မိုင္းယန္းၿမိဳ႕ မိုင္းယန္း - မုိင္းခတ္လမ္းတြင္ က်ည္ဆန္ ၄၃၅၀ ဖမ္းဆီးရမိၿပီး သယ္ေဆာင္လာသူ ထြက္ေျပးေန

မိုင္းယန္းၿမိဳ႕ မိုင္းယန္း - မုိင္းခတ္လမ္းတြင္ က်ည္ဆန္ ၄၃၅၀ ဖမ္းဆီးရမိၿပီး သယ္ေဆာင္လာသူ ထြက္ေျပးေန
နိုဝင်ဘာ 22, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းယန္းၿမိဳ ႔ မိုင္းေလြေက်းရြာအုပ္စုရိွ ယန္းခိုင္ေက်းရြာအနီး မိုင္းယန္း-မိုင္းခတ္သြားလမ္း မိုင္းတြီေက်းရြာ (အထူးေဒသ-၄)သို႔သြားေသာ လမ္းခြဲအနီးတြင္ က်ည္ဆန္(၄၃၅၀)ေတာင္႔အား ဖမ္းဆီးရမိခဲ႔ၿပီး တရားခံမွာ ထြက္ေျပးလြတ္ေျမာက္လ်က္ရိွေၾကာင္း သိရသည္။

မိုင္းယန္းၿမိဳ႕နယ္ စခန္းမွဴး ဒုရဲမွဴးမင္းေအာင္ ဦးစီးသည္႔အဖြဲ႕က မိုင္းေလြေက်းရြာအုပ္စုအနီး မိုင္းယန္း - မိုင္းခတ္လမ္းတြင္ စစ္ေဆးမႈျပဳလုပ္ေနစဥ္ ယန္းခုိင္ေက်းရြာဘက္မွ အမ်ိဳးသားတစ္ဦး ေမာင္းႏွင္လာေသာ သုံးဘီးဆိုင္ကယ္အား စစ္ေဆးရာ ယာဥ္ေမာင္းျဖစ္သူမွာ အနီးရွိ ေျပာင္းခင္းအတြင္းသို႔ ထြက္ေျပးသြားခဲ႔ျခင္းျဖစ္ေၾကာင္း သိရသည္။
သုံးဘီးဆိုင္ကယ္အား ရွာေဖြစစ္ေဆးရာ ယာဥ္ေပၚတြင္ပါရိွသည္႔ ပီနံအိိတ္ အတြင္းမွ 9MM.PARA CARTRIDGES တံဆိပ္ပါ က်ည္(၅၀)ေတာင္႔ပါ စကၠဴဗူး (၈၇)ဗူး စုစုေပါင္းက်ည္(၄၃၅၀)ေတာင္႔အား စစ္ေဆးေတြ႔ရိွခဲ႔ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင္႔ ပတ္သက္၍ ထြက္ေျပးလြတ္ေျမာက္သြားသူအား အျမန္ဆံုး ဖမ္းဆီးရမိေရး ေဆာင္ရြက္ေနၿပီး မိုင္းယန္းၿမိဳ ႔မရဲစခန္းတြင္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း #ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းယန်းမြို့ မိုင်းယန်း - မိုင်းခတ်လမ်းတွင် ကျည်ဆန် ၄၃၅၀ ဖမ်းဆီးရမိပြီး သယ်ဆောင်လာသူ ထွက်ပြေးနေ
********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းမြို ့ မိုင်းလွေကျေးရွာအုပ်စုရှိ ယန်းခိုင်ကျေးရွာအနီး မိုင်းယန်း-မိုင်းခတ်သွားလမ်း မိုင်းတွီကျေးရွာ (အထူးဒေသ-၄)သို့သွားသော လမ်းခွဲအနီးတွင် ကျည်ဆန်(၄၃၅၀)တောင့်အား ဖမ်းဆီးရမိခဲ့ပြီး တရားခံမှာ ထွက်ပြေးလွတ်မြောက်လျက်ရှိကြောင်း သိရသည်။

မိုင်းယန်းမြို့နယ် စခန်းမှူး ဒုရဲေမှူးမင်းအောင် ဦးစီးသည့်အဖွဲ့က မိုင်းလွေကျေးရွာအုပ်စုအနီး မိုင်းယန်း - မိုင်းခတ်လမ်းတွင် စစ်ဆေးမှုပြုလုပ်နေစဉ် ယန်းခိုင်ကျေးရွာဘက်မှ အမျိုးသားတစ်ဦး မောင်းနှင်လာသော သုံးဘီးဆိုင်ကယ်အား စစ်ဆေးရာ ယာဉ်မောင်းဖြစ်သူမှာ အနီးရှိ ပြောင်းခင်းအတွင်းသို့ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သုံးဘီးဆိုင်ကယ်အား ရှာဖွေစစ်ဆေးရာ ယာဉ်ပေါ်တွင်ပါရှိသည့် ပီနံအိိတ် အတွင်းမှ 9MM.PARA CARTRIDGES တံဆိပ်ပါ ကျည်(၅၀)တောင့်ပါ စက္ကူဗူး (၈၇)ဗူး စုစုပေါင်းကျည်(၄၃၅၀)တောင့်အား စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ထွက်ပြေးလွတ်မြောက်သွားသူအား အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်နေပြီး မိုင်းယန်းမြို ့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~