ကယားျပည္နယ္တြင္း ဘိန္းခင္းဖ်က္ဆီးျခင္း စတင္လုပ္ေဆာင္ေနရာ ဒီးေမာ့ဆိုၿမိဳ႕နယ္မွ ဘိန္းစိုက္ခင္း ဧက ၃၀ အား ဖ်က္ဆီး

ကယားျပည္နယ္တြင္း ဘိန္းခင္းဖ်က္ဆီးျခင္း စတင္လုပ္ေဆာင္ေနရာ ဒီးေမာ့ဆိုၿမိဳ႕နယ္မွ ဘိန္းစိုက္ခင္း ဧက ၃၀ အား ဖ်က္ဆီး
နိုဝင်ဘာ 26, 2017
By Tachileik News Agency

ဘိန္းစိုက္ပ်ိဳးရာသီအစျဖစ္သည့္ ေဆာင္းဦးရာသီတြင္ ေဒသတြင္း ဘိန္းစုိက္္ခင္းမ်ားအား ရွာေဖြဖ်က္ဆီးျခင္း စတင္ေနရာ ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္တြင္းမွ ဘိန္းစိုက္ခင္း ဧက (၃၀)အား ႏိုဝင္ဘာလ (၂၅)ရက္ေန႔က ပူးေပါင္းအဖြဲ႔ျဖင့္ ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။

ဒီးေမာ့ဆိုၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴးဦးေဆာင္သည့္ တပ္ဖြဲ႕ဝင္မ်ား၊ ခလရ(၁၀၂)မွ တပ္မေတာ္သားမ်ား၊ မူးယစ္ေဆးဝါးတား ဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕၊ တပ္ဖြဲ႕ခြဲ ၂၀ (လြိဳင္ေကာ္)မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ဒီးေမာ့ဆိုၿမိဳ႕နယ္ ေဒါေရာက္ခူရြာ အေနာက္ဘက္(၂)မိုင္ခန္႔တြင္ စိုက္ပ်ိဳးထားသည့္ ဘိန္းစိုက္ခင္း (၂၇)ဧက၊ လိုဘာခိုေက်းရြာ အေရွ႕ေျမာက္ဘက္(၄)မိုင္ခန္႔တြင္ စိုက္ပ်ိဳးထားသည့္ ဘိန္းစိန္းခင္း (၁.၅)ဧက၊ ေဆာင္ဒူေက်းရြာ အေရွ႕ေျမာက္ဘက္(၂)မိုင္ခန္႔တြင္ စိုက္ပ်ိဳးထားသည့္ ဘိန္းစိုက္ခင္း (၁.၅)ဧက စုစုေပါင္း ဘိန္းစိုက္ခင္း (၃၀)ဧက တို႔အား ဖ်က္ဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ကယားျပည္နယ္ လိြဳင္ေကာ္၊ ဒီးေမာ့ဆိုႏွင့္ ဖရူဆိုၿမိဳ႕နယ္မ်ားတြင္ ဘိန္းအစားထိုး သီးႏွံစိုက္ပ်ိဳးေရး လုပ္ငန္းကိုလည္း အေကာင္အထည္ေဖၚေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - အင္မိုင္ခ


~~~~~~~~⊰❂ unicode ~~~~~~~~

ဘိန်းစိုက်ပျိုးရာသီအစဖြစ်သည့် ဆောင်းဦးရာသီတွင် ဒေသတွင်း ဘိန်းစိုက်ခင်းများအား ရှာဖွေဖျက်ဆီးခြင်း စတင်နေရာ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင်းမှ ဘိန်းစိုက်ခင်း ဧက (၃၀)အား နိုဝင်ဘာလ (၂၅)ရက်နေ့က ပူးပေါင်းအဖွဲ့ဖြင့် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ် ရဲတပ်ဖွဲ့မှူးဦးဆောင်သည့် တပ်ဖွဲ့ဝင်များ၊ ခလရ(၁၀၂)မှ တပ်မတော်သားများ၊ မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့ခွဲ ၂၀ (လွိုင်ကော်)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီးမော့ဆိုမြို့နယ် ဒေါရောက်ခူရွာ အနောက်ဘက်(၂)မိုင်ခန့်တွင် စိုက်ပျိုးထားသည့် ဘိန်းစိုက်ခင်း (၂၇)ဧက၊ လိုဘာခိုကျေးရွာ အရှေ့မြောက်ဘက်(၄)မိုင်ခန့်တွင် စိုက်ပျိုးထားသည့် ဘိန်းစိန်းခင်း (၁.၅)ဧက၊ ဆောင်ဒူကျေးရွာ အရှေ့မြောက်ဘက်(၂)မိုင်ခန့်တွင် စိုက်ပျိုးထားသည့် ဘိန်းစိုက်ခင်း (၁.၅)ဧက စုစုပေါင်း ဘိန်းစိုက်ခင်း (၃၀)ဧက တို့အား ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်များတွင် ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေး လုပ်ငန်းကိုလည်း အကောင်အထည်ဖော်နခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - အင်မိုင်ခ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~