ေဘာလခဲၿမိဳ႕နယ္တြင္ ေအာင္ဘာေလထီလက္မွတ္အား မူလသတ္မွတ္ေစ်းထက္ အဆမ်ားစြာျမင့္သည့့္ ေစ်းႏႈန္းျဖင့္ လွည့္လည္ေရာင္းခ်ေန

ေဘာလခဲၿမိဳ႕နယ္တြင္ ေအာင္ဘာေလထီလက္မွတ္အား မူလသတ္မွတ္ေစ်းထက္ အဆမ်ားစြာျမင့္သည့့္ ေစ်းႏႈန္းျဖင့္ လွည့္လည္ေရာင္းခ်ေန
နိုဝင်ဘာ 22, 2017
By 🌸
ကယားျပည္နယ္ ေဘာလခဲၿမိဳ႕နယ္တြင္ ေရႊျမန္မာအမွတ္တံဆိပ္ျဖင့္ ေအာင္ဘာေလထီလက္မွတ္မ်ား  လွည့္လည္ေရာင္းခ်ေနသည့္ လူ(၈)ဦးပါသည့္အဖြဲ႔က (၁၀)ေစာင္တြဲထီအား က်ပ္ေလးေသာင္းအထိ မူလသတ္မွတ္ေစ်းႏႈန္းထက္ အဆမ်ားစြာျမင့္သည့္ ႏႈန္းထားျဖင့္ ေရာင္းခ်ေနေၾကာင္း သိရသည္။

" ကြၽန္မတို႔ကိုက်ေတာ့ ထီဆယ္ေစာင္တြဲေပါ့ေနာ္ ေျခာက္ေထာင္နဲ႔ပဲ ေရာင္းသြားတယ္။ ရြာေတြကိုက်ေတာ့ တစ္မ်ိဳးေပါ့ေနာ္။ သူကဆယ္ေစာင္တြဲကို အရင္ငါးေထာင္နဲ႔ ေရာင္းတယ္။ က်န္တာကိုအေႂကြးထားေပးတယ္။ ဒီေန႔က်ေတာ့ ပိုက္ဆံလိုက္ေကာက္တယ္ေပါ့။ အဲဒါ ခ်ိကြဲ႔ရြာမွာ ဒီေန႔ဆယ္ေယာက္ေလာက္ ေတာ္ေတာ္ေလး ပါသြားတယ္။ ဆယ္ေစာင္တြဲကို ေလးေသာင္းနဲ႔ ေရာင္းသြားတယ္ တစ္ခ်ိဳ႕အိမ္ကိုက် ႏွစ္ေသာင္း၊ သုံးေသာင္းနဲ႔ ေရာင္းသြားတယ္။ သူတို႔ကအေျပာခ်ိဳတယ္ေလ။ အဲဒီလိုဆြဲေဆာင္ၿပီးေရာင္းေတာ့ ရြာသားေတြကလည္း အားနာတတ္တယ္ေလ။ ၿပီးေတာ့ ႐ုိးအၾကေတာ့ အကုန္ပါကုန္တယ္။ ကြၽန္မတို႔ဖုန္းဆက္ၿပီး လွမ္းေျပာတာေတာင္ မမီေတာ့ဘူး ေပးလိုက္ၿပီေပါ့ေနာ္။ သူတို႔က ဒီဖက္မွာ တစ္မ်ိဳးစီ လိမ္ၿပီး ေရာင္းေနၾကတာ "ဟု ေဘာလခဲၿမိဳ႕မွ မႏွင္းလွက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ လူ(၈)ဦးပါသည့္အဖြဲ႔က ေဘာလခဲၿမိဳ႕နယ္တြင္း႐ွိ မိုင္းထမ္း ၊နန္႔ေနာက္ ၊ဝမ္းခ်ယ္၊ ခ်ိကြဲ႔စ ၊ေဆာင္းေလာ့ စသည့္ ေက်းရြာမ်ားတြင္ လွည့့္လည္၍ ေအာင္ဘာေလ ထီမ်ားအား ေဈးႏႈန္းအမ်ိဳးမ်ိဳးျဖင့္ ေရာင္းခ်ရာတြင္ အတင္းအက်ပ္ဝယ္ယူခုိင္းျခင္းမ်ားလည္း ရိွေနေၾကာင္း ေဘာလခဲေဒသခံမ်ားက ဆိုသည္။

" ရြာသားေတြက ႐ုိးတယ္ေလ။ တစ္ခ်ိဳ႕က မဝယ္ခ်င္တာေတာင္ အတင္းဝယ္ခိုင္းတာ။ ရြာကိုဖုန္းဆက္ေျပာေတာ့လည္း ဥကၠဌ နဲ႔တိုင္ပင္ၿပီး လမ္းမွာ ေစာင့္ၿပီးျပန္ေတာင္းၾကမယ္ေပါ့။ ဒါေပမဲ့ ကာယကံရွင္ရြာသားေတြက မလာၾကဘူး။ ရဲစခန္းကိုသြားေျပာျပန္ေတာ့လည္း တကယ္လိမ္ခံရတဲ့ သူေတြလာတိုင္ရင္ တစ္ခုခုလုပ္ေပးလို႔ရေပမဲ့ အခုက သူတို႔က မလာရဲၾကဘူး။ ရြာသားေတြက အဲဒီလိုပဲေလ ေၾကာက္ၾကတယ္။ လိမ္ခံရမွန္း သိသိႀကီးနဲ ့ပိုက္ဆံထုတ္ေပးလိုက္ၾကတာ။ အခုသူတို႔ကိုယ္တိုင္က ဘာမွမလုပ္ေတာ့ ကၽြန္မတို႔ကလည္း ဘာမွလုပ္လို႔မရဘူး ဒါေပမယ့္ တျခားလူေတြ ဆက္လိမ္မခံရေအာင္ေတာ့ သတိေပးခ်င္တာေပါ့။ ဒီမွာေဒသခံေတြေရာင္းတဲ့ ထီဆိုင္ေတြ႐ွိတယ္။ အဲဒီမွာပဲ ဝယ္ၾကတာ အေကာင္းဆုံးပဲ။ ဆယ္ေစာင္တြဲကဘယ္မွာပဲဝယ္ဝယ္ ေျခာက္ေထာင္ပဲေလ" ဟု ေဘာလခဲၿမိဳ႕မွ ေဒသခံတစ္ဦးက ေျပာသည္။

ယခင္ကလည္း ထီေရာင္းခ်သည့္အဖြဲ႕က ေဒသခံတစ္ဦးအား ထီက်ပ္သိန္း (၅၀)ေပါက္သည္ဟုဆိုရာ ေငြထုတ္ရန္ စရံေငြ က်ပ္ (၅)သိန္း လိမ္လည္ေတာင္းခဲ့ဖူးေၾကာင္း သိရသည္။

လက္ရိွ ထီေရာင္းခ်ေနသည့္အဖြဲ႔က ေက်းရြာမ်ားတြင္ ထီလက္မွတ္ ဆယ္ေစာင္တြဲတစ္တြဲအား သုံးေသာင္းက်ပ္၊ ေလးေသာင္းက်ပ္ ၊ ငါးေစာင္တြဲအား ႏွစ္ေသာင္းက်ပ္ျဖင့္ လုိက္လံေရာင္းခ်ေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ဘောလခဲမြို့နယ်တွင် အောင်ဘာလေထီလက်မှတ်အား မူလသတ်မှတ်စျေးထက် အဆများစွာမြင့်သည့့် စျေးနှုန်းဖြင့် လှည့်လည်ရောင်းချနေ
********
ကယားပြည်နယ် ဘောလခဲမြို့နယ်တွင် ရွှေမြန်မာအမှတ်တံဆိပ်ဖြင့် အောင်ဘာလေထီလက်မှတ်များ  လှည့်လည်ရောင်းချနေသည့် လူ(၈)ဦးပါသည့်အဖွဲ့က (၁၀)စောင်တွဲထီအား ကျပ်လေးသောင်းအထိ မူလသတ်မှတ်စျေးနှုန်းထက် အဆများစွာမြင့်သည့် နှုန်းထားဖြင့် ရောင်းချနေကြောင်း သိရသည်။

" ကျွန်မတို့ကိုကျတော့ ထီဆယ်စောင်တွဲပေါ့နော် ခြောက်ထောင်နဲ့ပဲ ရောင်းသွားတယ်။ ရွာတွေကိုကျတော့ တစ်မျိုးပေါ့နော်။ သူကဆယ်စောင်တွဲကို အရင်ငါးထောင်နဲ့ ရောင်းတယ်။ ကျန်တာကိုအကြွေးထားပေးတယ်။ ဒီနေ့ကျတော့ ပိုက်ဆံလိုက်ကောက်တယ်ပေါ့။ အဲဒါ ချိကွဲ့ရွာမှာ ဒီနေ့ဆယ်ယောက်လောက် တော်တော်လေး ပါသွားတယ်။ ဆယ်စောင်တွဲကို လေးသောင်းနဲ့ ရောင်းသွားတယ် တစ်ချို့အိမ်ကိုကျ နှစ်သောင်း၊ သုံးသောင်းနဲ့ ရောင်းသွားတယ်။ သူတို့ကအပြောချိုတယ်လေ။ အဲဒီလိုဆွဲဆောင်ပြီးရောင်းတော့ ရွာသားတွေကလည်း အားနာတတ်တယ်လေ။ ပြီးတော့ ရိုးအကြတော့ အကုန်ပါကုန်တယ်။ ကျွန်မတို့ဖုန်းဆက်ပြီး လှမ်းပြောတာတောင် မမီတော့ဘူး ပေးလိုက်ပြီပေါ့နော်။ သူတို့က ဒီဖက်မှာ တစ်မျိုးစီ လိမ်ပြီး ရောင်းနေကြတာ "ဟု ဘောလခဲမြို့မှ မနှင်းလှက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ လူ(၈)ဦးပါသည့်အဖွဲ့က ဘောလခဲမြို့နယ်တွင်းရှိ မိုင်းထမ်း ၊နန့်နောက် ၊ဝမ်းချယ်၊ ချိကွဲ့စ ၊ဆောင်းလော့ စသည့် ကျေးရွာများတွင် လှည့့်လည်၍ အောင်ဘာလေ ထီများအား ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းချရာတွင် အတင်းအကျပ်ဝယ်ယူခိုင်းခြင်းများလည်း ရှိနေကြောင်း ဘောလခဲဒေသခံများက ဆိုသည်။

" ရွာသားတွေက ရိုးတယ်လေ။ တစ်ချို့က မဝယ်ချင်တာတောင် အတင်းဝယ်ခိုင်းတာ။ ရွာကိုဖုန်းဆက်ပြောတော့လည်း ဥက္ကဌ နဲ့တိုင်ပင်ပြီး လမ်းမှာ စောင့်ပြီးပြန်တောင်းကြမယ်ပေါ့။ ဒါပေမဲ့ ကာယကံရှင်ရွာသားတွေက မလာကြဘူး။ ရဲစခန်းကိုသွားပြောပြန်တော့လည်း တကယ်လိမ်ခံရတဲ့ သူတွေလာတိုင်ရင် တစ်ခုခုလုပ်ပေးလို့ရပေမဲ့ အခုက သူတို့က မလာရဲကြဘူး။ ရွာသားတွေက အဲဒီလိုပဲလေ ကြောက်ကြတယ်။ လိမ်ခံရမှန်း သိသိကြီးနဲ ့ပိုက်ဆံထုတ်ပေးလိုက်ကြတာ။ အခုသူတို့ကိုယ်တိုင်က ဘာမှမလုပ်တော့ ကျွန်မတို့ကလည်း ဘာမှလုပ်လို့မရဘူး ဒါပေမယ့် တခြားလူတွေ ဆက်လိမ်မခံရအောင်တော့ သတိပေးချင်တာပေါ့။ ဒီမှာဒေသခံတွေရောင်းတဲ့ ထီဆိုင်တွေရှိတယ်။ အဲဒီမှာပဲ ဝယ်ကြတာ အကောင်းဆုံးပဲ။ ဆယ်စောင်တွဲကဘယ်မှာပဲဝယ်ဝယ် ခြောက်ထောင်ပဲလေ" ဟု ဘောလခဲမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

ယခင်ကလည်း ထီရောင်းချသည့်အဖွဲ့က ဒေသခံတစ်ဦးအား ထီကျပ်သိန်း (၅၀)ပေါက်သည်ဟုဆိုရာ ငွေထုတ်ရန် စရံငွေ ကျပ် (၅)သိန်း လိမ်လည်တောင်းခဲ့ဖူးကြောင်း သိရသည်။

လက်ရှိ ထီရောင်းချနေသည့်အဖွဲ့က ကျေးရွာများတွင် ထီလက်မှတ် ဆယ်စောင်တွဲတစ်တွဲအား သုံးသောင်းကျပ်၊ လေးသောင်းကျပ် ၊ ငါးစောင်တွဲအား နှစ်သောင်းကျပ်ဖြင့် လိုက်လံရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~