ေဆးလိပ္ေငြ႔ကင္းစင္နယ္ေျမသတ္မွတ္မႈ ေအာင္ျမင္ေရး ေဒသတြင္း CSO မ်ား ပူးေပါင္းပါဝင္ရန္ ျပည္နယ္အစိုးရ တုိက္တြန္း

ေဆးလိပ္ေငြ႔ကင္းစင္နယ္ေျမသတ္မွတ္မႈ ေအာင္ျမင္ေရး ေဒသတြင္း CSO မ်ား ပူးေပါင္းပါဝင္ရန္ ျပည္နယ္အစိုးရ တုိက္တြန္း
နိုဝင်ဘာ 12, 2017
By Tachileik News Agency

ေဒသတြင္း ေဆးလိပ္ေငြ႕ကင္းစင္နယ္ေျမေအာင္ျမင္စြာ ေဖာ္ေဆာင္ႏုိင္ေရးမွာ ေဒသတြင္း အရပ္ဖက္ အဖြဲ႔မ်ားႏွင့္ ေဒသခံမ်ား၏ အားတက္သေရာပူးေပါင္းပါဝင္မႈလိုအပ္ေၾကာင္း ရွမ္းျပည္နယ္အစိုးရ အဖဲြ႔ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက တိုက္တြန္းေျပာၾကားလုိက္သည္။

“ေဆးလိပ္ေငြ႕ကင္းစင္နယ္ေျမအျဖစ္ ၿမိဳ႕နယ္မ်ားအလိုက္ သတ္မွတ္ထားၿပီး ပညာေပးကာလေတြ ေဆာင္ရြက္ၾကရာမွာ CSO အားက အမ်ားႀကီးလိုပါတယ္။ ပညာေပးကာလက ဘယ္ေလာက္ဆိုၿပီး သတ္မွတ္တာေတာ့ မရိွဘူး။ ၿမိဳ႕နယ္တုိင္းက ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး၊ ၿမိဳ႕နယ္က်န္းမာေရးဌာနမွဴးနဲ႔ CSO ေတြ အားေကာင္းရင္ အားေကာင္းသေလာက္ေတာ့ အဲဒီေဒသက ျမန္ျမန္ေၾကညာႏုိင္တာေပါ့။ ပင္းတယဆိုရင္ ဌာနဆိုင္ရာ အပါအဝင္ လူထု၊ အရပ္ဖက္အဖဲြ႕အစည္းေတြကလည္း အားေကာင္းတယ္။ အားလံုးရဲ႕ ပူးေပါင္းေဆာင္ရြက္မႈအားေကာင္းေတာ့ ျမန္မာႏုိင္ငံမွာ ပထမဆံုး ေဆးလိပ္ေငြ႕ ကင္းစင္နယ္ေျမ အျဖစ္ ေၾကညာႏုိင္ခဲ့တာေပါ့”ဟု ရွမ္းျပည္နယ္အစိုးရအဖဲြ႔ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္အတြင္း ၿမိဳ႕နယ္မ်ားအလုိက္ ေဆးလိပ္ေငြ႕ကင္းစင္ေနရာမ်ားသတ္မွတ္ကာ ပညာေပး ကာလမ်ားအျဖစ္ ဆက္လက္ေဆာင္ရြက္ေနၿပီး ဒုတိယအဆင့္ ေၾကညာႏုိင္မည့္ ေနရာမ်ားအျဖစ္ ပင္လံုၿမိဳ႕ရိွ ပင္လံုေက်ာက္တုိင္ကြင္း၊ ေတာင္ႀကီးၿမိဳ႕ရိွ ေရႊဘုန္းပြင့္ႏွင့္ ကကၠဴဘုရားနယ္ေျမမ်ားအား ရည္ရြယ္ထားေၾကာင္း သိရသည္။

“ ေရႊဘုန္းပြင့္၊ ကကၠဴဘုရားနဲ႔ ပင္လံုရယ္ကိုေတာ့ လံုးဝ ေဆးလိပ္ေငြ႕ကင္းစင္နယ္ေျမအျဖစ္ ေၾကညာနုိင္ဖို႔ ႀကိဳးစားေနတယ္။ က်န္ၿမိဳ႕နယ္တိုင္းမွာ ပညာေပးကာလသတ္မွတ္ လုပ္ေဆာင္ထားပါတယ္။ ပညာေပးကာလ အတြင္းမွာ ပူးေပါင္းကူညီေဆာင္ရြက္ႏုိင္ဖို႔ ေဒသအလုိက္ CSO ေတြကို ပညာေပး ေဆြးေႏြးမႈ သင္တန္းေတြလည္း လုပ္ေပးထားပါတယ္။ ကိုယ့္ေဒသအလုိက္ ေအာင္ျမင္ေအာင္ အေကာင္အထည္ ေဖာ္ႏိုင္ဖို႔က ေဒသတြင္း CSO ေတြ အားေကာင္းမႈအေပၚ မူတည္ေနပါတယ္”ဟု လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက ေျပာသည္။

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)ေဒသမ်ားျဖစ္သည့္ တာခ်ီလိတ္ၿမိဳ႕မွ ေရႊတိဂံုဘုရားပရဝဏ္ႏွင့္ ၿမိဳ႕နယ္ဓမၼာရံု၊ က်ိဳင္းတံုၿမိဳ႕မွ မဟာျမတ္မုနိဘုရားပရဝဏ္ႏွင့္ ဓေမၼာဒယေက်ာင္းတုိက္ပရဝဏ္တို႔ကိုလည္း ေဆးလိပ္ေငြ႕ ကင္းစင္နယ္ေျမမ်ား အျဖစ္ ၂၀၁၇ ခုႏွစ္ စက္တင္ဘာလအတြင္းက စတင္သတ္မွတ္ အေကာင္အထည္ေဖာ္ေနေၾကာင္း သိရသည္။

ေဆးလိပ္ေငြ ့ကင္းစင္နယ္ေျမအတြင္း ေဆးလိပ္ေသာက္ျခင္းေတြ ့ရိွရပါက ဒဏ္ေငြ(၅၀၀၀)က်ပ္ႏွင့္ ေဆးလိပ္ေရာင္းခ်ျခင္း ေတြ ့ရိွပါက ဒဏ္ေငြ(၂)သိန္းက်ပ္ ေပးေဆာင္ရမည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ရိွ (၁၃)ခရိုင္မွ ၿမိဳ႕ေပါင္း(၁၂)ၿမိဳ႕ကို ေဆးလိပ္ေငြ ့ကင္းစင္ ၿမိဳ႕ေတာ္မ်ား ျဖစ္ေပၚလာေရးအတြက္ ျပည္နယ္အစိုးရက ခရိုင္အဆင့္၊ ၿမိဳ႕နယ္အဆင့္ ေဆးလိပ္ေငြ ့ကင္းစင္ေရး ႀကီးၾကပ္မႈ ေကာ္မတီျဖင့္ လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ေဆးလိပ္/ေဆးရြက္ႀကီးထိန္းခ်ဳပ္ေရး အေရွ႕ေတာင္အာရွႏုိင္ငံမ်ား မဟာမိတ္အဖြဲ႕ (South East Asia Tobacco Control Alliance – SEATCA )၏ အဖြဲ႔ဝင္ျဖစ္သည့္ ျမန္မာႏုိင္ငံသည္ ဖိလစ္ပိုင္ႏုိင္ငံတြင္ က်င္းပခဲ့သည့္ အာဆီယံႏုိင္ငံမ်ား၏ ေဆးလိပ္/ေဆးရြက္ႀကီးထိန္းခ်ဳပ္ေရး ေဒသတြင္း တတိယအႀကိမ္ အစည္းအေဝးတြင္ ေဆးလိပ္ေငြ႕ကင္းစင္ေဒသ (၃)ေနရာေဖာ္ေဆာင္ရန္ ေၾကညာခဲ့သည့္ သေဘာ တူညီခ်က္အရ မႏၱေလးတိုင္း ေဒသႀကီး အတြင္းရိွ ပုဂံေရွးေဟာင္း ယဥ္ေက်းမႈနယ္ေျမ၊ ရွမ္းျပည္နယ္အတြင္း အင္းေလးေဒသႏွင့္ ပင္းတယ လွိဳဏ္ဂူနယ္ေျမတို႔အား ေဆးလိပ္ေငြ႕ ကင္းစင္ေဒသမ်ား အျဖစ္ ၂၀၁၅ ခုႏွစ္ကတည္းက ေၾကညာၿပီး ပညာေပးကာလ ေဆာင္ရြက္ခဲ့သည့္အနက္ ရွမ္းျပည္နယ္မွ ပင္းတယေဒသကို ေဆးလိပ္ေငြ႕ကင္းစင္ေဒသအျဖစ္ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ (၆)ရက္ေန႔တြင္ ကမၻာသို႔ ေၾကညာႏုိင္ခဲ့ျခင္းျဖစ္သည္။

သတင္း #ခ်ယ္ရီထုိက္


~~~~~~~~⊰❂ unicode ~~~~~~~~
ဒေသတွင်း ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအောင်မြင်စွာ ဖော်ဆောင်နိုင်ရေးမှာ ဒေသတွင်း အရပ်ဖက် အဖွဲ့များနှင့် ဒေသခံများ၏ အားတက်သရောပူးပေါင်းပါဝင်မှုလိုအပ်ကြောင်း ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တိုက်တွန်းပြောကြားလိုက်သည်။

“ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် မြို့နယ်များအလိုက် သတ်မှတ်ထားပြီး ပညာပေးကာလတွေ ဆောင်ရွက်ကြရာမှာ CSO အားက အများကြီးလိုပါတယ်။ ပညာပေးကာလက ဘယ်လောက်ဆိုပြီး သတ်မှတ်တာတော့ မရှိဘူး။ မြို့နယ်တိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျန်းမာရေးဌာနမှူးနဲ့ CSO တွေ အားကောင်းရင် အားကောင်းသလောက်တော့ အဲဒီဒေသက မြန်မြန်ကြေညာနိုင်တာပေါ့။ ပင်းတယဆိုရင် ဌာနဆိုင်ရာ အပါအဝင် လူထု၊ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း အားကောင်းတယ်။ အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုအားကောင်းတော့ မြန်မာနိုင်ငံမှာ ပထမဆုံး ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေ အဖြစ် ကြေညာနိုင်ခဲ့တာပေါ့”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အတွင်း မြို့နယ်များအလိုက် ဆေးလိပ်ငွေ့ကင်းစင်နေရာများသတ်မှတ်ကာ ပညာပေး ကာလများအဖြစ် ဆက်လက်ဆောင်ရွက်နပြေီး ဒုတိယအဆင့် ကြေညာနိုင်မည့် နေရာများအဖြစ် ပင်လုံမြို့ရှိ ပင်လုံကျောက်တိုင်ကွင်း၊ တောင်ကြီးမြို့ရှိ ရွှေဘုန်းပွင့်နှင့် ကက္ကူဘုရားနယ်မြေများအား ရည်ရွယ်ထားကြောင်း သိရသည်။

“ ရွှေဘုန်းပွင့်၊ ကက္ကူဘုရားနဲ့ ပင်လုံရယ်ကိုတော့ လုံးဝ ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် ကြေညာနိုင်ဖို့ ကြိုးစားနေတယ်။ ကျန်မြို့နယ်တိုင်းမှာ ပညာပေးကာလသတ်မှတ် လုပ်ဆောင်ထားပါတယ်။ ပညာပေးကာလ အတွင်းမှာ ပူးပေါင်းကူညီဆောင်ရွက်နိုင်ဖို့ ဒေသအလိုက် CSO တွေကို ပညာပေး ဆွေးနွေးမှု သင်တန်းတွေလည်း လုပ်ပေးထားပါတယ်။ ကိုယ့်ဒေသအလိုက် အောင်မြင်အောင် အကောင်အထည် ဖော်နိုင်ဖို့က ဒေသတွင်း CSO တွေ အားကောင်းမှုအပေါ် မူတည်နေပါတယ်”ဟု လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း)ဒေသများဖြစ်သည့် တာချီလိတ်မြို့မှ ရွှေတိဂုံဘုရားပရဝဏ်နှင့် မြို့နယ်ဓမ္မာရုံ၊ ကျိုင်းတုံမြို့မှ မဟာမြတ်မုနိဘုရားပရဝဏ်နှင့် ဓမ္မောဒယကျောင်းတိုက်ပရဝဏ်တို့ကိုလည်း ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေများ အဖြစ် ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်းက စတင်သတ်မှတ် အကောင်အထည်ဖော်နေကြောင်း သိရသည်။

ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအတွင်း ဆေးလိပ်သောက်ခြင်းတွေ့ရှိရပါက ဒဏ်ငွေ(၅၀၀၀)ကျပ်နှင့် ဆေးလိပ်ရောင်းချခြင်း တွေ့ရှိပါက ဒဏ်ငွေ(၂)သိန်းကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်ရှိ (၁၃)ခရိုင်မှ မြို့ပေါင်း(၁၂)မြို့ကို ဆေးလိပ်ငွေ့ကင်းစင် မြို့တော်များ ဖြစ်ပေါ်လာရေးအတွက် ပြည်နယ်အစိုးရက ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဆေးလိပ်ငွေ့ကင်းစင်ရေး ကြီးကြပ်မှု ကော်မတီဖြင့် လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

ဆေးလိပ်/ဆေးရွက်ကြီးထိန်းချုပ်ရေး အရှေ့တောင်အာရှနိုင်ငံများ မဟာမိတ်အဖွဲ့ (South East Asia Tobacco Control Alliance – SEATCA )၏ အဖွဲ့ဝင်ဖြစ်သည့် မြန်မာနိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံများ၏ ဆေးလိပ်/ဆေးရွက်ကြီးထိန်းချုပ်ရေး ဒေသတွင်း တတိယအကြိမ် အစည်းအဝေးတွင် ဆေးလိပ်ငွေ့ကင်းစင်ဒေသ (၃)နေရာဖော်ဆောင်ရန် ကြေညာခဲ့သည့် သဘော တူညီချက်အရ မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၊ ရှမ်းပြည်နယ်အတွင်း အင်းလေးဒေသနှင့် ပင်းတယ လှိုဏ်ဂူနယ်မြေတို့အား ဆေးလိပ်ငွေ့ ကင်းစင်ဒေသများ အဖြစ် ၂၀၁၅ ခုနှစ်ကတည်းက ကြေညာပြီး ပညာပေးကာလ ဆောင်ရွက်ခဲ့သည့်အနက် ရှမ်းပြည်နယ်မှ ပင်းတယဒေသကို ဆေးလိပ်ငွေ့ကင်းစင်ဒေသအဖြစ် ၂၀၁၇ ခုနှစ် သြဂုတ်လ (၆)ရက်နေ့တွင် ကမ္ဘာသို့ ကြေညာနိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း #ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~