့ အမြောက်တပ်အနီး ပန်းခြံရှေ့တွင် မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းတစ်လုံး ထပ်မံတွေ့ရှိ
********
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့အဝင်ရှိ အမှတ်(၃၅၂)အမြောက်တပ်ရှေ့ မျက်နှာချင်းဆိုင်ရှိ နန္ဒမာလာပန်းခြံရှေ့တွင် မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း တစ်လုံးအား နိုဝင်ဘာလ (၂၈)ရက်နေ့ နံနက်က စစ်ဆေးတွေ့ရှိရသဖြင့် သက်ဆိုင်ရာက ရှင်းလင်းပြီးဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့ ရပ်ကွက် (၁)ရှိ နန္ဒမာလာပန်းခြံရှေ့တွင် အဝါရောင်ပလတ်စတစ်ပုံးတစ်လုံးအား တွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့နှင့် တပ်မတော်မှသက်ဆိုင်ရာအဖွဲ့တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးရာ သံတိုသံစများ၊ ယမ်းများထည့်ထားပြီး ဓါတ်ခဲ၊ ဝါယာကြိုးများဖြင့် ချိတ်ဆက်လျှက် ပြုလုပ်ထားသည့် မပေါက်ကွဲသေးသော လက်လုပ်မိုင်းတစ်လုံးဖြစ်သည်ကို စစ်ဆေးတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

အမှတ် (၃၅၂) အမြောက်တပ်ရှေ့ခြံစည်းရိုးနှင့် ပလောက်ဖောင်းကြားတွင် နိုဝင်ဘာလ (၂၇)ရက်နေ့ ည(၈)နာရီ (၄၅)မိနစ်ခန့်ကလည်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သဖြင့် ရဲတပ်ဖွဲ့နှင့် တပ်မတော်သက်ဆိုင်ရာအဖွဲ့တို့က ရှာဖွေရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

"မိုင်းကွဲတာ လူထိခိုက်မှုမရှိဘူး။ အုတ်တံတိုင်းတော့ တစ်ခန်းလောက် ပြိုကျသွားတယ်။ ရှာဖွေရှင်းလင်းမှုတွေတော့ လုပ်နေပါတယ်" ဟု ကျောက်မဲမြို့မစခန်းမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။

အဆိိုပါ ညပိုင်းပေါက်ကွဲမှုဖြစ်ပွားရာအနီးရှိ တပ်ခြံစည်းရိုးအုတ်တံတိုင်းပြိုကျမှုဖြစ်ပွားခဲ့ပြီး အနီးဝန်းကျင်တွင် သံတိုသံစများတွေ့ရသဖြင့် လက်လုပ်မိုင်းပေါက်ကွဲခြင်းဖြစ်သည်ဟု ယူဆရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်၍ စုံစမ်းရှာဖွေမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~