မေကြးတုိင္း ခရိုင္သံုးခုမွ သိမ္းဆည္းရမိသည့္ သက္တမ္းလြန္မုန္႔မ်ား မီးရိႈ႕ဖ်က္ဆီး

မေကြးတုိင္း ခရိုင္သံုးခုမွ သိမ္းဆည္းရမိသည့္ သက္တမ္းလြန္မုန္႔မ်ား မီးရိႈ႕ဖ်က္ဆီး
နိုဝင်ဘာ 10, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးအတြင္းရွိ ခရိုင္ (၃)ခု၏ ေစ်းကြက္အတြင္းမွ သိမ္းဆည္းရမိထားသည့္ စားသံုးရန္ မသင့္၊ သက္တမ္းလြန္မုန္႔ အမ်ိဳးအမည္ (၆၅)မ်ိဳး၊ အေရအတြက္ (၅၅၇)ခုကို ႏိုဝင္ဘာလ (၁၀)ရက္ေန႔က မေကြးၿမိဳ႕တြင္ ဖ်က္ဆီးလုိက္ေၾကာင္း သိရသည္။

"တိုင္းအတြင္း ဂန္ ့ေဂါခရိုင္၊ ပခုကၠဴခရိုင္နဲ ့ သရက္ခရိုင္ေတြမွာ စားသံုးဖို ့မသင့္တဲ့ သက္ တမ္းလြန္မုန္ ့ ေတြကို ဒီလို အခမ္းအနားနဲ ့ ဖ်က္ဆီးမႈျပဳလုပ္ ၿပီးပါၿပီ။ အခုမေကြးမွာလုပ္တဲ့အခါ ေက်ာင္းမွာလုပ္ရတဲ့ ရည္ရြယ္ခ်က္က ေက်ာင္းသူေက်ာင္းသားေတြအေနနဲ ့ဒီလို မုန္႔ေတြဟာ အႏၲရာယ္ရိွတဲ့အတြက္ စားသံုးဖို ့ မသင့္ဘူးဆိုတဲ့ အသိေပးခ်င္တာေၾကာင့္ပါ"ဟု မေကြးတိုင္းေဒသႀကီး စားသုံးသူေရးရာဦးစီးဌာန ဦးစီးမွဴး ဒုတိယညြန္ႀကားေရးမွဴ း ဦးေက်ာ္စြာဝင္းက ေျပာသည္။

မေကြးတိုင္းေဒသႀကီး စားသုံးသူေရးရာဦးစီးဌာနအေနျဖင့္ ေစ်းကြက္အတြင္း လုိက္လံစစ္ေဆးရာတြင္ ေတြ႔ရိွသည့္ စားသံုးရန္ မသင့္ ကုန္ပစၥည္းမ်ားကို သိမ္းဆည္းျခင္းႏွင့္ ခ်က္ခ်င္းဖ်က္ဆီးျခင္းမ်ားကို လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

"ေဖာ္မလင္သံုးစဲြထားတဲ့ ပဲျပားေတြ သိမ္းဆည္းရမိခဲ့ျခင္းရိွေပမဲ့ ၾကာရွည္အထားခံတဲ့ ပစၥည္းမဟုတ္လို ့ ပိုင္ရွင္ေတြရဲ႕ သေဘာတူညီခ်က္ ရယူၿပီး သိမ္းဆည္းရမိတဲ့ေစ်းအတြင္း မွာပဲ ဖ်က္ဆီးမႈျပဳခဲ့ရပါတယ္" ဟု မေကြးတိုင္းေဒသႀကီး စားသုံးသူေရးရာဦးစီးဌာနမွ တာ ဝန္ရိွသူတစ္ဦးက ေျပာသည္။

အဆိုပါအခမ္းအနားသို႔ မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ေဒါက္တာေအာင္မိုးညိဳ၊ စီမံကိန္း ဘ႑ာေရးႏွင့္ စည္ပင္သာယာေရးဝန္ႀကီး ဦးေဇာ္မင္း၊ မေကြးတိုင္းေဒသႀကီးစားသုံးသူ အျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ႕၊ မေကြးတိုင္း ေဒသႀကီး စားသုံးသူေရးရာဦးစီးဌာန မွ တာဝန္ရွိသူမ်ား၊ ဌာနဆိုင္ရာ အႀကီးအကဲမ်ားႏွင့္ ေက်ာင္းသူေက်ာင္းသားမ်ား တက္ေရာက္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၃)ခု၏ ဈေးကွက်အတွင်းမှ သိမ်းဆည်းရမိထားသည့် စားသုံးရန် မသင့်၊ သက်တမ်းလွန်မုန့် အမျိုးအမည် (၆၅)မျိုး၊ အရေအတွက် (၅၅၇)ခုကို နိုဝင်ဘာလ (၁၀)ရက်နေ့က မကွေးမြို့တွင် ဖျက်ဆီးလိုက်ကြောင်း သိရသည်။

"တိုင်းအတွင်း ဂန့်ဂေါခရိုင်၊ ပခုက္ကူခရိုင်နဲ့ သရက်ခရိုင်တွေမှာ စားသုံးဖို့မသင့်တဲ့ သက် တမ်းလွန်မုန့် တွေကို ဒီလို အခမ်းအနားနဲ့ ဖျက်ဆီးမှုပြုလုပ် ပြီးပါပြီ။ အခုမကွေးမှာလုပ်တဲ့အခါ ကျောင်းမှာလုပ်ရတဲ့ ရည်ရွယ်ချက်က ကျောင်းသူကျောင်းသားတွေအနေနဲ့ဒီလို မုန့်တွေဟာ အန္တရာယ်ရှိတဲ့အတွက် စားသုံးဖို့ မသင့်ဘူးဆိုတဲ့ အသိပေးချင်တာကြောင့်ပါ"ဟု မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဒုတိယညွန်ကြားရေးမှူး ဦးကျော်စွာဝင်းက ပြောသည်။

မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနအနဖြေင့် ဈေးကွက်အတွင်း လိုက်လံစစ်ဆေးရာတွင် တွေ့ရှိသည့် စားသုံးရန် မသင့် ကုန်ပစ္စည်းများကို သိမ်းဆည်းခြင်းနှင့် ချက်ချင်းဖျက်ဆီးခြင်းများကို လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

"ဖော်မလင်သုံးစွဲထားတဲ့ ပဲပြားတွေ သိမ်းဆည်းရမိခဲ့ခြင်းရှိပေမဲ့ ကြာရှည်အထားခံတဲ့ ပစ္စည်းမဟုတ်လို့ ပိုင်ရှင်တွေရဲ့ သဘောတူညီချက် ရယူပြီး သိမ်းဆည်းရမိတဲ့ဈေးအတွင်း မှာပဲ ဖျက်ဆီးမှုပြုခဲ့ရပါတယ်" ဟု မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ စီမံကိန်း ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်း၊ မကွေးတိုင်းဒေသကြီးစားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့၊ မကွေးတိုင်း ဒေသကြီး စားသုံးသူရေးရာဦးစီးဌာန မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကျောင်းသူကျောင်းသားများ တက်ရောက်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~