တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္ေဆးေရာင္းသည့္အိမ္အား ရွာေဖြရာ ထုိင္းႏိုင္ငံသားအပါအဝင္ အမ်ိဳးသား ၆ ဦးႏွင့္ စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္ေဆးေရာင္းသည့္အိမ္အား ရွာေဖြရာ ထုိင္းႏိုင္ငံသားအပါအဝင္ အမ်ိဳးသား ၆ ဦးႏွင့္ စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ
နိုဝင်ဘာ 19, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ မယ္ေခါင္ရပ္ကြက္တြင္ မူးယစ္ေဆးျဖန္႔ျဖဴး ေရာင္းခ်သည္ဟု ယူဆရသည့္ေနအိမ္အား ႏိုဝင္ဘာလ (၁၉)ရက္ေန႔တြင္ ရဲတပ္ဖြဲ႕က ပူးေပါင္းအဖြဲ႕ျဖင့္ ဝင္ေရွာက္ရွာေဖြရာ ထုိင္းႏုိင္ငံသား အပါအဝင္ အမ်ိဳးသား (၆)ဦးအား မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀)မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ တာခ်ီလိတ္ၿမိဳ႕၊ မယ္ေခါင္ရပ္ကြက္ရွိ အားျမႇာ၏တိုက္ခန္းအား ေန႔လယ္ပိုင္းတြင္ ဝင္ေရာက္ရွာေဖြရာ အားျမႇာ၊ အိုက္ေနာ္၊ အုိက္ေအ၊ အုိက္ခမ္း၊ ခ်မ္းေျမ႕ႏုိင္(ခ)ခ်မ္းေျမ႕ႏွင့္ ထုိင္းႏုိင္ငံသား Natthapol Partummas တို႔အား ေတြ႔ရိွရၿပီး အခန္းတြင္းမွ WY စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ႂကြေဆးျပား (၄၈)ျပားႏွင့္အတူ မူးယစ္ေဆးသံုးစြဲရာတြင္ အသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ေတြ႔ရေၾကာင္း သိရသည္။

အဆိုပါ အိမ္ခန္းတြင္းမွ ဖမ္းဆီးရမိသူ (၆)ဦးအား ္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၇၃/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/ ၂၀(က)/၂၁ အရ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ
ဓါတ္ပံု #ရဲတပ္ဖြဲ႔

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့တွင် မူးယစ်ဆေးရောင်းသည့်အိမ်အား ရှာဖွေရာ ထိုင်းနိုင်ငံသားအပါအဝင် အမျိုးသား ၆ ဦးနှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်တွင် မူးယစ်ဆေးဖြန့်ဖြူး ရောင်းချသည်ဟု ယူဆရသည့်နေအိမ်အား နိုဝင်ဘာလ (၁၉)ရက်နေ့တွင် ရဲတပ်ဖွဲ့က ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရှောက်ရှာဖွေရာ ထိုင်းနိုင်ငံသား အပါအဝင် အမျိုးသား (၆)ဦးအား မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ အားမြှာ၏တိုက်ခန်းအား နေ့လယ်ပိုင်းတွင် ဝင်ရောက်ရှာဖွေရာ အားမြှာ၊ အိုက်နော်၊ အိုက်အေ၊ အိုက်ခမ်း၊ ချမ်းမြေ့နိုင်(ခ)ချမ်းမြေ့နှင့် ထိုင်းနိုင်ငံသား Natthapol Partummas တို့အား တွေ့ရှိရပြီး အခန်းတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၄၈)ပြားနှင့်အတူ မူးယစ်ဆေးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရကြောင်း သိရသည်။

အဆိုပါ အိမ်ခန်းတွင်းမှ ဖမ်းဆီးရမိသူ (၆)ဦးအား ် တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၇၃/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/ ၂၀(က)/၂၁ အရ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~