မိလ္လာ၊အမှိုက်စွန့်ပစ်မှုနှင့် ရေပေးဝေမှုစနစ်ကို စည်ပင်ကော်မတီနှင့် ပြင်သစ်အခြေစိုက် INGO တို့ ပူးပေါင်းကာ မကွေးမြို့တွင် ဆောင်ရွက်မည်

မိလ္လာ၊အမှိုက်စွန့်ပစ်မှုနှင့် ရေပေးဝေမှုစနစ်ကို စည်ပင်ကော်မတီနှင့် ပြင်သစ်အခြေစိုက် INGO တို့ ပူးပေါင်းကာ မကွေးမြို့တွင် ဆောင်ရွက်မည်
နိုဝငျဘာ 17, 2017
By Tachileik News Agency



"မကွေးမြို့မှာ လက်ရှိဆောင်ရွက်နေတဲ့ မိလ္လာအညစ်အကြေး စွန့်ပစ်စနစ်တွေရဲ့ စီမံခန့်ခွဲမှုတွေ၊ အမှိုက်စွန့်ပစ်ရေး စီမံခန့်ခွဲမှုတွေ၊ ရေပေးဝေမှု အခြေအနေတွေကို စာရင်းဇယားအရရော မြေပြင်အခြေအနေအရပါ တိကျတဲ့အချက်အလက်တွေ ကောက်ယူပြီး ရရှိတဲ့အချက်အလက်တွေအရ ဒီထက်ပိုကောင်းအောင်၊ ပိုစနစ်ကျအောင် ပြင်သစ်နိုင်ငံအခြေစိုက် GRET MYANMAR အဖွဲ့က ကူညီပံ့ပိုးပေးနိုင်ဖို့ ဒီအလုပ်ရုံဆွေးနွေးပွဲက ပထမခြေလှမ်းပါပဲ " ဟု မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးဖိုးနီ က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။


"မြို့ပေါ်မှာနေ့စဉ် ကြုံတွေ့နေရတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေ၊ ကျန်းမာရေး ၊ လူမှုရေး၊ အုပ်ချုပ်ရေးပိုင်းနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေ ဘယ်လိုရှိတယ်ဆိုတာ ဒီအလုပ်ရုံဆွေးနွေးပွဲကနေ သိရှိရမှာဖြစ်ပြီး အဲဒီလိုသိရှိမှ ဘာတွေပြင်ဆင်သင့်သလဲဆိုတာ ဆုံးဖြတ်ရမှာပါ " ဟု စီမံကိန်းအရာရှိ Thibaut LE LOC'H (တီးဘောပ်လို(လ်)လော(ခ်)) က ပြောသည်။

အဆိုပါစီမံကိန်းအတွက် လိုအပ်သည့် အချက်အလက်ကောက်ခံခြင်းများကို လွန်ခဲ့သည့် တစ်လခန့်ကတည်းက စတင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရပြီး အလုပ်ရုံဆွေးနွေးပွဲသို့ မကွေးမြို့နယ်စည်ပင်သာယာရေးကော်မတီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ နည်းပညာတက္ကသိုလ်မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #ဖီးနစ်


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးမြို့တွင် မိလ္လာ၊ အမှိုက်စွန့်ပစ်မှုနှင့် ရေပေးဝေမှုများ စနစ်တကျဆောင်ရွက်နိုင်ရန် မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် ပြင်သစ်နိုင်ငံအခြေစိုက် INGO အဖွဲ့အစည်း GRET MYANMAR တို့ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ROSAMUR PROJECT အမည်ဖြင့် ဆောင်ရွက်မည့် အဆိုပါ စီမံချက်အတွက် အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာလ (၁၅)ရက်နေ့က မကွေးမြို့နယ်စည်ပင်သာယာရေးကော်မတီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

"မကွေးမြို့မှာ လက်ရှိဆောင်ရွက်နေတဲ့ မိလ္လာအညစ်အကြေး စွန့်ပစ်စနစ်တွေရဲ့ စီမံခန့်ခွဲမှုတွေ၊ အမှိုက်စွန့်ပစ်ရေး စီမံခန့်ခွဲမှုတွေ၊ ရေပေးဝေမှု အခြေအနေတွေကို စာရင်းဇယားအရရော မြပြေင်အခြေအနေအရပါ တိကျတဲ့အချက်အလက်တွေ ကောက်ယူပြီး ရရှိတဲ့အချက်အလက်တွေအရ ဒီထက်ပိုကောင်းအောင်၊ ပိုစနစ်ကျအောင် ပြင်သစ်နိုင်ငံအခြေစိုက် GRET MYANMAR အဖွဲ့က ကူညီပံ့ပိုးပေးနိုင်ဖို့ ဒီအလုပ်ရုံဆွေးနွေးပွဲက ပထမခြေလှမ်းပါပဲ " ဟု မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးဖိုးနီ က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ စီမံကိန်းမစတင်မီ မကွေးမြို့၏ လက်ရှိအခြေအနေများကို GRET MYANMAR က အချက်အလက်များ ကောက်ယူခြင်းကို လုပ်ဆောင်နေကြောင်း သိရသည်။

"မြို့ပေါ်မှာနေ့စဉ် ကြုံတွေ့နေရတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေ၊ ကျန်းမာရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးပိုင်းနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေ ဘယ်လိုရှိတယ်ဆိုတာ ဒီအလုပ်ရုံဆွေးနွေးပွဲကနေ သိရှိရမှာဖြစ်ပြီး အဲဒီလိုသိရှိမှ ဘာတွပြေင်ဆင်သင့်သလဲဆိုတာ ဆုံးဖြတ်ရမှာပါ " ဟု စီမံကိန်းအရာရှိ Thibaut LE LOC'H (တီးဘောပ်လို(လ်)လော(ခ်)) က ပြောသည်။

အဆိုပါစီမံကိန်းအတွက် လိုအပ်သည့် အချက်အလက်ကောက်ခံခြင်းများကို လွန်ခဲ့သည့် တစ်လခန့်ကတည်းက စတင်ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရပြီး အလုပ်ရုံဆွေးနွေးပွဲသို့ မကွေးမြို့နယ်စည်ပင်သာယာရေးကော်မတီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ နည်းပညာတက္ကသိုလ်မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~