ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံသည့် အဖွဲ့တိုင်းတွင် ဆေးမထိုးမီစစ်ဆေးပေးမည့် ဆရာဝန်များပါဝင်မည်ဖြစ်ပြီး နေ့စဉ်ဆေးထိုးပေးသည့် ဦးရေလျှော့ချမည်

ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံသည့် အဖွဲ့တိုင်းတွင် ဆေးမထိုးမီစစ်ဆေးပေးမည့် ဆရာဝန်များပါဝင်မည်ဖြစ်ပြီး နေ့စဉ်ဆေးထိုးပေးသည့် ဦးရေလျှော့ချမည်
နိုဝငျဘာ 20, 2017
By Tachileik News Agency

ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံသည့် အဖွဲ့များတွင် ဆေးမထိုးမီစစ်ဆေးမည့် ဆရာဝန်များ ထည့်သွင်းပြီး ဆေးထိုးအဖွဲ့များအနေဖြင့် တစ်ရက်တာအတွင်း ဆေးထိုးနှံပေးမည့် အရေအတွက်ကိုလည်း လျှော့ချမည်ဖြစ်ကြောင်း သိရသည်။




ကာကွယ်ဆေးထိုးသည့် ဒုတိယမြောက်နေ့ဖြစ်သည့် နိုဝင်ဘာလ (၁၆)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အမှတ် (၂) မှ သတ္တမတန်း ကျောင်းသူတစ်ဦး ကာကွယ်ဆေး ထိုးပြီးသည့်နေ့တွင်ပင် သေဆုံးသွားသဖြင့် စစ်ဆေးမှုများ လုပ်ဆောင်နေပြီး ကာကွယ်ဆေးထိုးအစီအစဉ်တွင် ဆရာဝန်များ စစ်ဆေးခြင်းကို ထည့်သွင်း လိုက်ခြင်းဖြစ်သည်။


ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးအစုလိုက်ထိုးနှံခြင်းလုပ်ငန်း ကျောင်းအခြေပြုအစီအစဉ်အား နိုဝင်ဘာလ (၁၅)ရက်နေ့က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ထိုးနှံပေးခဲ့ရာ နိုဝင်ဘာလ (၁၉)ရက်နေ့အထိ ထိုးနှံပေးခဲ့သည့် ကလေး (၅) သန်းကျော်အနက် မန္တလေးတိုင်းဒေသကြီး တောင်သာမှ (၁) ဦး၊ ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်မှ (၁) ဦးနဲ့ ရှမ်းပြည်နယ် ပင်လောင်းမြို့မှ (၁) ဦးတို့ ပြင်းထန်သည့် လက္ခဏာများဖြစ်ပွားခဲ့သည့်အနက် တောင်သာနှင့် မြောက်ဒဂုံမှ ကလေးနှစ်ဦးမှာ ကနဦး ပြုစုမှုပေးပြီးနောက် ပကတိပြန်ကောင်းသွားခဲ့ကြောင်း သိရသည်။

ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးအား အသက် (၉)လမှ (၁၅)နှစ်အတွင်း ကလေးငယ် (၁၄)သန်းကျော်အား ထိုးနှံပေးရေးအတွက် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးအစီအစဉ်ဖြင့် နိုဝင်ဘာလ (၁၅)ရက်မှ (၂၃)ရက်နေ့အထိ၊ ပြည်သူလူထု အခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်ဖြင့် ဒီဇင်ဘာလ(၁၁)ရက်မှ (၂၀)ရက်နေ့အထိနှင့် သွားလာရန် ခက်ခဲသော ဝေးလံခေါင်းပါးသည့် ဒေသများတွင် နိုဝင်ဘာလ(၁၅)ရက်နေ့မှ ဒီဇင်ဘာလ (၂၁)ရက်နေ့အထိ ထိုးနှံပေးနေခြင်းဖြစ်သည်။


အဆိုပါ ရောဂါဖြစ်ပွားသူ၏ ( ၃၀) ရာခိုင်နှုန်းသည် အသက်ဆုံးရှုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်သည့် ကလေးများမှာ နာတာရှည် ကိုယ်လက်အင်္ဂါ မသန်စွမ်းခြင်း၊ အပြုအမူပိုင်းဆိုင်ရာ၊ အသိဥာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းခြင်းများ ဖြစ်လေ့ရှိကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်


~~~~~~~~⊰❂ unicode ~~~~~~~~

ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံသည့် အဖွဲ့များတွင် ဆေးမထိုးမီစစ်ဆေးမည့် ဆရာဝန်များ ထည့်သွင်းပြီး ဆေးထိုးအဖွဲ့များအနဖြေင့် တစ်ရက်တာအတွင်း ဆေးထိုးနှံပေးမည့် အရေအတွက်ကိုလည်း လျှော့ချမည်ဖြစ်ကြောင်း သိရသည်။

“ကလေးတွေကို ဆေးမထိုးခင်မှာ ဆရာဝန်တွေနဲ့ စစ်ဆေးဖို့၊ ဆေးထိုးပြီးရင်လည်း စနစ်တကျ စောင့်ပြီးတော့မှ ကြည့်ရှုဖို့၊ လိုအပ်ရင် ချက်ချင်းမြန်မြန်ကုနိုင်အောင် ပြင်ထားဖို့၊ နောက် အရေအတွက်ကို နည်းနည်းချင်း ထိုးပေးမယ်။ တစ်ခါထဲ အများကြီး မထိုးဘူးပေါ့နော်။ သတင်းပို့တဲ့စနစ်ကိုလည်း ပိုပြီးမြန်အောင်၊ ဒါမျိုးတွေတော့ လုပ်ထားပါတယ်။ ဒီတော့ ကာကွယ်ဆေးထိုးမယ့်ရက်က ထပ်တိုးဖို့တော့ရှိတယ်။ ဒါကလည်း ဘယ်လောက်ကျန်မလဲ လူဦးရေအပေါ်မူတည်ပြီး ဆုံးဖြတ်ရမှာပါ”ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကာကွယ်ဆေးမထိုးမီ ကလေးများ၏ ကျန်းမာရေးကို စစ်ဆေးအတည်ပြုပေးမည့် ဆရာဝန်များကို ဆေးထိုးအဖွဲ့တိုင်းတွင် ထည့်သွင်းမည်ဖြစ်ရာ လက်ရှိဆေးထိုးအဖွဲ့အရေအတွက်ကိုလည်း လျှော့ချရမည်ဖြစ်သဖြင့် ကာကွယ်ဆေးထိုးနှံပေးမည့်ရက်မှာ ယခင်သတ်မှတ်ကာလထက် ထပ်တိုးရဖွယ်ရှိကြောင်း သိရသည်။

“ဆရာဝန်မလုံလောက်တော့ ဆေးထိုးအဖွဲ့တွေမှာ ဆရာဝန်တွေထည့်ဖို့အတွက် ပြင်ပဆရာဝန်ကို အကူအညီတောင်းပါမယ်။ အခုဆေးထိုးအဖွဲ့တွေကို လျှော့ပါမယ်။ ဆရာဝန်ပါနိုင်တဲ့အဖွဲ့တွေနဲ့ပဲ ဆေးထိုးမှာပါ”ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောသည်။

ကာကွယ်ဆေးထိုးသည့် ဒုတိယမြောက်နေ့ဖြစ်သည့် နိုဝင်ဘာလ (၁၆)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အမှတ် (၂) မှ သတ္တမတန်း ကျောင်းသူတစ်ဦး ကာကွယ်ဆေး ထိုးပြီးသည့်နေ့တွင်ပင် သေဆုံးသွားသဖြင့် စစ်ဆေးမှုများ လုပ်ဆောင်နပြေီး ကာကွယ်ဆေးထိုးအစီအစဉ်တွင် ဆရာဝန်များ စစ်ဆေးခြင်းကို ထည့်သွင်း လိုက်ခြင်းဖြစ်သည်။

“မိဘများအနေနဲ့ စိုးရိမ်တာလည်း စိုးရိမ်ပါ။ ရောဂါကလည်း ကာကွယ်ဖို့တော့ လိုပါတယ်။ ဆေးမထိုးတဲ့ကလေးကတော့ မကာကွယ်နိုင်ဘူးပေါ့နော်။ တစ်ခါတလေ ဒီလို တိုက်ဆိုင်မှုလေးတွေ ဆိုတာကတော့ ကာကွယ်ဆေးမှမဟုတ်ပါဘူး။ ဆေးတိုင်းမှာ ရှိတတ်ပါတယ်။ မိဘတွေအနေနဲ့ ကလေးတွေကို ကာကွယ်ဆေး မထိုးမနေရလို့တော့ သတ်မှတ်မထားဘူး။ ထိုးနိုင်ရင်တော့ မိမိကလေးကို ကာကွယ်နိုင်တယ်။ ကလေးတွေအများကြီးလည်း ထိုးပြီးပါပြီ။ ဒီတော့ မိမိတို့အနေနဲ့ ချင့်ချင့်ချိန်ချိန်လေး စဉ်းစားပြီး ဆုံးဖြတ်ကြပါလို့ တိုက်တွန်းချင်ပါတယ်”ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က တိုက်တွန်းလိုက်သည်။

ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးအစုလိုက်ထိုးနှံခြင်းလုပ်ငန်း ကျောင်းအခြပြေုအစီအစဉ်အား နိုဝင်ဘာလ (၁၅)ရက်နေ့က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ထိုးနှံပေးခဲ့ရာ နိုဝင်ဘာလ (၁၉)ရက်နေ့အထိ ထိုးနှံပေးခဲ့သည့် ကလေး (၅) သန်းကျော်အနက် မန္တလေးတိုင်းဒေသကြီး တောင်သာမှ (၁) ဦး၊ ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်မှ (၁) ဦးနဲ့ ရှမ်းပြည်နယ် ပင်လောင်းမြို့မှ (၁) ဦးတို့ ပြင်းထန်သည့် လက္ခဏာများဖြစ်ပွားခဲ့သည့်အနက် တောင်သာနှင့် မြောက်ဒဂုံမှ ကလေးနှစ်ဦးမှာ ကနဦး ပြုစုမှုပေးပြီးနောက် ပကတိပြန်ကောင်းသွားခဲ့ကြောင်း သိရသည်။

ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးအား အသက် (၉)လမှ (၁၅)နှစ်အတွင်း ကလေးငယ် (၁၄)သန်းကျော်အား ထိုးနှံပေးရေးအတွက် ကျောင်းအခြပြေု ကာကွယ်ဆေးထိုးအစီအစဉ်ဖြင့် နိုဝင်ဘာလ (၁၅)ရက်မှ (၂၃)ရက်နေ့အထိ၊ ပြည်သူလူထု အခြပြေု ကာကွယ်ဆေးထိုး အစီအစဉ်ဖြင့် ဒီဇင်ဘာလ(၁၁)ရက်မှ (၂၀)ရက်နေ့အထိနှင့် သွားလာရန် ခက်ခဲသောေဝးလံခေါင်းပါးသည့် ဒေသများတွင် နို်ဝင်ဘာလ(၁၅)ရက်နေ့မှ ဒီဇင်ဘာလ (၂၁)ရက်နေ့အထိ ထိုးနှံပေးနခြေင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်က ဂျပန်ဦးနှောက်ရောင်ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း(၃၉၃) ဦးရှိခဲ့ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာလကုန်အထိ ရောဂါပိုးတွေ့သူမှာ (၃၀၆ )ဦးရှိခဲ့သဖြင့် ပျောက်ကင်းသည်အထိ ကုသရန်ဆေးမရှိသည့် ဂျပန်ဦးနှောက်ရောင်ရောဂါအား ကာကွယ်ဆေးထိုးကြရန် ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားသည်။

အဆိုပါ ရောဂါဖြစ်ပွားသူ၏ ( ၃၀) ရာခိုင်နှုန်းသည် အသက်ဆုံးရှုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်သည့် ကလေးများမှာ နာတာရှည် ကိုယ်လက်အင်္ဂါ မသန်စွမ်းခြင်း၊ အပြုအမူပိုင်းဆိုင်ရာ၊ အသိဉာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းခြင်းများ ဖြစ်လေ့ရှိကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~