ကိုရင္ႏွစ္ပါးစီးလာသည့္ ဆိုင္ကယ္ႏွင့္ေမာ္ေတာ္ယာဥ္တို႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိရာမွ ကိုရင္ႏွစ္ပါး မယ္ဆိုင္ေဆးရံုတြင္ ေဆးကုသေနရ

ကိုရင္ႏွစ္ပါးစီးလာသည့္ ဆိုင္ကယ္ႏွင့္ေမာ္ေတာ္ယာဥ္တို႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိရာမွ ကိုရင္ႏွစ္ပါး မယ္ဆိုင္ေဆးရံုတြင္ ေဆးကုသေနရ
နိုဝင်ဘာ 18, 2017
By Tachileik News Agency

တာခ်ီလိတ္ခရိုင္၊ က်ဳိင္းလပ္ၿမိဳ႕ ၊ နမ့္ကိုင္းေက်းရြာ ႏွင့္ ေကာ္ေကာ့ေက်းရြာအၾကားတြင္ ႏို၀င္ဘာလ(၁၈)ရက္ေန႔ ေန႔လယ္ပိုင္းက ကိုရင္ႏွစ္ပါး ေမာင္းလာသည့္ ဆိုင္ကယ္ ႏွင့္ ဟိုင္းလပ္ယာဥ္တို႔ မ်က္ႏွာခ်င္းဆိုင္ တိုက္မိရာမွ ဆိုင္ကယ္ေပၚတြင္ ပါသည့္ ကိုရင္ႏွစ္ပါးမွာ ဒဏ္ရာမ်ားရရွိကာ ထိုင္းႏိုင္ငံ မယ္ဆိုင္ေဆးရံုသို႔ ပို႔ေဆာင္ထားရေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ၂၀၁၇ခုႏွစ္ ႏို၀င္ဘာလ(၁၈)ရက္ေန႔ ေန႔လယ္(၁)နာရီခြဲ၀န္းက်င္အခ်ိန္က က်ဳိင္းလပ္ၿမိဳ႕၊ မိုင္းပါလွ်ဳိးေက်းရြာအုပ္စု၊ နမ့္ကိုင္းေက်းရြာ ႏွင့္ ေကာ္ေကာ့ေက်းရြာအၾကားရွိ တာေလၿမိဳ႕ဘက္သို႔ အသက္(၁၄)ႏွစ္အရြယ္ ဖအြန္တစ္ ေမာင္းႏွင္ၿပီး အေနာက္မွ လိုက္ပါ စီးနင္းလာသည့္ အသက္(၁၅)ႏွစ္ရွိ ဖခမ္ဆုတို႔၏ ဆိုင္ကယ္ႏွင့္ မိုင္းလင္း(ေရွ႕)ေက်းရြာအုပ္စုေန ဦးျမင့္ဦး ေမာင္းႏွင္လာသည့္ ISUZU ခဲေရာင္ ဟိုင္းလပ္ယာဥ္တို႔ လမ္းမေပၚတြင္ မ်က္ႏွာခ်င္းဆိုင္ တိုက္မိျခင္း ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ျဖစ္ပြားမႈေၾကာင့္ ဆိုင္ကယ္ေမာင္းသူ ဖအြန္တစ္မွာ ဦးေခါင္းယာဖက္ေပါက္ၿပဲဒဏ္ရာ၊ ၀ဲဘက္ ဒူးေပါက္ၿပဲ ဒဏ္ရာ ၊ နဖူးေပါက္ၿပဲဒဏ္ရာမ်ားရရွိၿပီး ဆိုင္ကယ္အေနာက္တြင္ လိုက္ပါလာသူ ဖခမ္ဆုမွာ ၀ဲဘက္ လက္ေပါက္ၿပဲ ဒဏ္ရာမ်ား အသီးသီးရရွိသြားေၾကာင္း သိရသည္။

ဒဏ္ရာရရွိသူ ကိုရင္(၂)ပါးအား တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုးႏွင့္ အသင္းသားမ်ားက တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုမွ တစ္ဆင့္ ထိုင္းႏိုင္ငံ မယ္ဆိုင္ေဆးရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေမာ္ေတာ္ယာဥ္ေမာင္းျဖစ္သူ အသက္(၅၁)ႏွစ္ရွိ ဦးျမင့္ဦးအား မိုင္းပါလွ်ဳိးနယ္ေျမရဲစခန္းတြင္ ယာဥ္(ပ) ၃/၂၀၁၇ ရာဇာသတ္ႀကီး ဥပေဒပုဒ္မ ၂၉၇/၃၃၇/၃၃၈ တို႔ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း ၊ က်ဳိင္းလပ္ ေထြ/အုပ္



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ နမ့်ကိုင်းကျေးရွာ နှင့် ကော်ကော့ကျေးရွာအကြားတွင် နိုဝင်ဘာလ(၁၈)ရက်နေ့ နေ့လယ်ပိုင်းက ကိုရင်နှစ်ပါး မောင်းလာသည့် ဆိုင်ကယ် နှင့် ဟိုင်းလပ်ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိရာမှ ဆိုင်ကယ်ပေါ်တွင် ပါသည့် ကိုရင်နှစ်ပါးမှာ ဒဏ်ရာများရရှိကာ ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၁၈)ရက်နေ့ နေ့လယ်(၁)နာရီခွဲဝန်းကျင်အချိန်က ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးကျေးရွာအုပ်စု၊ နမ့်ကိုင်းကျေးရွာ နှင့် ကော်ကော့ကျေးရွာအကြားရှိ တာလမြေို့ဘက်သို့ အသက်(၁၄)နှစ်အရွယ် ဖအွန်တစ် မောင်းနှင်ပြီး အနောက်မှ လိုက်ပါ စီးနင်းလာသည့် အသက်(၁၅)နှစ်ရှိ ဖခမ်ဆုတို့၏ ဆိုင်ကယ်နှင့် မိုင်းလင်း(ရှေ့)ကျေးရွာအုပ်စုနေ ဦးမြင့်ဦး မောင်းနှင်လာသည့် ISUZU ခဲရောင် ဟိုင်းလပ်ယာဉ်တို့ လမ်းမပေါ်တွင် မျက်နှာချင်းဆိုင် တိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖြစ်ပွားမှုကြောင့် ဆိုင်ကယ်မောင်းသူ ဖအွန်တစ်မှာ ဦးခေါင်းယာဖက်ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက် ဒူးပေါက်ပြဲ ဒဏ်ရာ၊ နဖူးပေါက်ပြဲဒဏ်ရာများရရှိပြီး ဆိုင်ကယ်အနောက်တွင် လိုက်ပါလာသူ ဖခမ်ဆုမှာ ဝဲဘက် လက်ပေါက်ပြဲ ဒဏ်ရာများ အသီးသီးရရှိသွားကြောင်း သိရသည်။

ဒဏ်ရာရရှိသူ ကိုရင်(၂)ပါးအား တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးနှင့် အသင်းသားများက တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ တစ်ဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မော်တော်ယာဉ်မောင်းဖြစ်သူ အသက်(၅၁)နှစ်ရှိ ဦးမြင့်ဦးအား မိုင်းပါလျှိုးနယ်မြေရဲစခန်းတွင် ယာဉ်(ပ) ၃/၂၀၁၇ ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၂၉၇/၃၃၇/၃၃၈ တို့ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း၊ ကျိုင်းလပ် ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~