လမ္းေဘးရပ္ထားသည့္ ယာဥ္အား ဝင္တုိက္မိသည့္ ၂၂ ဘီးယာဥ္မွ ယာဥ္ေမာင္းေသဆံုးၿပီး ယာဥ္အကူ ထြက္ေျပးေန

လမ္းေဘးရပ္ထားသည့္ ယာဥ္အား ဝင္တုိက္မိသည့္ ၂၂ ဘီးယာဥ္မွ ယာဥ္ေမာင္းေသဆံုးၿပီး ယာဥ္အကူ ထြက္ေျပးေန
နိုဝင်ဘာ 19, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ကြတ္ခိုင္ၿမိဳ႕နယ္ နမ့္ဖတ္လြန္းေက်းရြာအနီးတြင္ ႏိုဝင္ဘာလ(၁၈)ရက္ေန႔ ညက လမ္းေဘးတြင္ ရပ္ထားသည့္ ေျမေကာ္ယာဥ္အား ေျပာင္းဆံႏွင့္ သစ္တံုးမ်ားတင္လာသည့္ (၂၂)ဘီးယာဥ္က ဝင္တုိက္မိၿပီး ယာဥ္ေမာင္းေသဆံုးသြားကာ ယာဥ္အကူထြက္ေျပးေနေၾကာင္း သိရသည္။

“ျဖစ္တာကေတာ့ မေန႔ည (၁၈)ရက္ေန႔ညသန္းေခါင္ေလာက္မွာ ျဖစ္တာ။ ကၽြန္ေတာ္ေတာ္တို႔ အသင္းကို ဒီမနက္ပိုင္းမွ အေၾကာင္းၾကားလာတဲ့အတြက္ သိရတာပါ။ ေသဆံုးသူက တံခါးနဲ႔ညႇပ္ေနတဲ့အတြက္ ခက္ခက္ခဲခဲဆြဲထုတ္ၿပီး သယ္ေဆာင္ၿပီးေတာ့ ျပည္သူ႔ေဆးရံုရင္ခြဲရံုကို ပို႔ေဆာင္ေပးထားပါတယ္”ဟု ျဗဟၼစိုရ္ လူမႈကူညီေရးအသင္း ( ကြတ္ခိုင္)မွ အသင္းဥကၠဌ ဦးတင္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကြတ္ခိုင္ၿမိဳ႕ဘက္မွ မူဆယ္ၿမိဳ႕ဘက္သို႔ ေျပာင္းဆံအိတ္မ်ားသယ္လာသည့္ (၂၂)ဘီးယာဥ္သည္ နမ့္ဖတ္လြန္းေက်းရြာအနီး ျပည္ေထာင္စုလမ္းမႀကီး နံေဘးတြင္ ရပ္တန္႔ထားသည့္ ေျမေကာ္ယာဥ္အား ဝင္တုိက္ခဲ့မိျခင္းျဖစ္ေၾကာင္း သိရၿပီး (၂၂)ဘီးယာဥ္မွ ယာဥ္အကူမွာ ထြက္ေျပးသြားေၾကာင္း သိရသည္။
ဝင္တုိက္မိသည့္ (၂၂)ဘီးယာဥ္ေပၚတြင္ ေျပာင္းဆံအိတ္မ်ားႏွင့္အတူ သစ္တံုးမ်ား တင္ေဆာင္ထားသည္ကို ေတြ႔ရွိရေၾကာင္း သိရသည္။

အဆိုပါယာဥ္တုိက္မႈႏွင့္ပတ္သက္၍ နယ္ေျမရဲစခန္းက အမႈဖြင့္ေဆာင္ရြက္ႏိုင္ရန္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု -  ျဗမၼစိုရ္လူမႈကူညီေရးအသင္း(ကြတ္ခိုင္)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် နမ့်ဖတ်လွန်းကျေးရွာအနီးတွင် နိုဝင်ဘာလ(၁၈)ရက်နေ့ ညက လမ်းဘေးတွင် ရပ်ထားသည့် မြေကော်ယာဉ်အား ပြောင်းဆံနှင့် သစ်တုံးများတင်လာသည့် (၂၂)ဘီးယာဉ်က ဝင်တိုက်မိပြီး ယာဉ်မောင်းသေဆုံးသွားကာ ယာဉ်အကူထွက်ပြေးနေကြောင်း သိရသည်။

“ဖြစ်တာကတော့ မနေ့ည (၁၈)ရက်နေ့ညသန်းခေါင်လောက်မှာ ဖြစ်တာ။ ကျွန်တော်တော်တို့ အသင်းကို ဒီမနက်ပိုင်းမှ အကြောင်းကြားလာတဲ့အတွက် သိရတာပါ။ သေဆုံးသူက တံခါးနဲ့ညှပ်နေတဲ့အတွက် ခက်ခက်ခဲခဲဆွဲထုတ်ပြီး သယ်ဆောင်ပြီးတော့ ပြည်သူ့ဆေးရုံရင်ခွဲရုံကို ပို့ဆောင်ပေးထားပါတယ်”ဟု ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း ( ကွတ်ခိုင်)မှ အသင်းဥက္ကဌ ဦးတင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကွတ်ခိုင်မြို့ဘက်မှ မူဆယ်မြို့ဘက်သို့ ပြောင်းဆံအိတ်များသယ်လာသည့် (၂၂)ဘီးယာဉ်သည် နမ့်ဖတ်လွန်းကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီး နံဘေးတွင် ရပ်တန့်ထားသည့် မြေကော်ယာဉ်အား ဝင်တိုက်ခဲ့မိခြင်းဖြစ်ကြောင်း သိရပြီး (၂၂)ဘီးယာဉ်မှ ယာဉ်အကူမှာ ထွက်ပြေးသွားကြောင်း သိရသည်။
ဝင်တိုက်မိသည့် (၂၂)ဘီးယာဉ်ပေါ်တွင် ပြောင်းဆံအိတ်များနှင့်အတူ သစ်တုံးများ တင်ဆောင်ထားသည်ကို တွေ့ရှိရကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုနှင့်ပတ်သက်၍ နယ်မြေရဲစခန်းက အမှုဖွင့်ဆောင်ရွက်နိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ - ဗြမ္မစိုရ်လူမှုကူညီရေးအသင်း(ကွတ်ခိုင်)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~