တာခ်ီလိတ္ၿမိဳ႕ အာခါေစ်းအေနာက္ဘက္လမ္းေပၚတြင္ မူးယစ္ေဆး၀ါး ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ အာခါေစ်းအေနာက္ဘက္လမ္းေပၚတြင္ မူးယစ္ေဆး၀ါး ဖမ္းဆီးရမိ
နိုဝင်ဘာ 6, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕၊ ၀ိန္းေက်ာက္ရပ္ကြက္၊ အာခါေစ်းအေနာက္ဘက္ လမ္းမေပၚတြင္ အမ်ဳိးသားတစ္ဦးထံက မူးယစ္ေဆး၀ါးမ်ားကို ၂၀၁၇ခုႏွစ္ ႏို၀င္ဘာလ(၆)ရက္ေန႔ နံနက္(၁၀)နာရီ ၀န္းက်င္အခ်ိန္က ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္ ႏွင့္ သက္ဆိုင္ရာမ်ား ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔က အာခါေစ်းအေနာက္ဘက္ လမ္းမေပၚတြင္ ေသာင္းထိုက္(ခ)အာခါေလးအား ရပ္တန္႔စစ္ေဆးရွာေဖြရာ ၎လြယ္ထားသည့္ လြယ္အိတ္အတြင္းထဲမွ Wy စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ၾကြေဆးျပား (၈၀)ျပားႏွင့္ ေရာင္စံုပလတ္စတစ္ပိုက္ျဖတ္စျဖင့္ ထည့္ထားသည့္ အေလးခ်ိန္ (၀.၂)ဂရမ္ခန္႔စီပါသည့္ ဘိန္းျဖဴမွဳန္႔ (၈)ပိုက္ အျပင္ စုစုေပါင္းအေလးခ်ိန္ (၂.၃)ဂရမ္ခန္႔ရွိသည့္ ဘိန္းျဖဴတို႔ကိုလည္း ေတြ႕ရွိ သိမ္းဆည္းရမိေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ လက္၀ယ္ေတြ႕ရွိရသည့္ အသက္(၃၂)ႏွစ္ရွိ ေသာင္းထိုက္(ခ)အာခါေလးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၆၂/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးအနောက်ဘက် လမ်းမပေါ်တွင် အမျိုးသားတစ်ဦးထံက မူးယစ်ဆေးဝါးများကို ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၆)ရက်နေ့ နံနက်(၁၀)နာရီ ဝန်းကျင်အချိန်က ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် နှင့် သက်ဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က အာခါဈေးအနောက်ဘက် လမ်းမပေါ်တွင် သောင်းထိုက်(ခ)အာခါလေးအား ရပ်တန့်စစ်ဆေးရှာဖွေရာ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းထဲမှ Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၈၀)ပြားနှင့် ရောင်စုံပလတ်စတစ်ပိုက်ဖြတ်စဖြင့် ထည့်ထားသည့် အလေးချိန် (ဝ.၂)ဂရမ်ခန့်စီပါသည့် ဘိန်းဖြူမှုန့် (၈)ပိုက် အပြင် စုစုပေါင်းအလေးချိန် (၂.၃)ဂရမ်ခန့်ရှိသည့် ဘိန်းဖြူတို့ကိုလည်း တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသည့် အသက်(၃၂)နှစ်ရှိ သောင်းထိုက်(ခ)အာခါလေးအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၆၂/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~