ဆႏၵေဖာ္ထုတ္ေနသူမ်ားကိုေႏွာက္ယွက္သည့္ အမ်ိဳးသမီးအား အမႈဖြင့္

ဆႏၵေဖာ္ထုတ္ေနသူမ်ားကိုေႏွာက္ယွက္သည့္ အမ်ိဳးသမီးအား အမႈဖြင့္
နိုဝင်ဘာ 24, 2017
By Tachileik News Agency

ခြင့္ျပဳခ်က္ရယူ၍ ၿငိမ္းခ်မ္းစြာ ဆႏၵေဖာ္ထုတ္ေနသူမ်ားအား အေႏွာင့္အယွက္္ေပးခဲ့သည္ဟုဆိုကာ အမ်ိဳးသမီးတစ္ဦးအား ဆႏၵထုတ္ေဖာ္ပြဲ လံုၿခံဳေရးတာဝန္ယူထားသည့္ ရဲတပ္ဖြဲ႕ေခါင္းေဆာင္က ႏိုဝင္ဘာလ (၂၃)ရက္ေန႔တြင္ အမႈဖြင့္ထားေၾကာင္း သိရသည္။

"ေႏွာင့္ယွက္တဲ႔အမ်ဳိးသမီးကုိ အေရးယူေပးဖို႕ စလင္းၿမိဳ႕မရဲစခန္းမွာ ကၽြန္ေတာ္ တရားလုိလုပ္ၿပီး တိုင္တန္းခဲ႔တာပါ"ဟု ဆႏၵေဖာ္ထုတ္ပဲြအား လုံျခံဳေရးတာဝန္ယူခဲ့သည့္ ရဲတပ္ဖြဲ႕ေခါင္းေဆာင္ ဒုရဲအုပ္ေက်ာ္ျမင့္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

စလင္းၿမိဳ႕နယ္ရဲတပ္ဖဲြ႕မွဴးရံုး၏ ခြင့္ျပဳခ်က္ရယူကာ ႏိုဝင္ဘာ (၂၃)ရက္ေန႔ နံနက္(၉)နာရီခြဲမွ ညေန(၄) နာရီအထိ စလင္းၿမိဳ႕နယ္တရားရံုးေရွ႕တြင္ ဆႏၵေဖာ္ထုတ္မည့္ အမ်ိဳးသမီးသံုးဦးအား အမ်ိဳးသမီးတစ္ဦးက ေႏွာင့္ယွက္မႈေၾကာင့္ မြန္းလဲြ (၂)နာရီခန္႔တြင္ ဆႏၵေဖာ္ထုတ္မႈကို ရပ္ဆိုင္းခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

မေကြးတိုင္းေဒသႀကီး စလင္းၿမိဳ႕တြင္ တရားမဝင္ ေငြတိုးေခ်းလုပ္ငန္းလုပ္ကိုင္သူႏွင့္ပတ္သက္၍ တရားရံုး ဆံုးျဖတ္ခ်က္ကို မေက်နပ္သည့္ အမ်ိဳးသမီး(၃)ဦးက ႏိုဝင္ဘာ(၂၃)ရက္ေန႔တြင္ ခြင့္ျပဳခ်က္ျဖင့္ ဆႏၵထုတ္ေဖာ္ၾကစဥ္ ၎တို႔အား ဓာတ္ပံုလာရိုက္သူမွာ ရဲတပ္ဖြဲ႕ဝင္ျဖစ္ေၾကာင္း ေျပာဆိုေနၾကရာ ဆႏၵထုတ္ေဖာ္မွဳ အနီးတြင္ရိွေနသည့္ ေဒၚျမတ္ျမတ္မိုးက ဓာတ္ပံုရိုက္သူမွာ ရဲဝန္ထမ္းမဟုတ္ေၾကာင္း အျပန္အလွန္ျငင္းခံုမႈေၾကာင့္ ဆႏၵေဖာ္ထုတ္ပြဲမွာ ေန႔လယ္ (၂)နာရီခန္႔တြင္ ပ်က္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဆႏၵထုတ္ေဖာ္သူမ်ားအား ေႏွာင့္ယွက္သည္ဟုဆိုကာ တုိင္ၾကားသျဖင့္ ေဒၚျမတ္ျမတ္မိုးအား စလင္းၿမိဳ႕မရဲစခန္းတြင္ (ပ)၄၀၅/၂၀၁၇ ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္ျခင္းဆိုင္ရာ ဥပေဒပုဒ္မ ၁၈ ျဖင့္ အမႈဖြင့္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

ခွင့်ပြုချက်ရယူ၍ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသူများအား အနှောင့်အယှက်ပေးခဲ့သည်ဟုဆိုကာ အမျိုးသမီးတစ်ဦးအား ဆန္ဒထုတ်ဖော်ပွဲ လုံခြုံရေးတာဝန်ယူထားသည့် ရဲတပ်ဖွဲ့ခေါင်းဆောင်က နိုဝင်ဘာလ (၂၃)ရက်နေ့တွင် အမှုဖွင့်ထားကြောင်း သိရသည်။

"နှောင့်ယှက်တဲ့အမျိုးသမီးကို အရေးယူပေးဖို့ စလင်းမြို့မရဲစခန်းမှာ ကျွန်တော် တရားလိုလုပ်ပြီး တိုင်တန်းခဲ့တာပါ"ဟု ဆန္ဒဖော်ထုတ်ပွဲအား လုံခြုံရေးတာဝန်ယူခဲ့သည့် ရဲတပ်ဖွဲ့ခေါင်းဆောင် ဒုရဲအုပ်ကျော်မြင့်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စလင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ ခွင့်ပြုချက်ရယူကာ နိုဝင်ဘာ (၂၃)ရက်နေ့ နံနက်(၉)နာရီခွဲမှ ညနေ(၄) နာရီအထိ စလင်းမြို့နယ်တရားရုံးရှေ့တွင် ဆန္ဒဖော်ထုတ်မည့် အမျိုးသမီးသုံးဦးအား အမျိုးသမီးတစ်ဦးက နှောင့်ယှက်မှုကြောင့် မွန်းလွဲ (၂)နာရီခန့်တွင် ဆန္ဒဖော်ထုတ်မှုကို ရပ်ဆိုင်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး စလင်းမြို့တွင် တရားမဝင် ငွေတိုးချေးလုပ်ငန်းလုပ်ကိုင်သူနှင့်ပတ်သက်၍ တရားရုံး ဆုံးဖြတ်ချက်ကို မကျေနပ်သည့် အမျိုးသမီး(၃)ဦးက နိုဝင်ဘာ(၂၃)ရက်နေ့တွင် ခွင့်ပြုချက်ဖြင့် ဆန္ဒထုတ်ဖော်ကြစဉ်၎င်းတို့အား ဓာတ်ပုံလာရိုက်သူမှာ ရဲတပ်ဖွဲ့ဝင်ဖြစ်ကြောင်း ပြောဆိုနကြေရာ ဆန္ဒထုတ်ဖော်မှု အနီးတွင်ရှိနေသည့် ဒေါ်မြတ်မြတ်မိုးက ဓာတ်ပုံရိုက်သူမှာ ရဲဝန်ထမ်းမဟုတ်ကြောင်း အပြန်အလှန်ငြင်းခုံမှုကြောင့် ဆန္ဒဖော်ထုတ်ပွဲမှာ နေ့လယ် (၂)နာရီခန့်တွင် ပျက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်သူများအား နှောင့်ယှက်သည်ဟုဆိုကာ တိုင်ကြားသဖြင့် ဒေါ်မြတ်မြတ်မိုးအား စလင်းမြို့မရဲစခန်းတွင် (ပ)၄၀၅/၂၀၁၇ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~