
နိုဝငျဘာ 22, 2017
By 🌸





~~~~~~~~⊰❂ unicode ~~~~~~~~
လွိုင်ကော်မြို့ ကန္ဒာရဝတီဂေါက်ကွင်းအသုံးစရိတ် ကျပ်သိန်းပေါင်း (၂၃၇)ကျော် စိုက်ထုတ်သုံးစွဲထား
********
ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ကန္ဒာရဝတီ ဂေါက်ကွင်း၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ရသုံးငွေစာရင်းတွင် ကျပ်သိန်းပေါင်း (၂၃၇)ကျော် လိုငွေပြနေကြောင်း သိရသည်။

ဂေါက်ကွင်း၏ ၂၀၁၆- ၂၀၁၇ ခုနှစ်ဘဏ္ဍာရေးနှစ်အတွက် တစ်နှစ်တာစာရင်းချုပ်ရငွေမှာ ကျပ်သိန်း (၆၀၀၈၆၃၂၅) ဖြစ်ပြီး သုံးစွဲငွေမှာ ကျပ်သိန်း (၈၃၇၉၈၅၂၈)ရှိသဖြင့် ကျပ်(၂၃၇၁၂၂၀၃)လိုငွေပြနေကြောင်း သိရသည်။

“ လိုငွေအနေနဲ့ကတော့ သိန်းပေါင်းနှစ်ရာသုံးဆယ့် ခုနှစ်သိန်း တစ်သောင်းနှစ်ထောင်နှစ်ရာ ခြောက်ဆယ့်ငါး ဖြစ်ပြီးတော့ ဂေါက်ကလပ်ကနေ စိုက်ထုတ် သုံးစွဲခဲ့ရတာ ဖြစ်ပါတယ်။ စာရင်းရှင်းတမ်းတွေ အသေးစိတ်အချက်အလက်တွေကိုတော့ လွိုင်ကော်ဂေါက်ကလပ်မှာ သေချာထိန်းသိမ်းထားပါတယ် "ဟု  ကယားပြည်နယ် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက လွှတ်တော်တွင် ဖြေကြားခဲ့သည်။

ဒီမော့ဆိုမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်က လွိုင်ကော် ဂေါက်ကွင်း၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် တစ်နှစ်တာရငွေ သုံးငွေ စာရင်းရှင်းတမ်းများကို လွှတ်တော်တွင်မေးမြန်းခဲ့ခြင်း ဖြစ်သည်။

သတင်း၊ဓါတ်ပုံ #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~